Grab ရဲ့ ၂၄နာရီ Hotline ဝန်ဆောင်မှုကို ဆက်သွယ်ခြင်း

Grab အနေနဲ့ မိတ်ဆွေယာဉ်မောင်းတို့ရဲ့ လိုအပ်တဲ့ အကူအညီ၊ အကြံဉာဏ်နဲ့ အကြောင်းကြားမှုတွေ ပြုလုပ်နိုင်ဖို့အတွက် ၂၄နာရီ Hotline ဝန်ဆောင်မှုကို ဖွင့်လှစ်ပေးထားပြီး ဖြစ်ပါတယ်။ ဒီအတွက် သင်္ကြန်ကာလအတွင်း မိတ်ဆွေတို့အနေနဲ့ တစုံတရာ ဖြစ်ပေါ်တာ၊ အကူအညီလိုအပ်တာ၊ အကြံဉာဏ်တောင်းခံလိုတာမျိုးဆိုရင် Hotline နံပါတ် 012399900 ကို ဆက်သွယ်ပြီးအကြောင်းကြားနိုင်ပါတယ်။

အဲ့ဒီအပြင် မိတ်ဆွေတို့ရဲ့ ယာဉ်မောင်း App ကနေတစ်ဆင့်ဝင်ရောက်ပြီးတော့လည်း ခေါ်ဆိုပုံကို အောက်မှာ ပြသထားပါတယ်။

အရင်ဆုံး Grab Driver App ရဲ့ ဘယ်ဘက်အပေါ်ထောင့်နားက Menu ကိုကလစ်လုပ်ပါ။

အောက်ဖက်နားက Support ထဲကို ဝင်ရောက်ပါ။

Support ထဲရောက်သွားတဲ့အခါမှာ Contact Us ကိုဝင်ရောက်လိုက်ပါ။

Contact Us Menu ထဲမှာ +9512399900 ဆိုတဲ့ ဂဏန်းကို နှိပ်လိုက်တာနဲ့ Grab ရဲ့ ၂၄ နာရီ Hotline ကို တိုက်ရိုက်ဝင်ရောက်သွားမှာ ဖြစ်ပါတယ်။

ဒီနည်းလမ်းတွေနဲ့ အတိုင်းဝင်ရောက်ပြီး Grab ရဲ့ Hotline ကို တိုက်ရိုက်ဆက်သွယ်ခေါ်ဆိုနိုင်ပါတယ်။