Grab ငွေဖြည့်ကုတ်တွေကို မိမိကိုယ်ပိုင် KBZ Pay (အပြာ) အကောင့်မှာ ဝယ်ယူနိုင်ပြီနော်

 

မိတ်ဖက်များအနေနဲ့ ဧပြီလ ၈ ရက်နေ့က စပြီး Grab ငွေဖြည့်ကုတ်တွေကို မိမိကိုယ်ပိုင် KBZ Pay (အပြာ) အက်ပ်ကတစ်ဆင့် လွယ်ကူစွာ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။  ကုတ်တန်ဖိုးတွေကတော့ ကျပ် ၅,၀၀၀ တန်ကနေ ကျပ် ၅၀,၀၀၀ တန်အထိ ရှိပြီး ကုတ်ဖြည့်ဝန်ဆောင်ခ ၃၀၀ ကျပ်မှ ၅၀၀ ကျပ်အထိ ကျသင့်မှာ ဖြစ်ပါတယ်။

 

မိမိရဲ့ မိမိကိုယ်ပိုင် KBZ Pay (အပြာ) အက်ပ်အကောင့်ထဲကို နီးစပ်ရာ KBZ Bank နဲ့ Agent ဆိုင်များမှာ ငွေ ထည့်သွင်းနိုင်ပါတယ်။

 KBZPay (အပြာ)  အက်ပ်မရှိသေးတဲ့သူတွေအနေနဲ့ အောက်ပါလင့်တွေကတစ်ဆင့် ဒေါင်းလုတ်ဆွဲနိုင်မှာပါ။