မိတ်ဆွေတို့အတွက် ပိုမိုထိုက်တန်တဲ့ ဝင်ငွေ ခံစားခွင့် ရရှိနိုင်ဖို့ ပိုပြီး သင့်တင့်မျှတတဲ့ ဝင်ငွေတွက်ချက်မှုပုံစံအသစ်ကို စက်တင်ဘာ ၂၈ ရက်မှာ စပြီး ပြင်ဆင်ပြောင်းလဲလိုက်ပြီ ဖြစ်ပါတယ်။
ဝင်ငွေတွက်ချက်မှုပုံစံအသစ်မှာ ဘာအပြောင်းအလဲတွေ ပါဝင်မလဲ။
ဝင်ငွေတွက်ချက်မှုပုံစံအသစ်ဆိုတာ ဘာလဲ။
မိတ်ဆွေတို့အတွက် ခရီးသည်ကြိုရတဲ့ အကွာအဝေးအလိုက် မိမိအားစိုက်ထုတ်ထားတဲ့အတိုင်း ထိုက်တန်တဲ့ ခံစားခွင့်ရရှိနိုင်ဖို့ ပြောင်းလဲလိုက်တဲ့ ပိုမိုမျှတတဲ့ ဝင်ငွေတွက်ချက်မှုပုံစံအသစ် ဖြစ်ပါတယ်။
ဘာတွေ ပြောင်းလဲသွားမလဲ။
အရင်တွက်ချက်မှုပုံစံမှာ ယာဉ်မောင်းဝင်ငွေကို ခရီးသည် စမှတ်ကနေ ခရီးသည် ဆင်းတဲ့ နေရာအထိ အကွာအဝေးကိုပဲ ထည့်တွက်ပေးအပ်တာဖြစ်ပြီး အခုဝင်ငွေတွက်ချက်မှုပုံစံအသစ်မှာ ခရီးစဉ်လက်ခံတဲ့အချိန်ကစလို့ သွားရတဲ့ ခရီးသည်ကြိုရတဲ့အကွာအဝေးနဲ့ ခရီးစဉ်အကွာအဝေးအတွက်ပါ ပေါင်းထည့်ထားတာမို့ မိမိ မောင်းနှင်ရတဲ့ခရီးစဉ်တစ်ခုလုံးအတွက် ထိုက်တန်တဲ့ ခရီးစဉ်ခကို ရရှိမှာ ဖြစ်ပါတယ်။
ဘာလို့ ဒီဝင်ငွေတွက်ချက်မှုပုံစံအသစ်ကို ပြောင်းရတာလဲ။
ကျွန်တော်တို့ ရရှိခဲ့တဲ့ မိတ်ဖက်တွေဆီက အဆင်မပြေတဲ့အချက်တွေထဲမှာ ခရီးသည်ကြိုရတာ ဝေးတဲ့အတွက် ခရီးစဉ်တွေ ပယ်ဖျက်နေရတဲ့အကြောင်းအရာက အချက်တစ်ချက်အနေနဲ့ ပါဝင်နေပါတယ်။ ဒီလို ခရီးစဉ်ပယ်ဖျက်ရတာဟာ ယာဉ်မောင်းတွေအတွက် ဝင်ငွေထိခိုက်စေသလို ခရီးသည်တွေအတွက်လည်း သွားလာရတဲ့အတွေ့အကြုံကို ထိခိုက်အဆင်မပြေဖြစ်စေပါတယ်။ ဒါကြောင့် မိတ်ဖက်ယာဉ်မောင်းတွေကို ခရီးစဉ်လက်ခံတဲ့အချိန်ကစပြီး မိမိ သွားလာရတဲ့ခရီးအကွာအဝေးတစ်လျှောက်လုံး ( ခရီးသည်ကြိုတာအပါအဝင်) အတွက် ထိုက်တန်တဲ့ခံစားခွင့် ရရှိအောင် ဝင်ငွေတွက်ချက်မှုပုံစံအသစ်ကို ပြောင်းလဲပေးလိုက်တာ ဖြစ်ပါတယ်။
ဝင်ငွေတွက်ချက်မှုပုံစံအသစ်ပြောင်းလိုက်တာက ဘယ်လို အကျိုးကျေးဇူးတွေရှိမလဲ?
ခရီးစဉ်ကို လက်ခံလိုက်တဲ့အချိန်ကစပြီး မိမိမောင်းနှင်ရတဲ့ ခရီးအကွာအဝေးတစ်ခုလုံးအတွက် ခံစားခွင့်ရှိမှာဖြစ်လို့ ပိုမိုမျှတပြီး ထိုက်တန်တဲ့ခံစားခွင့် ရရှိမှာဖြစ်ပါတယ်။
Grab ကော်မရှင်ကရော အပြောင်းအလဲရှိမှာလား။
အရင်လို တသမတ်တည်း ပေးရတဲ့ Grab ကော်မရှင်ဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။ အဲဒီအစား ခရီးသည်ကြိုရတဲ့အကွာအဝေးနဲ့ ခရီးစဉ်အကွာအဝေးပေါ် မူတည်ကောက်ခံတဲ့ Grab ဝန်ဆောင်မှုကြေးသာ ရှိတော့မှာ ဖြစ်ပါတယ်။ ခရီးသည်ကြိုရတဲ့အကွာအဝေး ဝေးတာနဲ့အမျှ အားထုတ်ရမှုပိုများတာမို့ Grab က ကောက်ခံမဲ့ ဝန်ဆောင်မှုကြေး နည်းလေ ဖြစ်မှာပါ။
Credit Wallet ထဲ ငွေအလုံအလောက် မရှိရင် ခရီးစဉ်အော်ဒါ မရနိုင်ဘူးလား။
အခုအသစ်ပြောင်းလဲလိုက်တဲ့ ပုံစံအရ မိတ်ဆွေတို့ရဲ့ Credit Wallet ထဲဖြစ်ဖြစ်၊ Cash Wallet ထဲပဲ ဖြစ်ဖြစ်၊ နှစ်ခုပေါင်းမှာပဲ ဖြစ်ဖြစ် ခရီးစဉ်အတွက် Grab ဝန်ဆောင်မှုကြေး အလုံအလောက်ရှိနေသရွေ့ ဘိုကင်တွေ လက်ခံနိုင်မှာဖြစ်ပါတယ်။ အရင်ကလို Cash Wallet ကနေ Credit Wallet ထဲ ပြောင်းထည့်စရာမလိုတော့ပါဘူး။
Grab Center 1
11 A, Kanbawza Yeik Thar Street,
Shwe Taung Kyar Ward,
Bahan Township, Yangon,
Myanmar
Grab Center 2
BOC petrol Station
Number 2 Main Road,
Intersection of South & North Dagon,
Yangon, Myanmar