မိတ်ဆွေတို့ရဲ့ Credit Wallet ထဲမှာ ကားဆွဲဖို့ ငွေလက်ကျန် ရှိရှိ၊ မရှိရှိ GrabPay ခရီးစဉ်များကို ရရှိနိုင်ပါပြီ

မိတ်ဖက်ယာဉ်မောင်းများ Grab အက်ပလီကေးရှင်းအသုံးပြုပြီး မောင်းနှင်သည့်အခါ လွယ်ကူအဆင်ပြေစေ ဖို့အတွက် Grab မှ လုပ်ဆောင်ချက်အသစ်များကို စဉ်ဆက်မပြတ် တီတွင်ဖန်တီးလျက်ရှိပါတယ်။ ယခုဖန်တီးလိုက်သည့် ဖန်တီးမှုအသစ်ကတော့ မိတ်ဆွေရဲ့ Credit Wallet ထဲက ငွေပမာဏ အနည်း၊ အများကို စိတ်ပူဖို့မလိုဘဲ GrabPay ခရီးစဉ်များကို လွယ်ကူစွာဖြင့် ရရှိနိုင်မယ့် လုပ်ဆောင်ချက် ဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်က ဘယ်လိုအလုပ်လုပ်လဲ?

မိတ်ဆွေများအနေနဲ့ GrabPay ခရီးစဉ်ရရှိမယ်ဆိုရင် GrabPay ခရီးစဉ်တိုင်းအတွက် ကော်မရှင်ကို ခရီးစဉ်ကျသင့်ငွေမှ အလိုအလျောက် ကောက်ခံမှာ ဖြစ်ပါတယ်။ ဒါကြောင့် Credit Wallet ငွေအနည်းအများကို စိတ်ပူစရာမလိုဘဲ လွယ်ကူစွာဖြင့် GrabPay ခရီးစဉ်ရရှိနိုင်ပါတယ်။

လုပ်ဆောင်ချက်ရဲ့ အကျိုးကျေးဇူးများကတော့..

၁။ Credit Wallet ထဲ ကားဆွဲဖို့ ငွေလုံလောက်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ GrabPay ခရီးစဉ် ရရှိတာနဲ့ ကားဆွဲနိုင်ပါတယ်။
၂။ အကြောင်းအမျိုးမျိုးကြောင့် ငွေဖြည့်ကဒ်ကြိုတင် မဝယ်ထားတဲ့အချိန်မျိုး၊ CB Pay မှ ငွေဖြည့်လို့ မရတဲ့အချိန်မျိုးတွေမှာ အဆိုပါ လုပ်ဆောင်ချက်က အလွန်ကို အသုံးတည့်နေမှာပါ။
၃။ စနေ၊ တနင်္ဂနွေနှင့် အခြားရုံးပိတ်ရက်များတွင်လည်း ငွေဖြည့်ဖို့ စိုးရိမ်စရာမလိုဘဲ GrabPay ခရီးစဉ်ရရှိတာနဲ့ ကားဆွဲလို့ အဆင်ပြေစေပါတယ်။

ယခုလုပ်ဆောင်ချက်အသစ်ကြောင့် မိတ်ဆွေများ ကားဆွဲဖို့အတွက် ယခင်ထက် ပိုမိုအဆင်ပြေစေမှာဖြစ်ပါ တယ်။ နောက်ထပ်လည်း မိတ်ဆွေများအတွက် အကျိုးရှိစေမယ့် လုပ်ဆောင်ချက်အသစ်များစွာကို ဖန်တီးပေး ခြင်းဖြင့် “ Grab သည် မိတ်ဆွေတို့အတွက် အကောင်းဆုံးမိတ်ဆွေ ” ဖြစ်ကြောင်း ဆက်လက်၍ သက်သေပြ သွားဦးမှာဖြစ်ပါတယ်။ အစစအရာရာ အဆင်ပြေကြပါစေခင်ဗျာ။