Menu

Grab Identity နဲ့ Driver App ကို Login လုပ်ပြီး လုပ်ဆောင်ချက်အသစ်တွေကို ရယူလိုက်ပါ!

  1. Grab Identity ဆိုတာဘာလဲ?

Grab Identity (GrabID) ဆိုတာ Grab Partner အဖြစ်သင်စာရင်းသွင်းဝင်ရောက်ခဲ့ရာမှာ ထည့်သွင်းခဲ့တဲ့ သင့်ရဲ့ Gmail address ဖြစ်ပါတယ်။ Email address, Password တွေနဲ့ Grab Driver app ထဲကို Log in ဝင်နိုင်မှာပါ။

  1. ဖုန်းရဲ့ ID (IMEI) ကိုသုံးပြီး Log In လုပ်ထားရင် GrabID ကနေ ဘာလို့ Log In လုပ်သင့်တာလဲ?

ကျွန်တော်တို့ဟာ GrabID နဲ့ မိတ်ဆွေယာဉ်မောင်းတွေအတွက် လုပ်ဆောင်ချက်သစ်တွေကို မကြာခင်မှာ ထုတ်လုပ်ပေးသွားမှာပါ။ အဲ့ဒီအပြင် Grab driver app ရဲ့ လုံခြုံရေးကိုလည်း တိုးမြှင့်တော့မှာဖြစ်လို့ အကောင့်ဖွင့်ထားတဲ့ Gmail နဲ့ Password တွေကို လိုအပ်လာမှာပါ။ GrabID က သင့်ရဲ့ အချက်အလက်တွေ လုံခြုံမှုရှိဖို့အတွက် အရေးပါသလို သင့်ရဲ့ Credit Wallet ထဲကို တခြားသူတွေ ဝင်ရောက်ခြင်းကလည်း ကာကွယ်ပြီးသားပါ။

  1. Grab ကိုဝင်ထားတဲ့ Gmail ရှိပေမယ့် Password မေ့နေတဲ့အခါ ဘယ်လိုလုပ်ရမလဲ?

တကယ်လို့သင့်မှာအကောင့်ရှိပြီး Password မေ့နေတယ်ဆိုရင်အောက်ကအဆင့်တွေအတိုင်း ပြုလုပ်ပါ။

  • အရင်ဆုံး Gmail ထဲကို ဒီနေရာကိုနှိပ်ပြီး ဝင်ရောက်ပါ။
  • Gmail address ကို ရိုက်ထည့်ပြီး “Forgot password?” ဆိုတဲ့လင့်ပေါ် နှိပ်ပါ။ ကုဒ်ကို ဖုန်းထဲသို့ ရယူဖို့ “Send text message” ဆိုတဲ့အပေါ် ထပ်နှိပ်ပါ။

  • သင့်ရဲ့ မိုဘိုင်းလ်ဖုန်းထဲကို SMS အနေနဲ့ ပေးပို့လာတဲ့ ကုဒ် ခြောက်လုံးကို Enter verification code လို့ဖော်ပြထားတဲ့ အောက်ကအကွက်မှာ ရိုက်ထည့်ပါ။ နောက်ပေါ်လာတဲ့ Password ပြောင်းတဲ့နေရာ ရောက်လို့ရှိရင် အသစ်လုပ်မယ့် Password ကိုထည့်သွင်းပါ။ Password အသစ်ဟာ သင့်ရဲ့ email နဲ့ တူညီလို့မရပါဘူး။

  1. Grab မှာထည့်သွင်းထားတဲ့ Gmail ရဲ့ Password ကို Recover လုပ်လို့မရတော့ဘူး။ ဘယ်လိုလုပ်ရမလဲ?

မိမိမှာ Gmail ရှိထားပေမယ့် Password ကို ပြန်ရဖို့ အဆင်မပြေတော့ဘူးဆိုရင် သင့်အနေနဲ့ Gmail အသစ်ဖွင့်ဖို့ လိုအပ်ပါပြီ။

