မိတ်ဖက်အားလုံးရဲ့ ကျန်းမာရေးနဲ့ လူနေမှုဘဝ အဆင်ပြေချော့မွေ့စေဖို့အတွက်ကို Grab က အစဉ်အမြဲ ဦးစားပေး စဉ်းစားပေးလျက်ရှိပါတယ်။ ၂၀၂၂ ခုနှစ် ဩဂုတ်လ က စတင်တဲ့ မိတ်ဖက်အကူအညီ ရန်ပုံငွေ အစီအစဉ်အနေနဲ့ ၂၀၂၃ နှစ်ကုန် ဒီဇင်ဘာအတွင်းမှာ မတည်ရန်ပုံငွေ စုစုပေါင်း ကျပ် ၈၀၀ သိန်းနဲ့ မိတ်ဖက်စုစုပေါင်း ၉၁၉ ဦးကို ပံ့ပိုးကူညီပေးနိုင်ခဲ့တဲ့အတွက်လည်း ဝမ်းသာပီတိဖြစ်ရပါတယ်။
အခုအခါမှာလည်း မိတ်ဖက်အားလုံးကို အဘက်ဘက်ကနေ အကူအညီပေးနိုင်ဖို့အတွက် ၂၀၂၅ နှစ်သစ် ဇန်နဝါရီကစပြီး မိတ်ဖက် အကူအညီ ရန်ပုံငွေအဖြစ် ဆက်လက် ထပ်တိုးမတည်ထားပါတယ်။
အဆိုပါ မိတ်ဖက် အကူအညီ ရန်ပုံငွေကို အောက်ဖော်ပြပါ ကိစ္စရပ်တွေအတွက် မိတ်ဖက်တစ်ဦးလျှင် အများဆုံး ၁၀၀,၀၀၀ ကျပ်အထိ အကူအညီ ရယူနိုင်ပါတယ်။
အလုပ်လုပ်နေချိန် Grab ခရီးစဉ်အတွင်း ဖြစ်တဲ့ ကိစ္စရပ်တွေအတွက် မတော် တဆထိခိုက်မှုအာမခံကိုလည်း ပုံမှန်အတိုင်း ဆက်လက်ပေးအပ်သွားဦးမှာ ဖြစ်ပါတယ်။
သတ်မှတ်ချက်အနေနဲ့ကတော့
ပလက်ဖောင်းပေါ်မှာ လက်ရှိမောင်းနှင်နေတဲ့ မိတ်ဖက်များအားလုံး (ယာဉ်မောင်း နဲ့ ပို့ဆောင်သူများ)အနေနဲ့ ပြီးခဲ့တဲ့ ၆ လအတွင်း တစ်လလျှင် အနည်းဆုံး Grab ခရီးစဉ်/ အော်ဒါ ၁ကြောင်း ရှိရုံနဲ့ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
ပို့ဆောင်သူများအတွက် သီးသန့် အထွေထွေ အကူအညီအနေနဲ့ကတော့
ပြီးခဲ့တဲ့ ၃ လအတွင်း တစ်လမှာ အော်ဒါတစ်ကြောင်းအနည်းဆုံးရှိသူ ဖြစ်ရပါမယ်။ ပံ့ပိုးငွေကတော့ ကျပ် ၃၀၀၀၀ ကနေ ၅၀၀၀၀ အတွင်းဖြစ်ပါတယ်။ ( လိုအပ်တဲ့ အထောက်အထား၊ လက်ခံစာရွက် စတာတွေကိုတော့ ပေးအပ်ရမှာပါ။)
မိတ်ဖက်အကူအညီ ရန်ပုံငွေကို ဖော်ပြပါ Help Center မှတစ်ဆင့် လျှောက်ထားနိုင်ပါတယ်။
မိတ်ဖက် အကူအညီ ရန်ပုံငွေလျှောက်ထားလိုတဲ့အခါ
ခရီးစဉ်ပြင်ပ မတော်တဆထိခိုက်မှုများ
ဆေးရုံတက်/ ဆေးခန်းပြကိစ္စရပ်များ (မိမိနှင့် မိသားစုဝင် (ဇနီးနဲ့ သားသမီး)
ကိုယ်တိုင်
ဇနီးနှင့် သားသမီး
အသက်ဆုံးပါးမှု
နာတာရှည်မသန်စွမ်းမှုများ
သဘာဝဘေးအန္တရာယ်တွေကြောင့် ဖြစ်တဲ့ ပျက်စီးမှုများ
အကြီးစားအက်ဆီးဒန့်ကြောင့် ဖြစ်တဲ့ ကားပျက်စီးမှု
သက်မွေးဝမ်းကျောင်းသင်တန်း ( မိမိကိုယ်တိုင်နဲ့ သားသမီးအတွက်)
ကိုယ်တိုင်
သားသမီး
စီးတီးတက်စီ လိုင်စင်လျှောက်ခြင်းနဲ့ ရန်ကုန်စီးတီးတက္ကစီအသင်း (YCTA) အသင်းဝင်ခြင်း ကုန်ကျစရိတ်
မိတ်ဖက်စောင့်ရှောက်မှု ရန်ပုံငွေအစီအစဉ်တွင် တစ်ဦးလျှင် ပမာဏဘယ်လောက် လျှောက်ထားနိုင်ပါသလဲ။
တစ်ဦးကို အများဆုံး ငွေ ၁၀၀,၀၀၀ ကျပ်ထိ လျှောက်ထားနိုင်ပါတယ်။
မိတ်ဖက်စောင့်ရှောက်မှုရန်ပုံငွေအစီအစဉ်ရဲ့ ကုန်ဆုံးချိန်ကို သိလိုပါတယ်။
