Instant Cashout လုပ်ဆောင်ချက်အား မိတ်ဆက်ခြင်း

တစ်နေ့တာအတွင်း ရခဲ့တဲ့ Cash Wallet ဝင်ငွေအားလုံးကို ဘဏ်အကောင့်ထဲ ချက်ချင်းလွဲပြောင်းနိုင်ဖို့ဟာ မိတ်ဆွေတို့အားလုံးအလိုချင်ဆုံးပဲ မဟုတ်လား။ မိတ်ဆွေတို့လိုအပ်တာတွေကို အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင် Grab ကလုပ်ဆောင်လျက်ရှိတာကြောင့် မကြာခင်ကာလအတွင်းမှာ Cash Wallet ကနေ ငွေလွဲလိုက်တာနဲ့ မိတ်ဆွေရဲ့ ဘဏ်အကောင့်ထဲကို စက္ကန့်မခြား တိုက်ရိုက်ဝင်ရောက်လာမယ့် “Instant Cash Out” (အမြန်ဆုံးငွေလွဲပြောင်းခြင်း) လုပ်ဆောင်ချက်ကို စမ်းသပ်ကာလအဖြစ် မတ်လ ၆ရက်ကစပြီး ယာဉ်မောင်းအချို့ထံမှာ စတင်ရရှိနေပြီဖြစ်ပါတယ်။

Instant Cashout (အမြန်ဆုံးငွေလွဲပြောင်းခြင်း) လုပ်ဆောင်ချက်ကို တစ်နေ့တစ်ကြိမ် သာအသုံးပြုနိုင်ပြီး မိတ်ဆွေတို့အနေနဲ့ မိမိတို့တစ်နေ့စာ ကားဆွဲထားတဲ့ ထဲက Promo, Grab Pay နဲ့ အခြား Incentive ဝင်ငွေတွေရှိတဲ့ Cash Wallet ထဲကနေ မိမိရဲ့ ဘဏ်အကောင့်ထဲကို ကားသိမ်းတဲ့အချိန်မှာ ဘဏ်အကောင့်ထဲ လွဲပြောင်းလိုက်တာနဲ့ မိနစ်ပိုင်းအတွင်း ချက်ချင်းရောက်ရှိသွားမှာပါ။ Instant Cashout (အမြန်ဆုံးငွေလွဲပြောင်းခြင်း) လုပ်ဆောင်ချက်မှာ ငွေအနည်းဆုံး ကျပ် ၅၀၀ ကနေ ကျပ် ၅၀၀၀၀ အထိ တစ်နေ့တစ်ကြိမ် လွဲပြောင်းနိုင်ပါတယ်။

လုပ်ဆောင်ချက်အကြောင်းမေးခွန်းနှင့်အဖြေများ

မေး : Instant Cashout (အမြန်ဆုံးငွေလွဲပြောင်းခြင်း) နဲ့ ငွေတစ်နေ့ဘယ်နှစ်ကြိမ်လွဲလို့ရမလဲ? 

ဖြေ : Instant Cashout (အမြန်ဆုံးငွေလွဲပြောင်းခြင်း) လုပ်ဆောင်ချက်နဲ့ Cash Wallet ကနေ ဘဏ်အကောင့်ထဲကို တစ်နေ့တစ်ကြိမ်ငွေလွဲပြောင်းနိုင်ပါတယ်။

မေး : ဘဏ်အကောင့်ထဲကို တစ်ခါလွဲရင် ငွေပမာဏ အနည်းဆုံးဘယ်လောက်နဲ့ အများဆုံး ဘယ်လောက်လွဲလို့ရနိုင်မလဲ 

ဖြေ : Cash Wallet ကနေ Instant Cashout (အမြန်ဆုံးငွေလွဲပြောင်းခြင်း) နဲ့ တစ်ခါလွဲလိုက်တာနဲ့ အနည်းဆုံး ငွေပမာဏ ၅၀၀ ကနေ အများဆုံး ငွေပမာဏ ၅၀၀၀၀ (ကျပ် ငါးသောင်း) အထိ လွဲပြောင်းနိုင်ပါတယ်။

မေး  : ငွေပမာဏ ၅သောင်းထက် ပိုပြီးလွဲချင်ရင်ရော?

ဖြေ : မိတ်ဆွေအနေနဲ့ ကျပ် ၅၀၀၀၀ ထက်ပိုပြီး ဘဏ်အကောင့်ထဲ လွဲချင်တယ်ဆိုရင်တော့ Grab ရဲ့ Hotline နံပါတ်ဖြစ်တဲ့ 01 2399900 နဲ့ Partner Care ဖုန်းနံပါတ်များဖြစ်သော 09429956248၊ 09264891170 တို့အပြင် Grab Driver Myanmar Page သို့ ကိုဆက်သွယ်ပြုလုပ်နိုင်ပါတယ်။

မေး : Grab Pay နဲ့ငွေတွေဆိုရင်ရော လွဲလို့ရမှာလား

ဖြေ : Grab Pay ဝင်ငွေတွေဟာ မိတ်ဆွေရဲ့ Cash Wallet ထဲကို တိုက်ရိုက်ရောက်ရှိသွားမှာ ဖြစ်လို့ Cash Wallet ထဲကနေ  မိနစ်ပိုင်းအတွင်း ဘဏ်အကောင့်ထဲ လွဲပြောင်းနိုင်ပါတယ်။

မေး : Instant Cashout (အမြန်ဆုံးငွေလွဲပြောင်းခြင်း) နဲ့ ငွေလွဲပြီး ဘဏ်အကောင့်ထဲကို ရောက်ချိန်ဘယ်လောက်ကြာမှာလဲ? 

ဖြေ : Instant Cashout (အမြန်ဆုံးငွေလွဲပြောင်းခြင်း) လုပ်ဆောင်ချက်နဲ့ ငွေလွဲပြီး မိနစ်ပိုင်းအတွင်း ဘဏ်အကောင့်ထဲ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

ယခင်က အချိန်ကာလတစ်ခုကြာ ငွေလွဲပြောင်းမှုကို စောင့်ဆိုင်းရရာကနေ ယခုတော့ Grab ရဲ့ ကြိုးပမ်းချက်နဲ့ မိတ်ဆွေတို့ အလိုအပ်ဆုံး လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ Instant Cashout (အမြန်ဆုံးငွေလွဲပြောင်းခြင်း) ဟာ “ချက်ချင်းလွဲ ချက်ချင်းရောက်” ပုံစံ ဖြစ်တာကြောင့် မိတ်ဆွေတို့ အတွက် များစွာအကျိုးရှိစေမယ်လို့မျှော်လင့်ပါတယ်။ ဒါကြောင့် Grab နဲ့ များများဆွဲပြီး မိတ်ဆွေတို့ရဲ့ ဘဏ်အကောင့်ထဲကို ဝင်ငွေတွေ များများလွဲပြောင်းလိုက်ကြပါစို့…