ဆိုင်တူ အော်ဒါနှစ်ကြောင်း တပြိုင်နက်ရယူနိုင်မယ့် အစီအစဉ်

မင်္ဂလာပါခင်ဗျာ။

မိတ်ဆွေများအားလုံး အချိန်ကုန်သက်သာစွာဖြင့် အကြောင်းရေ များများ လက်ခံပြီး ဝင်ငွေပိုမိုရရှိ အောင် အစီအစဉ်သစ်လေး တစ်ခု ဖန်တီးပေးထားပါတယ်။ အဲဒီအစီအစဉ်လေးကတော့ ဆိုင်တူမှာယူထားသော အော်ဒါနှစ်ခုကို တပြိုင်နက်ထဲ လက်ခံပြီး ပို့ဆောင်နိုင်တဲ့ အစီအစဉ်လေးတစ်ခုဖြစ်ပါတယ်။ ကဲ… အက်ပလီကေးရှင်းမှာ ဘယ်လိုအော်ဒါဝင်ပြီး ဘယ်လိုလက်ခံမလဲဆိုတာ ကြည့်လိုက်ရအောင်။

================

အောက်ကပုံလေးကတော့  ပထမ အော်ဒါဝင်လာတဲ့ပုံဖြစ်ပါတယ်။ အော်ဒါကို လက်ခံဖို့အတွက် မိတ်ဆွေတို့ ပုံမှန်လက်ခံနေကျအတိုင်း Accept ကို နှိပ်ပါ။  

================

အောက်ကပုံလေးကတော့ ဆိုင်ကို မရောက်ခင်မှာပဲ နောက်ထပ် အော်ဒါတစ်ခု ဝင်လာတဲ့ပုံလေးဖြစ်ပါတယ်။…..ဒါဆိုရင်တော့ လမ်းကြောင်းတစ်ခု ထဲနဲ့ အော်ဒါနှစ်ခုစာ ပို့ဆောင်လို့ရပြီပေါ့။

 

 

================

အော်ဒါတစ်ကြောင်းထပ်ရလာတဲ့အတွက် ခုလိုပဲ ပုံမှာမြင်ရမှာဖြစ်ပါတယ်။ အစိမ်းရောင် ပြထားတဲ့  နံပါတ် ၁ နေရာကတော့ အော်ဒါသွားရောက်ယူဆောင်ရမယ့် ဆိုင်ဖြစ်ပါတယ်။ အနီရောင်နဲ့ ပြထားတဲ့ နံပါတ် ၂နေရာကတော့ ပထမဦးဆုံး ပို့ဆောင်ပေးရမယ့် မှာယူသူရဲ့ လိုကေးရှင်းဖြစ်ပါတယ်။ အနီရောင်နဲ့ ပြထားတဲ့ နံပါတ် ၃ နေရာကတော့ နောက်ဆုံး ပို့ဆောင်ပေးရမယ့် နေရာဖြစ်ပါတယ်။ ဒီမှာ တစ်ခု သတိပြုရမယ့် အချက်ကတော့ ပထမဦးဆုံး မှာယူသူဆီကို အရင်ဆုံး ပို့ဆောင်ရမှာဖြစ်ပါတယ်။ အလှည့်ကျော်ပြီး ဒုတိယမှာယူသူဆီကိုပို့ဆောင်လို့မရပါဘူး။ မှာယူမှု အစဉ်လိုက်အတိုင်း ပို့ဆောင်ရမှာဖြစ်ပါတယ်။ 

================

Order ကို နှိပ်လိုက်မယ်ဆိုရင် မှာယူသူများရဲ့ အော်ဒါတွေကို အောက်ပါအတိုင်း မြင်ရမှာဖြစ်ပါတယ်။ 

================

More Detail ကို နှိပ်လိုက်မယ်ဆို ရင် မှာယူထားတဲ့ အော်ဒါအသေးစိတ်ကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

================

ဆိုင်ကို ရောက်ရှိတဲ့အခါ ဆိုင်က ဝန်ထမ်းတွေကို မှာယူသူများရဲ့ အော်ဒါတစ်ခုချင်းစီကို သေသေချာချာ ပြသပေးဖို့ လိုပါတယ်။ ဥပမာ။ ပထမဦးဆုံးမှာယူသူဖြစ်တဲ့ ထက်ဦးလွင်ကို နှိပ်လိုက်ပါ။ အဲဒီအခါမှာ  ထက်ဦးလွင် ရဲ့ မှာယူထားတဲ့ အမျိုးအစားများကို တွေ့ရပါလိမ့်မယ်။ သတိပြုရမယ့် အချက်က ဆိုင်ကို အော်ဒါတစ်ခုကို ပြသပြီးမှ နောက်တစ်ခုကို ပြသပေးဖို့ဖြစ်ပါတယ်။ 

