မြန်နှုန်းမြင့် Turbo နဲ့အတူ
မိမိ ဝင်ငွေကို မြှင့်တင်လိုက်ပါ

လာမယ့် စက်တင်ဘာ ၃ ရက်နေ့ကစပြီး ပလက်တီနမ်နဲ့ ဂိုးလ်အဆင့် မိတ်ဖက်အားလုံး မောင်းနှင်ချိန်တိုင်းကို ပိုမိုထိရောက်စေပြီး ဝင်ငွေ ပိုမိုရရှိစေမယ့် မြန်နှုန်းမြင့် Turbo ကို စတင်အသုံးပြုနိုင်ပါပြီ။

မြန်နှုန်းမြင့် Turbo ဆိုတာ ဘာလဲ?

မြန်နှုန်းမြင့် Turbo ဆိုတာ မိတ်ဖက်တို့ရဲ့ မောင်းနှင်မှုကို ပိုမိုထိရောက်စေပြီး ဝင်ငွေ ပိုမိုရရှိအောင် ကူညီပေးမယ့် လုပ်ဆောင်ချက်အသစ် ဖြစ်ပါတယ်။ မောင်းနှင်မှုမှာ ခရီးစဉ်များကို ပိုမိုမြန်ဆန်စွာ လက်ခံနိုင်ခြင်း၊ ခရီးသည်မပါဘဲ အလွတ်လှည့်ပတ် မောင်းနှင်နေရခြင်းကို လျှော့ချပေးခြင်းနဲ့ သေချာတဲ့ အပိုဝင်ငွေများနဲ့ အခြားခံစားခွင့်အသစ်များကို ရရှိစေမှာ ဖြစ်ပါတယ်။

မြန်နှုန်းမြင့် Turbo နဲ့အတူ ဝင်ငွေနဲ့ အခြားခံစားခွင့်များ

  • ခရီးစဉ်တိုင်းအတွက် ၃% Turbo Cashback: (၃၀) မိနစ် Warm-up ပြီးနောက် မောင်းနှင်ပြီးစီးတဲ့ ခရီးစဉ်တိုင်းအတွက် Turbo Cashback ၃% ချက်ချင်း အပိုရရှိပါမယ်။
  • ထပ်ဆောင်းဆုကြေးများ ပေါင်းစပ်ရယူနိုင်ခြင်း: ဝင်ငွေ အများဆုံးရရှိစေဖို့ ခရီးစဉ်တစ်ခုချင်းစီကရတဲ့ ၃% Turbo Cashback အပြင် နေ့စဉ် Streak တစ်ခုချင်းစီအတွက် ပေးတဲ့ ဆုကြေးနဲ့ နေ့စဉ် ပြီးစီးတဲ့ Streak အရေအတွက်အပေါ် ပေးအပ်တဲ့ ထပ်ဆောင်းဆုကြေးများကိုပါ ပေါင်းစပ် ရယူနိုင်ပါတယ်။
  • သီးသန့် ခံစားခွင့်များ: Streak Slots များကို အများထက် စောစီးစွာ ရယူနိုင်ခွင့်၊ မိမိ စိတ်ကြိုက်ဧရိယာ ရွေးချယ်နိုင်ခွင့် စတဲ့ သီးသန့်ခံစားခွင့်များကို ရရှိပါမယ်။
  • တိကျတဲ့ လမ်းညွှန်မှုနဲ့ စိုက်ထုတ်မှုအတွက် ပေးလျော်မှု: ခရီးစဉ်ဘိုကင် လိုအပ်ချက်များပြားတဲ့ ဧရိယာတွေဆီ အချိန်နဲ့တစ်ပြေးညီ တိုက်ရိုက် လမ်းညွှန်ပေးသွားမှာ ဖြစ်ပါတယ်။ အကယ်၍ မြန်နှုန်းမြင့် Turbo လမ်းညွှန်ချက်အတိုင်း သွားရောက်ခဲ့ပြီး ခရီးစဉ်ဘိုကင် မရရှိခဲ့ပါကလည်း မိတ်ဖက် ရဲ့ အားစိုက်ထုတ်မှုအတွက် အပိုကြေး ပြန်လည်ပေးအပ်သွားမှာပါ။

ပလက်တီနမ် နဲ့ ဂိုးလ် သီးသန့် အပိုဆုကြေးအစီအစဉ်သစ်

အခု  ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလက စပြီး ပလက်တီနမ်နဲ့ ဂိုးလ်အဆင့်  သတ်မှတ်ချက်တွေနဲ့ ပြန်လည်ရရှိမယ့် အပိုဆုကြေးအစီအစဉ်သစ်ကို ပြောင်းလဲ ပြင်ဆင်ထားတဲ့အကြောင်း ထပ်ပြီး အလေးထား အသိပေးပါရစေနော်။ 

၂၀၂၆ ခုနှစ် စက်တင်ဘာလအတွက်
ပလက်တီနမ်၊ ဂိုးလ်အဆင့်သတ်မှတ်ချက်များ
(စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အတွင်း)

