Grab ယာဉ်မောင်းအက်ပလီကေးရှင်းအတွင်းရှိ ငွေစာရင်းမှတ်တမ်း စာမျက်နှာအား ပိုမို ရှင်းလင်းစွာ မြင်တွေ့နိုင်တော့မည်။

မိတ်ဆွေတို့ရဲ့ Grab ယာဉ်မောင်းအက်ပလီကေးရှင်းအတွင်းတွင်ရှိသော ငွေအဝင်အထွက်စာရင်းကို ကြည့်ရှုနိုင်သော အလုပ်လုပ်ဆောင်မှု မှတ်တမ်းကို စစ်ဆေးခြင်း ( Check Transaction History) စာမျက်နှာပြင်အား ယခင်ထက် ပိုမို ရှင်းလင်းပြတ်သားသော ပုံစံဖြင့် ကြည့်ရှုနိုင်အောင်ပြောင်းလဲမည် ဖြစ်ကြောင်း အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

အက်ပလီကေးရှင်းမှ စာမျက်နှာအားလုံး ပြောင်းလဲသွားခြင်းမျိုး မဟုတ်လို့ မိတ်ဆွေများ အခက်အခဲတွေ့မှာကို စိတ်ပူဖို့ မလိုပါဘူး။ စာရင်းမှတ်တမ်းစာမျက်နှာကိုသာ ကြည့်ရှုရ အဆင်ပြေအောင် ဖန်တီးပေးလိုက် ခြင်းဖြစ်ပါ တယ်။
ယခင်စာမျက်နှာနှင့် ယခုစာမျက်နှာ ကွာခြားပုံကိုလဲ အောက်ပါပုံတွင် ကြည့်ရှုနိုင်ပါတယ်။

ယခင်စာမျက်နှာပုံစံ

 

ယခုစာမျက်နှာပုံစံ

မှတ်တမ်းတစ်ခုချင်းစီရဲ့ အသေးစိတ်ကိုလည်း ကလစ်နှိပ်ပြီး တိကျရှင်းလင်းစွာ ကြည့်ရှုနိုင်ပါတယ်။

မိတ်ဆွေများအနေနဲ့ အက်ပလီကေးရှင်းကို ပိုမိုရှင်းလင်းစွာဖြင့် အသုံးပြုနိုင်မယ်လို့ မျှော်လင့်မိရင်း အဆင်ပြေလွယ်ကူ စေမယ့် နောက်ထပ် လုပ်ဆောင်ချက်အသစ် အသစ်များကို ထပ်မံ ဖန်တီးပေးဖို့ကိုလည်း Grab မှ အမြဲအဆင်သင့်ရှိနေပါတယ်ခင်ဗျာ။