================

အော်ဒါများကို ဆိုင်သို့ ပြသပြီး အစားအစာများ ရရှိပြီဆိုရင် Continue ကို နှိပ်ပါ။ 

================

ကျသင့်ငွေရှင်းဖို့အတွက် စာမျက်နှာပေါ်လာပါမယ်။ ပထမဦးဆုံးမှာယူသူရဲ့  ပြေစာမှ ကျသင့်ငွေကို ရိုက်ထည့်ပါ။ ပြီးရင် အမှန်ခြစ်ကို နှိပ်ပါ။

================

ပြီးရင်တော့ ပြေစာကို ဓါတ်ပုံရိုက်ရမှာဖြစ်ပါတယ်။

================

ဓါတ်ပုံရိုက်ပြီး Save နှိပ်ပါ။ 

================

ဒါဆိုရင် ဒုတိယအော်ဒါအတွက် ကျသင့်ငွေဖြည့်သွင်းရန် ပေါ်လာမှာဖြစ်ပါတယ်။  ဒုတိယအော်ဒါအတွက်လည်း ပထမအော်ဒါအတိုင်း ကျသင့်ငွေ ဖြည့်သွင်းရပါမယ်။ 

================

ပြီးလျှင်တော့ ပြေစာကို ဓါတ်ပုံရိုက်ရမှာဖြစ်ပါတယ်။ 

================

ဓါတ်ပုံကို Save ပြီးပြီဆိုရင်တော့ အော်ဒါနှစ်ခုစလုံးအတွက် ကျသင့်ငွေ ဖြည့်သွင်းတဲ့လုပ်ငန်းစဉ်ကို ပြီးဆုံးဖို့အတွက် Submit Photo ကိုနှိပ်ပါ။

================

ဒါကတော့ မှာယူသူနှစ်ယောက်ရဲ့ အော်ဒါများကို ရောထွေးမသွားအောင် အမှတ်အသားလေးတစ်ခု ပြုလုပ်ဖို့ သတိပေးတဲ့ စာလေးဖြစ်ပါတယ်။

================

အော်ဒါနှစ်ခု မရောအောင် အမှတ်အသားလေးတစ်ခုလုပ်ပေးပါ။  အော်ဒါအမျိုးအစားနှင့် အရေအတွက် မှန်၊ မမှန် စစ်ဆေးပြီးရင် I’ve Collected ကို နှိပ်ပါ။

================

ခုဆိုရင်တော့ ပထမဦးဆုံး မှာယူသူဆီသို့ အစားအစာများ သွားပို့ရမှာဖြစ်ပါတယ်။ ထပ်ပြီး သတိပြုစေချင်တာ ကတော့ ပထမဦးဆုံး မှာယူသူကို ကျော်ပြီး ဒုတိယမှာယူသူဆီသို့ သွားမပို့ဖို့ပါပဲ။ ပထမဦးဆုံး မှာယူသူဆီ ရောက်ပြီဆိုရင်တော့ I’ve Arrived ကို နှိပ်ပါ။

================

နှိပ်ပြီးတာနဲ့ အခုလိုပေါ်လာမှာဖြစ်ပါတယ်။ မှာယူသူထံ အစားအစာပေးအပ်တဲ့အခါ အော်ဒါနှစ်ခု မှားပြီး မပေးအောင် ဂရုစိုက်ဖို့ သတိပြုစေချင်ပါတယ်။ မှာယူသူလက်ထဲကို အစားအစာ ရောက်ပြီဆိုတာနဲ့ Order Delivered ကို နှိပ်ပါ။

================

ပထမဦးဆုံး မှာယူသူရဲ့ ကျသင့်ငွေကို တွက်ချက်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ မှန်ကန်တယ်ဆိုရင် Confirm ကို နှိပ်ပါ။

================

ဒုတိယမှာယူသူထံသွားရောက်ပို့ဆောင်တဲ့အခါမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ရောက်ပြီဆိုပါက Order Delivered, ငွေပမာဏတွက်ချက်မှုမှန်ကန်ကြောင်း Confirm စသဖြင့် နှိပ်ရမှာဖြစ်ပါတယ်။ ပြီးဆုံးပြီဆိုရင်တော့ Completed Job ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။

ခုလို လမ်းကြောင်းတစ်ကြောင်းမှာ အော်ဒါနှစ်ခု ပို့ဆောင်နိုင်တာဖြစ်လို့ ဆိုင်ကို နှစ်ခါသွားစရာမလိုတာမို့ အချိန်ကုန်သက်သာစေတယ်။ လူပင်ပန်းတာ သက်သာစေတယ်။ တကြိမ်ထဲနဲ့ အကြောင်းရေ ပိုရရှိနိုင်ပါတယ်။ ကဲ…ဒါဆိုရင်တော့ အားလုံးလဲ နားလည်မယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။