Grab Driver App ကောင်းမွန်စွာ အလုပ်မလုပ်ပါက

တကယ်လို့ မိတ်ဆွေယာဉ်မောင်တို့အနေနဲ့ Driver App ကိုဝင်ရောက်ရာမှာ အခက်အခဲတွေရှိနေရင်တော့ အောက်မှာဖော်ပြထားတဲ့ အဆင့်တွေအတိုင်းပြုလုပ်ပြီး ဖြေရှင်းနိုင်ပါတယ်။

For Android

ပထမဦးစွာ ဖုန်း Sittings ထဲမှ Apps ကိုရှာပြီး ဝင်ရောက်ပါ။

Apps Menu ထဲမှာတော့ သင့်ဖုန်းထဲမှာ ရှိနေတဲ့ App အားလုံးကို တွေ့မြင်ရမှာဖြစ်ပြီးတော့ Grab Driver App ကိုရှာဖွေဝင်ရောက်ရမှာပါ။

Grab Driver App ၏ Sittings ထဲရောက်ပါက ပုံမှာပြထားတဲ့အတိုင်း “Clear Data” ကိုနှိပ်လိုက်ပါ။

အဲ့ဒီအခါမှာ Grab Driver App ရဲ့ ဒေတာအားလုံး ရှင်းလင်းသွားမှာ ဖြစ်ပြီးတော့ Sittings ထဲကနေ ထွက်ပြီး Grab Driver App ထဲသို့ ပြန်လည်ဝင်ရောက်လိုက်ပါက မသုံးရသေးသော အသစ်အတိုင်း ဖြစ်နေတာကို တွေ့ရမှာပါ။

For iOS

တကယ်လို့ မိတ်ဆွေက iOS User ဆိုရင်တော့ App ကို Clear Data လုပ်လို့မရတာကြောင့် Grab Driver App ကို Uninstall လုပ်ပြီး App Store မှာ ဒေါင်းလုဒ်ပြန်ဆွဲပြီး Reinstall ပြန်လုပ်ပေးဖို့ လိုပါတယ်။

Sign in ဝင်ရောက်ခြင်း

Login ဝင်တဲ့နေရာရောက်ပြီဆိုရင်တော့ မိတ်ဆွေတို့ရဲ့ Grab အတွက်ဖွင့်ထားတဲ့ Gmail အကောင့်နဲ့ “Login with Google” ဆိုတဲ့နေရာကို နှိပ်လိုက်တာနဲ့ မိတ်ဆွေတို့ Grab Driver App ကိုပုံမှန်အတိုင်း ပြန်လည်အသုံးပြုလို့ရပါပြီ။