Job Ignore Button ဆိုတာ ဘာလဲ?

Job Ignore Button ဆိုတာ မိတ်ဆွေယာဉ်မောင်းများအတွက် အလုပ်ကိုငြင်းပယ်နိုင်သော ခလုတ်အမျိုးအစားဖြစ်ပါတယ်။

“Auto Accept” အလိုလျောက် အလုပ်လက်ခံခြင်း ကိုဖွင့်ထားပါက ဖော်ပြပါ လုပ်ဆောင်ချက်ကို အသုံးပြုနိုင်မည်မဟုတ်ပါ။

အလုပ်လက်ခံရန် အဆင်သင့်မဖြစ်သေးပဲ အလုပ်ဝင်ရောက်လာပါက ၁၅ စက္ကန့်ကုန်ဆုံးသည်အထိ စောင့်စရာမလိုပဲ အချိန်ကုန်သက်သာစွာ အလုပ်ကို ငြင်းပယ်နိုင်မှာပါ။

မှတ်ချက်။    ။ယာဉ်မောင်းမိတ်ဆွေများအနေဖြင့် Job Ignore Button အသုံးပြုပါက Acceptance Rate အလုပ်လက်ခံနိုင်သောနှုန်းထား ကျဆင်းမည်ဖြစ်ပါသည်။