ဒီသတ်မှတ်ချက်တွေ ပြည့်မီမှုရှိမရှိ ကို စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အတွင်း ပြီးစီးခဲ့တဲ့ ခရီးစဉ်တွေအပေါ် တွက်ချက်ပြီး မန်ဘာ အဆင့်သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။

ပုံမှန် ပလက်တီနမ်နဲ့ ဂိုးလ် အဆင့်သတ်မှတ်ချက်တွေ ပြည့်မီတဲ့အခါ မိမိရဲ့ အဆင့်ကို အက်ပ်အတွင်းမှာ ဆက် ထိန်းထားနိုင်မှာဖြစ်ပြီး ရနေကျ လျှော့ဈေးအစီအစဉ်တွေကတော့ အပြောင်းအလဲ မရှိပါဘူး။ 

ပလက်တီနမ်နဲ့ ဂိုးလ်အဆင့် ပြည့်မီသူများအတွက်
တစ်လတာအတွင်း ပြီးစီးခဲ့တဲ့ Streak အရေအတွက်အပေါ် ရရှိမယ့် ဆုကြေးအစီအစဉ်အသစ်

ပလက်တီနမ်နဲ့ ဂိုးလ်အဆင့် ပြည့်မီသူတွေအတွက် အရင် ရနေကျ Cashback တွေအစား အထက်ပါ ဆုကြေးအစီအစဉ်သစ်ကို စက်တင်ဘာ ၄ ရက်မှ အောက်တိုဘာ ၄ ရက်အတွင်း ပြီးစီးခဲ့တဲ့ Streak အရေအတွက်အပေါ် တွက်ချက်ပေးအပ်မှာပါ။  လစဉ် ဆုကြေးတွေကိုတော့ သတ်မှတ်ကာလအပြီး ရက်သတ္တပတ်တစ်ပတ်တာအတွင်း လက်ခံရရှိမှာ ဖြစ်ပါတယ်။  သတ်မှတ်ချက်တွေကို ပြည့်မီအောင် ထိန်းသိမ်းပြီး ကိုယ့်ရဲ့  မန်ဘာအဆင့်ကို ဂုဏ်ယူစွာ ဆက်လက် တည်ဆောက်ထိန်းသိမ်းပြီး ဝင်ငွေ တိုးဖန်တီးလိုက်ပါ။

အမေးများသော မေးခွန်းများ (FAQ)

မေး။ လစဉ်ရရှိနေကျ Cashback က ဘာဖြစ်သွားမှာလဲ။ ရပ်ဆိုင်းသွားမှာလား။

ဖြေ။ လစဉ်ပေးအပ်နေကျ ပလက်တီနမ်နဲ့ ဂိုးလ်အတွက် Cashback တွေကို မြန်နှုန်းမြင့် Turbo စနစ်အသစ်ထဲ ပြောင်းလဲလိုက်တာဖြစ်ပြီး၊ မြန်နှုန်းမြင့် Turbo နဲ့ မောင်းနှင်ရင်း ပိုမြန်၊ ပိုသေချာတဲ့ ဝင်ငွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ အရင်လို Cashback ရဖို့ လကုန်တဲ့အထိ စောင့်စရာမလိုတော့ပါဘူး။

မေး: လက်ရှိရရှိနေတဲ့ ပလက်တီနမ်နဲ့ ဂိုးလ် လျှော့ဈေးတွေကို ဆက်လက်ခံစားခွင့်ရှိဦးမလား။

မိတ်ဖက်တို့ရဲ့ မန်ဘာအဆင့်အလိုက် ရနေကျ လျှော့စျေး ခံစားခွင့်တွေကလည်း အရင်အတိုင်း ဆက်ရှိနေမှာပါ။

မေး: Turbo စနစ်အသစ်ပြောင်းလဲပြီးနောက် ရနေကျ ဝင်ငွေ ထိခိုက်သွားမှာလား။

ဖြေ။  မြန်နှုန်းမြင့် Turbo ကို ပြောင်းလဲရာမှာ ပလက်တီနမ်နဲ့ ဂိုးလ်မိတ်ဖက်တွေအတွက် ပုံမှန်ရနေကျ ဝင်ငွေကို သက်ရောက်မှု မရှိအောင် ဝင်ငွေ ဖန်တီးနိုင်တဲ့ လမ်းကြောင်းပုံစံတွေကို ပြင်ဆင်ပေးထားပါတယ်။ ဒီ Turbo က မိတ်ဖက်တွေရဲ့ ကြိုးစားအားထုတ်မှုအပေါ် အခြေခံပြီး ဝင်ငွေနဲ့ အကျိုးခံစားခွင့်တွေကို ပိုမိုဖန်တီးရရှိနိုင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

မေး – မြန်နှုန်းမြင့် Turbo ကို ဘယ်သူတွေ စတင်အသုံးပြုခွင့် ရရှိမှာလဲ။

 ဖြေ – လာမယ့် စက်တင်ဘာ ၃ ရက်နေ့ကစပြီး ပလက်တီနမ်နဲ့ ဂိုးလ်အဆင့်ရှိ မိတ်ဖက် ယာဉ်မောင်း များအားလုံး စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

