Driver Timeout လုပ်ဆောင်ချက်အားမိတ်ဆက်ခြင်း

.

မိတ်ဆွေယာဉ်မောင်းများ မင်္ဂလာပါ။ မိတ်ဆွေတို့ အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ခေါ်တဲ့အခါ အလုပ်လွတ်သွားခဲ့ရင်၊ မိတ်ဆွေတို့ရဲ့ ယာဉ်မောင်း App ကို အချိန်အတိုင်းအတာ အနည်းငယ်မျှ ခေတ္တပိတ်ထားမယ့် Driver Timeout လုပ်ဆောင်ချက်ကို မိတ်ဆက်ပေးလိုက်ပါပြီ။

အလုပ်ခေတ္တဆိုင်းငံ့ထားခြင်း (Driver Timeout)

“Driver Timeout” ဆိုတာဟာ အလုပ်တစ်ခုကိုလက်ခံရာမှာ ၁၅စက္ကန့်ထက် ကျော်လွန်သွားတဲ့အခါ၊ သင့်အနေနဲ့ နောက်ထပ်အလုပ်တွေဆက်တိုက်ဝင်ရောက်လာပြီး မိတ်ဆွေရဲ့ Acceptance Rate တွေ ကျဆင်းသွားတာမျိုး မဖြစ်ရစေမယ့် လုပ်ဆောင်ချက်ပါပဲ။

Driver Timeout က အရေးပေါ်အခြေအနေတစ်ခုကြောင့် Driver App ကိုမပိတ်ထားပဲ ခရီးစဉ်တစ်ခု ဝင်လာခဲ့လို့ Accept မလုပ်မိရင် မိတ်ဆွေထံ နောက်ထပ်အလုပ်တွေ ထပ်မဝင်လာအောင် Driver App ကို မိနစ်အနည်းငယ်ကြာ ခေတ္တပိတ်ပေးထားမှာ မှာပါ။

Driver Timeout ရဲ့ အဓိက လုပ်ဆောင်ချက်တွေကို အောက်မှာတစ်ခုချင်းရှင်းပြပေးထားပါတယ်။

အရင်ဆုံး အလုပ်တစ်ခုဝင်လာတဲ့အခါ Auto Accept မဖွင့်ထားဘူုးဆိုရင် သာမန်အတိုင်း ကိုယ်တိုင်လက်ခံပေးရမှာ ဖြစ်ပါတယ်။

အကယ်၍ မိတ်ဆွေအနေနဲ့ အလုပ်ကို အကြောင်းအမျိုးမျိုးကြောင့် လက်မခံမိတာပဲ ဖြစ်ဖြစ်၊ အပေါ်နားက ကြက်ခြေခတ်ကိုနှိပ်ပြီး အလုပ်ကို Reject လုပ်လိုက်ရင်တော့ Driver App ကနေ မိတ်ဆွေကို အလုပ်လက်ခံဖို့ မအားလပ်သေးဘူးလို့ သတ်မှတ်ပြီး မိတ်ဆွေရဲ့ အလုပ်ဝင်တာတွေကို မိနစ်အနည်းငယ်ကြာ ပိတ်ထားပေးမှာပါ။ App ကနေ အချိန်တစ်ခု သတ်မှတ်ပေးထားတာကို အခုလိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။

တကယ်လို့ အချိန်စေ့သွားပြီဆိုရင်တော့ သော့ပုံလေးက အဖြူပုံစံမျိုးနဲ့ ပွင့်သွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အရေးကြီးတာတစ်ခုက သာမန်အတိုင်းအလုပ်တွေကို ပြန်လည်ရရှိနိုင်ဖို့ သောပုံလေးကိုနှိပ်ပေးရမှာပါ။ တကယ်လို့ မိတ်ဆွေကမအားသေးဘူးဆိုရင်လည်း “Stay Unavailable” ကိုနှိပ်ထားရင်ရပါတယ်။

မိတ်ဆွေအနေနဲ့ အလုပ်တွေကို ပြန်လည်ရရှိနိုင်ဖို့ သော့ဖွင့်ထားတဲ့ပုံစံ အဖြူရောင် ခလုတ်ကို ပြန်နှိပ်ပေးဖို့တော့လိုအပ်ပါတယ်။ 

သော့ဖွင့်လိုက်ပြီး အလုပ်တွေပြန်လက်ခံမယ်ဆိုရင် မိတ်ဆွေအနေနဲ့ Home ကိုပြန်ရောက်သွားမှာဖြစ်ပြီး ညာဘက်အပေါ်ထောင့်မှာ ရှိတဲ့ “Job Available” ကို ညာဘက်ကို ဆွဲဖွင့်လိုက်ရုံပါပဲ။

ဒါဆိုရင်တော့ မိတ်ဆွေတို့အနေနဲ့ “Driver Timeout” လုပ်ဆောင်ချက်အကြောင်းကို သိရှိနားလည်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီလို အချိန်တစ်ခု အနေနဲ့ ပိတ်သွားတာမျိုး၊ မဖြစ်လိုဘူးဆိုရင်တော့ မိတ်ဆွေအနေနဲ့ မိမိ မအားလပ်တဲ့အခါမှာ၊ “Job Available” ကို ခေတ္တပိတ်ထားတာ၊ Auto Accept ကိုဖွင့်ထားတာတွေ ပြုလုပ်ပေးကြဖို့ Grab အနေနဲ့ အကြံပြုပြောကြားလိုပါတယ်။