မိတ်ဆွေယာဉ်မောင်းများအတွက် နှစ်သစ်ဆုမွန်ကောင်း

 

မိတ်ဆွေယာဉ်မောင်းများ Happy New Year လို့ Grab ကနှစ်သစ်ကူးအကြို နှုတ်ဆက်ချင်ပါတယ်။ ယာဉ်မောင်းမိတ်ဆွေများအားလုံးလဲ နှစ်သစ်ကူးကာလမှာ Grab နဲ့အတူ အော်ဒါတွေ အများကြီး ရရှိပြီး ဝင်ငွေတိုးပွားလိမ့်မယ်လို့လဲ မျှော်လင့်ပါတယ်။

၂၀၁၈ခုနှစ်ဟာ Grab နဲ့ မိတ်ဆွေယာဉ်မောင်းတွေအတွက် ထူးခြားတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ တစ်နှစ်ထက်တစ်နှစ် မိတ်ဆွေယာဉ်မောင်းတွေ ပိုမိုအဆင်ပြေအောင်၊ ပိုမိုဝင်ငွေတိုးလာအောင် လုပ်ဆောင်ခဲ့တဲ့ အချိန်ကာလတစ်ခုဖြစ်ခဲ့ပြီး မိတ်ဆွေတို့အတွက် ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ၊ Update တွေကို ထည့်သွင်းခဲ့ပြီး ဘေးကင်းယုံကြည်စိတ်ချရမှုအရှိဆုံး Taxi ဝန်ဆောင်မှုအဖြစ် ခရီးသည်နဲ့ မိတ်ဆွေတို့ကြားမှာ ရပ်တည်ပေးခဲ့ပါတယ်။

၂၀၁၈ခုနှစ်အတွင်း Grab ဟာ ရန်ကုန်မြို့အပြင်၊ အခြားခြေလှမ်းတွေအဖြစ် မန္တလေးမြို့မှာ GrabThoneBane နဲ့ Grab Taxi ဝန်ဆောင်မှုတွေကို စတင်ဝန်ဆောင်မှုပေးခဲ့ပြီး၊ နှစ်ကုန်ပိုင်းမှာလည်း ပုဂံမြို့မှာ GrabThoneBane ဝန်ဆောင်မှုကို မိတ်ဆက်ခဲ့ပါတယ်။

၂၀၁၈ခုနှစ်အတွင်း မိတ်ဆွေတို့နဲ့ Grab ကြားမှာ အမှတ်တရများစွာလည်းကျန်ရစ်ခဲ့ပြီး Grab က Gandamar Whole Sale မှာ ပြုလုပ်တဲ့ “ဂုဏ်ပြုတွေ့ဆုံပွဲ” နဲ့ “Grab Carnival” ပွဲတော်တွေက အဓိကအထင်ကရ ပွဲတွေပါပဲ။ ဒီပွဲတွေကြောင့် မိတ်ဆွေတို့အချင်းချင်းလဲ ရင်းနှီးမှုတွေ တိုးလာသလို၊ မိတ်ဆွေတို့နဲ့ Grab ကြားမှာလည်း အမှတ်တရဖြစ်စရာတွေ ကျန်ခဲ့ပါတယ်။

အလားတူပဲ နှစ်သစ်ဖြစ်တဲ့ ၂၀၁၉ခုနှစ်မှာလည်း မိတ်ဆွေယာဉ်မောင်းတွေအတွက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ၊ မိတ်ဆွေတို့ ပိုမိုဝင်ငွေတိုးလာစေမယ့်အရာတွေ ကို Grab က အဓိကထား ပြုလုပ်သွားဦးမှာ ဖြစ်ပြီး အခြားမြို့ကြီးတွေမှာလည်း Grab ဝန်ဆောင်မှုကို ထပ်မံခြေဆန့်သွားဖို့ ရှိပါတယ်။ မိတ်ဆွေတို့ကိုယ်တိုင်လဲ နှစ်သစ်မှာ မိမိချစ်ခင်ရတဲ့သူတွေနဲ့အတူ အကောင်းဆုံးဆိုတဲ့ အရာတွေဖြစ်ပေါ်ပါစေကြောင်း Grab မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ပျော်ရွှင်စရာနှစ်သစ်လေးဖြစ်ပါစေ..