မေး – မြန်နှုန်းမြင့် Turbo ကို ဘယ်လိုဖွင့်ရမလဲ။ 

 ဖြေ – မြန်နှုန်းမြင့် Turbo ကို အွန်လိုင်းတက်တာနဲ့ ဖွင့်ပြီးသားဖြစ်နေအောင် ပြင်ဆင်ထားတာမို့ သီးသန့် သွားဖွင့်စရာမလိုပါ။

မေး – ၃% Turbo Cashback ကို ဘယ်လိုပုံစံနဲ့ ရရှိမှာလဲ။

 ဖြေ – အွန်လိုင်းတက်ပြီး (၃၀) မိနစ် Warm-up ပြည့်သွားတာနဲ့ မောင်းနှင်ပြီးစီးတဲ့ ခရီးစဉ်တိုင်းအတွက် ၃% Turbo Cashback ကို ချက်ချင်း အပိုရရှိမှာ ဖြစ်ပါတယ်။

မေး – မြန်နှုန်းမြင့် Turbo က လမ်းညွှန်တဲ့နေရာကို သွားပြီး ခရီးစဉ်မရရင် ဘာဖြစ်မလဲ။

 ဖြေ – မြန်နှုန်းမြင့် Turbo ရဲ့ လမ်းညွှန်ချက်အတိုင်း သွားရောက်ခဲ့ပြီး ခရီးစဉ် မရရှိခဲ့ပါက မိတ်ဖက် ရဲ့ အချိန်နဲ့ စိုက်ထုတ်မှုအတွက် အပိုကြေးကို ပြန်လည်ပေးလျော်ပေးသွားမှာ ဖြစ်ပါတယ်။

မေး – ပလက်တီနမ်နဲ့ ဂိုးလ်အဆင့် ယာဉ်မောင်းတွေအတွက် ဝင်ငွေကို ခြုံငုံတွက်ချက်ချင်ရင် ဘယ်လို တွက်ရမလဲ။

ဖြေ – ပလက်တီနမ်နဲ့ ဂိုးလ်အဆင့် မိတ်ဖက် များအတွက် မန်ဘာအဆင့်သတ်မှတ်ချက် ပြည့်မီတာနဲ့  အရင် Cashback အစား သတ်မှတ်တစ်လတာအတွင်း ပြီးစီးခဲ့တဲ့ Streak အရေအတွက်အပေါ် သီးသန့် အပိုဆုကြေး ရရှိပါမယ်။  ဒါ့အပြင် မြန်နှုန်းမြင့် Turbo နဲ့ မောင်းနှင်ရင်း နေ့စဉ် ခရီးစဉ် အကြောင်းတိုင်းမှာ Turbo Cashback ၃ % ရရှိနေမှာပါ။  နေ့စဉ် မိမိ ယူထားတဲ့ Streak အကြောင်းတိုင်းအတွက် Streak bonus ရှိနေသလို၊ တစ်နေ့တာ ပြီးစီးတဲ့ Streak အရေအတွက်အလိုက် ထပ်ဆောင်းဆုကြေးတွေလည်း ရှိနေမှာပါ။  ဒါကြောင့် ခရီးစဉ်တွေကို အရင်လို ပုံမှန်မောင်းနှင်နေရင်း မိမိ ရနေကျ ဝင်ငွေကို သက်ရောက်မှု မရှိဘဲ ခံစားခွင့်တွေ ဆက်လက်ဖန်တီးနေနိုင်မှာ ဖြစ်ပါတယ်။

မေး – ပလက်တီနမ်နဲ့ ဂိုးလ်အဆင့် ယာဉ်မောင်းတွေအတွက် အခြားခံစားခွင့် ဘာရှိသေးလဲ။

ဖြေ – ပလက်တီနမ်နဲ့ ဂိုးလ်အဆင့် ပြည့်မီတဲ့ မိတ်ဖက်များအတွက် Streak slot တွေကို အများထက် စောစီးစွာ ရယူနိုင်ခွင့်၊ စိတ်ကြိုက်ဧရိယာ ရွေးချယ်နိုင်ခွင့်၊ ခရီးစဉ်ဘိုကင် လိုအပ်ချက်များပြားတဲ့ ဧရိယာတွေဆီ အချိန်နဲ့တစ်ပြေးညီ တိုက်ရိုက် လမ်းညွှန်ပေးမှုနဲ့အတူ အကယ်၍ မြန်နှုန်းမြင့် Turbo လမ်းညွှန်ချက်အတိုင်း သွားရောက်ခဲ့ပြီး ခရီးစဉ်ဘိုကင် မရရှိခဲ့ပါကလည်း မိတ်ဖက် ရဲ့ အားစိုက်ထုတ်မှုအတွက် အပိုကြေး ပြန်လည်ပေးအပ်သွားမှာပါ။