Grab Call နဲ့ ခရီးစဉ်တွေ များများလက်ခံကြမယ်

မိတ်ဆွေယာဉ်မောင်းများမင်္ဂလာပါ။ Grab Call လုပ်ဆောင်ချက်ဟာ ခရီးသည်တွေက App ကနေ တိုက်ရိုက် ခရီးစဉ်ခေါ်ဆိုမယ့်အစား Grab ရုံးကနေ ဘွတ်ကင်လုပ်ပေးမယ့် ဝန်ဆောင်မှုဖြစ်ပါတယ်။

Grab Call က သာမန် Grab Taxi ခရီးစဉ်တွေနဲ့ ဘာကွာခြားလဲ?

Grab Call ဝန်ဆောင်မှုရယူဖို့ ခရီးသည်က Grab ကိုဖုန်းခေါ်ဆိုလိုက်ရုံပဲ ဖြစ်ပြီး Grab က ခရီးစဉ်တွေကို ဘွတ်ကင်တင်ပေးမှာ ဖြစ်ပါတယ်။ ယာဉ်မောင်း မိတ်ဆွေတို့အတွက် Grab Call နဲ့ ခရီးစဉ်ဟာ သာမန် Grab Taxi ခရီးစဉ်တွေနဲ့ အနည်းငယ်သာကွာခြားမှုရှိတာကို အောက်ပုံမှာ ကြည့်ရှုနိုင်ပါတယ်။

 

ကော်မရှင်နှုန်းထားနှင့် ဝန်ဆောင်ကြေး

Grab Taxi လိုပဲ ၂၀ ရာခိုင်နှုန်းနှင့် ခရီးသည်များထံမှလည်း ဝန်ဆောင်ခ ၃၀၀ ကျပ် သတ်မှတ်ကောက်ခံမှာ ဖြစ်ပါတယ်။ Grab Call ရဲ့ ဈေးနှုန်းဟာ သာမန် Grab Taxi ဈေးနှုန်းနဲ့ အတူတူရှိမှာ ဖြစ်ပြီး ဝန်ဆောင်ခ ကျပ် ၃၀၀ ကို ခရီးစဉ်ကြေးထဲမှာ ထည့်သွင်းပေါင်းထည့်ပေးထားမှာပါ။ ဒါကြောင့် Grab Call ခရီးစဉ်ကြေးကိုလက်ခံရယူရာမှာ စုစုပေါင်းအသားတင်ခရီးစဉ်ကြေး + Grab Call ရဲ့ ဝန်ဆောင်ကြေး ၃၀၀ ကျပ်ကို ထည့်သွင်ရေတွက်ပေးထားမှာပါ။

ခရီးသည်များထံမှ ဝန်ဆောင်ကြေး ကျပ် ၃၀၀ ကိုမိတ်ဆွေရဲ့ Credit Wallet ထဲကနေ ထုတ်နှုတ်သွားမှာဖြစ်ပါတယ်။ မိတ်ဆွေရဲ့ ကော်မရှင်ကြေး ၂၀ ရာခိုင်နှုန်းကို မူလခရီးစဉ်ကြေးပေါ်မှာသာ အခြေခံတွက်ချက်မှာ ဖြစ်ပြီး ဝန်ဆောင်ကြေး ၃၀၀ အပေါ် ထည့်သွင်းတွက်ချက်သွားမှာမဟုတ်ပါဘူး။ ဒါကြောင့် Grab Call ရဲ့ ခရီးစဉ်တွေဟာ သာမန် Grab ခရီးစဉ်တွေအတိုင်း ခရီးစဉ်ကြေးကို အပြည့်အဝ ရရှိမှာ ဖြစ်ပါတယ်။

ဥပမာ ကျပ် ၂၇၀၀ တန်ခရီးစဉ်တစ်ခုကို မိတ်ဆွေက Grab Call ဝန်ဆောင်မှုနဲ့ လက်ခံရရှိမယ်ဆိုပါစို့။ ဒါဆိုရင် မိတ်ဆွေအနေနဲ့ ခရီးစဉ်ကြေးဖော်ပြတဲ့နေရာမှာ ကျပ် ၃၀၀၀ လို့  App မှာ ဖော်ပြထားတာ တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ ၂၇၀၀ တန်ခရီးစဉ်မှာ Grab Call အတွက် ခရီးသည်ထံမှ ရယူမယ့် ကျပ် ၃၀၀ ကိုပေါင်းထည့်ထားတာကြောင့် ခရီးစဉ်ပြီးဆုံးတဲ့အခါ မိတ်ဆွေအနေနဲ့ ခရီးသည်ထံက ကျပ် ၃၀၀၀ ကိုလက်ခံရယူရမှာပါ။

ကော်မရှင်ဖြတ်တောက်မှု ဖော်ပြရာမှာတော့ ၂၇၀၀ တန်ခရီးစဉ်အတွက် ကော်မရှင်ကြေး ၅၄၀ နဲ့ Grab Call အတွက် ဝန်ဆောင်ကြေး ၃၀၀ ကိုပေါင်းထည့်ပြီး ကျပ် ၈၄၀ကို မိတ်ဆွေရဲ့ Credit Wallet မှ ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။ အောက်ကပုံမှာ ဥပမာကို ကြည့်ရှုနိုင်ပါတယ်။

ခရီးစဉ်ရရှိနိုင်သည့်အချိန်များနှင့် ဖုန်းနံပါတ်များ 

Grab Call ခရီးစဉ်ရရှိနိုင်မယ့်အချိန်တွေကတော့:

တနင်္လာနေ့မှ တနင်္ဂနွေနေ့ : နံနက် ၆နာရီမှ ည ၁၁ နာရီထိ

Grab Call Hotline ဖုန်းနံပါတ် : 959977478787 သို့ ဆက်သွယ်နိုင်ပါသည်။

သိရှိလိုသည်များနှင့်တုံ့ပြန်မှုများအတွက်

Grab Call နှင့်ပတ်သက်၍ သိရှိလိုသည်များရှိပါက Grab ၏ ၂၄နာရီ Hotline ဖြစ်သော 012399900 သို့ ဆက်သွယ်နိုင်ပါသည်။