ယခု အစီအစဉ်ကို နှစ်စဉ် ရန်ပုံငွေ တိုးမြှင့်ပြီး လုပ်ဆောင်နေပါတယ်။ ၂၀၂၅ နှစ်ကုန် (ဒီဇင်ဘာလ)အတွင်း သတ်မှတ်ထားသော ရန်ပုံငွေ ကုန်ဆုံးသည့်အချိန်ထိ ရည်ရွယ်ထားပါတယ်။
မိတ်ဖက်စောင့်ရှောက်မှုရန်ပုံငွေအတွက် ယာဉ်မောင်း/ အစားအသောက်ပို့ဆောင်သူအား ငွေဘယ်လိုလွှဲပေးမှာလဲ။
သက်ဆိုင်ရာ အထောက်အထားများ တင်ပြီး Grab မှ ပြန်လည်ဆက်သွယ်သည့်အချိန်မှစ၍ တစ်ပတ်အတွင်း Cash Wallet က တစ်ဆင့် လွှဲပေးမှာပါ။
မိတ်ဖက်စောင့်ရှောက်မှုရန်ပုံငွေကို ဘယ်နှစ်ကြိမ်လျှောက်ထားနိုင်ပါသလဲ။
တစ်ဦးလျှင် တစ်နှစ်အတွင်း တစ်ကြိမ်သာ လျှောက်ထားနိုင်ပါတယ်။
ယာဉ်မောင်း/ အစားအသောက်ပို့ဆောင်သူမှ စကားမပြောနိုင်ပါက မိသားစုဝင်မှ ကိုယ်စားလျှောက်ထားနိုင်ပါသလား။
လျှောက်ထားနိုင်ပါတယ်။
လွန်ခဲ့သော ၆ လအတွင်း တစ်လလျှင် Grab ခရီးစဉ် / အော်ဒါတစ်ကြောင်း ရှိရမည့်သတ်မှတ်ချက်နှင့်မကိုက်ညီသူများအတွက် အခြားအစီအစဉ်ရှိပါသလား။
ယခုသတ်မှတ်ချက်နှင့် ကိုက်ညီမှသာ မိတ်ဖက်စောင့်ရှောက်မှုရန်ပုံငွေကို လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်အစီအစဉ်တွေရှိခဲ့ရင် အကြောင်းကြားပေးသွားပါမယ်။
ကျွန်တော်တို့ရဲ့ သားသမီး ၂ ယောက်ရှိပါတယ်။ ၂ ယောက်စလုံးရဲ့ ပညာရေးအတွက် လျှောက်ထားနိုင်ပါသလား။
မိတ်ဖက်တစ်ဦးလျှင် တစ်နှစ်အတွင်း တစ်ကြိမ်သာ လျှောက်ထားခွင့်ရှိပြီး သက်မွေးဝမ်းကျောင်းသင်တန်းအတွက် ပံ့ပိုးပေးတာဖြစ်ပါတယ်။
ယာဉ်တိုက်မှုမှာ ပျက်စီးသွားတဲ့ ကားပြင်စရိတ်အတွက် လျှောက်ထားနိုင်တယ်ဆိုတော့ ဘယ်လိုအထောက်အထားပြရမှာလဲ။
ကားဝပ်ရှော့မှ ပြေစာအား ပြသလျှောက်ထားနိုင်ပါတယ်။
တစ်ဦးချင်း သတ်မှတ်ပမာဏ ၁ သိန်းထက် ပိုကုန်ကျတယ်ဆိုရင် ဘယ်လိုလုပ်ပေးမလဲ။
ယခုအစီအစဉ်မှာ ရန်ပုံငွေလျှောက်ထားမှုအတွက် ငွေကျပ် ၁ သိန်းအထိပဲ အများဆုံး သတ်မှတ်ထားပါတယ်။
လျှောက်ထားဖို့ အတွက် မည်သည့် စာရွက်စာတမ်းများ လိုအပ်ပါသလဲ။
လျှောက်ထားသူရဲ့ မှတ်ပုံတင် (မိတ္တူ)၊ သန်းခေါင်စာရင်း (မိတ္တူ)၊ လျှောက်ထားမှုနှင့်သက်ဆိုင်သော စာရွက်စာတမ်းများနှင့် ကုန်ကျစရိတ်ဘောက်ချာများ၊ ဥပမာ ဆေးရုံ/ ဆေးခန်းပြမှုအတွက် လျှောက်ထားမည်ဆိုပါက ဆေးရုံ/ ဆေးခန်းဆိုင်ရာ အထောက်အထားများနဲ့ ကုန်ကျစရိတ်ဘောက်ချာများ လိုအပ်ပါတယ်။
မိတ်ဖက်စောင့်ရှောက်မှု ရန်ပုံငွေကို ဘယ်လို လျှောက်ရမလဲ။
မိတ်ဖက်အကူအညီ ရန်ပုံငွေကို ဖော်ပြပါ Help Center မှတစ်ဆင့် လျှောက်ထားနိုင်ပါတယ်။
Grab Center 1
11 A, Kanbawza Yeik Thar Street,
Shwe Taung Kyar Ward,
Bahan Township, Yangon,
Myanmar
Grab Center 2
BOC petrol Station
Number 2 Main Road,
Intersection of South & North Dagon,
Yangon, Myanmar