Incentive ကြည့်ရှုမှု ပုံစံသစ် ပြောင်းလဲခြင်း

Incentive တွေကြည့်ရှုရာမှာ မိတ်ဆွေတို့ ပိုမိုအဆင်ပြေလွယ်ကူစေဖို့ နောက်ထွက်မယ့် Driver App Update မှာ Incentive ကြည့်ရှုနိုင်မယ့် မိတ်ဆွေတို့ရဲ့ App Screen ကို Update အနေနဲ့ ပြင်ဆင်ပြောင်းလဲလိုက်ပါပြီ။ မိတ်ဆွေတို့အတွက် ပိုမိုအသုံးဝင်တဲ့အပြင် ရှင်းလင်း လွယ်ကူအောင်ပြုလုပ်ထားတာမို့ ဘယ်လိုမျိုးပြောင်းလဲလာသလဲဆိုတာ လေ့လာကြည့်ရအောင်…

ဘာတွေပြောင်းလဲထားလဲ?

အဓိကအားဖြင့် မိတ်ဆွေတို့ရဲ့ ကြည့်နေကြပုံစံနဲ့ ကွဲမထွက်သွားပဲ ယခင် “In progress (လက်ရှိ Incentive များ) နေရာမှာ Today (ယနေ့) Upcoming (နောက်လာမည့်) လို့နှစ်ခု ဝင်ရောက်လာမှာ ဖြစ်ပြီး၊ ယခင် Ended ကိုတော့ အမည်အပြောင်းအလဲအနေနဲ့ Past (လွန်ခဲ့သော) ဆိုပြီး အပြောင်းအလဲ အနည်းငယ်သာ တွေ့ရမှာပါ။

‘Today’ မှာ မိတ်ဆွေအနေနဲ့ နေ့စဉ်ရရှိနိုင်တဲ့ အပိုဆုကြေး Incentive ကို ထည့်သွင်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

‘Upcoming’ မှာတော့ ရက်သတ္တပတ်အတွင်းနဲ့ နောက်နေ့တွေမှာ ရရှိမယ့် အပိုဆုကြေးတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

‘Past’ ထဲမှာတော့ ပြီးခဲ့ပြီးသား အပိုဆုကြေးတွေကို ပြန်လည် စစ်ဆေးနိုင်အောင် ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။

Incentive ဖော်ပြတဲ့ ပုံစံအသစ်ဟာ အပြောင်းအလဲ များစွာမရှိပဲ မိတ်ဆွေတို့ကိုယ်တိုင် ယခင်ကထက် ရိုးရှင်းလွယ်ကူစွာနဲ့ နေ့စဉ်စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။