  • ဝက်ဘ်ဆိုက်လင့်ထဲကို ဒီနေရာကိုနှိပ်ပြီး ဝင်ရောက်ပါ။
  • အထဲမှာ ပြထားတဲ့အတိုင်းပဲ Detail တွေကို အပြည့်အစုံထည့်သွင်းပါ။ First Name၊ Last Name ဆိုတဲ့နေရာမှာ သင့်ရဲ့အမည် (ဥပမာ – Min Min) ကို ထည့်သွင်းပါ။ User Name မှာတော့ Gmail ကိုပေးမယ့် Address (ဥပမာ – yangon123@gmail.com) ကိုထည့်သွင်းရမှာပါ။ အမည်တွေ၊ မွေးရက်တွေ၊ မှတ်ပုံတင်အမှတ်တွေကို ရှောင်ရှားပြီး ခိုင်မာတဲ့ Password ကိုထည့်သွင်းပြီးတော့ “Next Step” ကိုနှိပ်ပြီး အဆုံးသတ်ပါ။

  • အကောင့်ပြုလုပ်တဲ့ အဆင့်ပြီးသွားတဲ့ အခါမှာ Grab driver app ရဲ့ GrabID ကို ဝင်ရောက်ပြီး Gmail အသစ်ကို Update လုပ်ဖို့အတွက် ကျွန်တော်တို့ရဲ့ Support Hotline (012399900) ဆက်သွယ်နိုင်ပါတယ်။
  1. Gmail မရှိရင်ဘာလုပ်ရမလဲ?

အကောင့်အသစ်ကို Set up လုပ်ဖို့လိုပါတယ်။ အပေါ်က အဆင့် ၄ ကို လုပ်ရမှာပါ။

  1. GrabID ကို Facebook, Viber ဖုန်းနံပါတ်တွေနဲ့ ဝင်ရောက်နိုင်လား?

မရပါဘူး။ Facebook, Viber တို့ဟာ GrabID ကိုဝင်ရောက်ရာမှာ အကြုံးဝင်မှာ မဟုတ်ပါဘူး။ Gmail  နဲ့သာ Set up လုပ်ပြီး ဝင်ရောက်နိုင်မှာပါ။

  1. GrabID အတွက် Feature အသစ်တွေနဲ့ လုံခြုံရေးလုပ်ဆောင်မှုတွေကို Grab ကနေ စဉ်ဆက်မပြတ် တိုးမြှင့်လုပ်ဆောင်လျက်ရှိနေပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ Grab driver app ကို ဖုန်းရဲ့ ID နဲ့သုံးပြီး ဝင်တာတွေကို ပိတ်ပင်သွားတော့မှာဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း သင့်အနေနဲ့ Grab ရဲ့ ခရီးစဉ်တွေကို GrabID ကနေဆက်လက်ရရှိသွားမှာပါ။
  1. ဖုန်းရဲ့ ID (IMEI) ကိုသုံးပြီး စာရင်းသွင်း (Sign In) လုပ်ပြီးသားဆို ဘယ်လို Sign Out လုပ်မလဲ?

Grab Driver app ကနေ Sign Out လုပ်ဖို့ ပုံမှာ ပြထားတဲ့အတိုင်းထွက်လိုက်ရုံပါပဲ။

  1. GrabID နဲ့ Grab driver app ထဲကို ဘယ်လို Sign In လုပ်ရမလဲ?

သင့်အနေနဲ့ အောက်မှာပြထားတဲ့အတိုင်း အကောင့်ဖွင့်ထားတဲ့ Gmail နဲ့ Password ကိုသုံးပြီး Sign In လုပ်လိုက်ရုံပါပဲ။ သင့်အနေနဲ့ အရင်အတိုင်းပဲ အကောင့်ကို ပြန်လည်အသုံးပြုနိုင်ပါပြီ။