Grab Driver App ထဲမှ Refer Code ကို မိမိမိတ်ဆွေထံ ပေးပို့ခြင်း

ယာဉ်မောင်းမိတ်ဆွေအချင်းချင်း Grab ကိုဝင်ရောက်ဖို့ Refer Code ကိုအသုံးပြုပြီး လမ်းညွှန်ပေးရုံနဲ့ မိမိကိုယ်တိုင် ကျပ်၁၅၀၀၀ အပိုဆုကြေးရရှိနိုင်မယ့်အစီအစဉ်တွေ ရှိနေပါတယ်။ ဒါကြောင့် Driver App ကိုအလွယ်တကူအသုံးပြုပြီး Refer Code ကို မိမိမိတ်ဆွေထံ ပေးပို့ပုံအဆင့်ဆင့်ကို အောက်မှာ ကြည့်ကြည့်လိုက်ရအောင်..

မိတ်ဆွေတို့အနေနဲ့ မိတ်ဆွေတွေကို Grab ဝင်ရောက်ရန် ဖိတ်ကြားဖို့အတွက် ဦးစွာ Grab Driver App ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာရှိတဲ့ Menu ထဲက ‘Refer and Earn’ ဆိုတဲ့ အထဲကိုဝင်ရောက်ပါ။

အထဲမှာသင့်အတွက် ပြုလုပ်ပေးထားတဲ့ Refer Code ကိုတွေ့ရမှာပါ။ အောက်နားလေးက Refer Friend ဆိုတဲ့ အစိမ်းရောက်ခလုတ်ကိုနှိပ်လိုက်ရင်

အောက်ပါပုံအတိုင်း အဆိုပါ Code ကို သင့်သူငယ်ချင်းထံ တစ်ဆင့်ပေးပို့နိုင်မယ့် App ကိုရွေးချယ်ရမှာပါ။ သင့်သူငယ်ချင်းထံ Messages, Email, Messenger, WhatsApp စတဲ့ App အမျိုးမျိုးကနေ ရွေးချယ်ပေးပို့နိုင်မှာပါ။

ကျွန်တော်ကတော့ Message ကနေတစ်ဆင့်ပေးပို့ဖို့အတွက် ရွေးချယ်လိုက်ပါတယ်။ Message ကနေရတဲ့ Refer Code နဲ့ Grab ယာဉ်မောင်း အဖြစ်ဝင်ရောက်ပြီး ၁၄ရက်အတွင်း အကြောင်းရေ ၆၀ ပြည့်အောင်ဆွဲနိုင်တာနဲ့ သင့်မိတ်ဆွေက ကျပ် ၃၀၀၀၀၊ သင်က ကျပ် ၁၅၀၀၀ အပိုဆုကြေးတွေရရှိမှာပါ။

ဒီလောက်ဆိုရင်တော့ မိတ်ဆွေတို့အနေနဲ့ မိမိသူငယ်ချင်း၊ မိတ်ဆွေကို Grab ယာဉ်မောင်းအဖြစ် စာရင်းသွင်းဖို့ Refer Code ပေးပုံကို သိရှိနိုင်ပြီထင်ပါတယ်။ မိတ်ဆွေတွေကိုများများ ဖိတ်ခေါ်ပြီး အပိုဆုကြေးတွေ များများ ရယူလိုက်တော့နော်။