အစိမ်းရောင်အစက်လေးတွေကို တွေ့ပါသလား


သင် နောက်တစ်ခါ အောင်မင်္ဂလာအဝေးပြေးဂိတ်ကနေ Grab စီးမယ်ဆိုရင်  သင့်ကို လာကြိုစေချင်တဲ့နေရာကို အတိအကျရွေးချယ်နိုင်ဖို့ အက်ပလီကေးရှင်းပေါ်က အစိမ်းရောင်အစက်လေးတွေကို ရှာဖွေကြည့်ပါ။

ချောင်းရိုးလမ်းဂိတ် ဒါမှမဟုတ် နီလာဒံပေါက်ဆိုင်နားမှာ ရှိနေတယ်ဆိုတာကို အရင်ကလို “Notes” မှာ စာရိုက်ပြောဆိုတာမျိုး၊ ယာဉ်မောင်းကို ဖုန်းခေါ်ဆိုပြောဆိုတာမျိုးတွေ လုပ်ဖို့ မလိုတော့ပါဘူး။

ပုံမှန်အားဖြင့် မြေပုံဝန်ဆောင်မှုပေးသူတွေဟာ အဆောက်အအုံတွေနဲ့ နေရာတွေအကြားမှာ လိုကေးရှင်း အမှတ်အသားကို ထားရှိတတ်ပါတယ်။ A ကနေ B ဆီ လမ်းကြောင်းပြဖို့အတွက် အဲဒီဝန်ဆောင်မှုတွေက အသုံးဝင်ပေမယ့်လည်း ယာဉ်မောင်းတွေအနေနဲ့ ခရီးသည် ကြိုပို့လုပ်ရမှာ ရှုပ်ထွေးမှုတွေ ဖြစ်စေနိုင်ပါတယ်။

အထူးသဖြင့် လေယာဉ်ကွင်း၊ ဈေးဝယ်စင်တာ၊ ဘူတာရုံ၊ နိုင်ငံခြားခရီးသွားတွေ လည်ပတ်လေ့ရှိတဲ့နေရာတွေမှာ ပိုခက်ခဲတတ်ပါတယ်။ ယာဉ်လမ်းကြောင်းပိတ်ဆို့မှုတွေ၊ ဝင်ပေါက်ထွက်ပေါက်များပြားတာတွေကြောင့် အဲဒီလိုနေရာတွေမှာ ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေ အချင်းချင်းရှာတွေ့ဖို့  အတော်ခက်ခဲတာပါ။

ဒေသတွင်း ဒေတာစုဆောင်းဆန်းစစ်ချက်တွေအရ ကျွန်တော်တို့ရဲ့ မြေပုံဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုအဖွဲ့ဟာ ဒေသတစ်ဝန်းမှာ မှတ်တိုင်လို တိကျတဲ့ကြိုရန် ပွိုင့်နေရာအသစ်ပေါင်း ၅၀၀၀ ကျော် ဖြန့်ကျက်ထားနိုင်ပါတယ်။ သင့်ရဲ့အက်ပလီကေးရှင်းပေါ်က အစိမ်းရောင်အစက်လေးတွေဟာ အဲဒီလို လူထူထပ်တဲ့ လိုကေးရှင်းတွေမှာ ကြိုရမယ့် ပွိုင့်နေရာတွေအဖြစ် ပြသပေးနေပြီး အဆင်ပြေတယ်ဆိုရင် အဲဒီပွိုင့်လေးတွေထဲကပဲ ထောက်ပြီး ရွေးချယ်နိုင်ပါတယ်။

သင် လိုရာခရီးရောက်ဖို့ ကျွန်တော်တို့ ကူညီပါရစေ

ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်က သင့်အတွက် အချောမွေ့ဆုံး ခရီးစဉ်ဝန်ဆောင်မှုကို ပေးအပ်ဖို့ပဲဖြစ်ပါတယ်။ ခုန သတ်မှတ်ပေးထားတဲ့ ကြိုရမယ့် ပွိုင့်နေရာတွေနဲ့ သင်နဲ့အကြား လမ်းလျှောက်ရတဲ့ အကွာအဝေးတွေကို လျှော့ချနိုင်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ ဒေတာပမာဏမြောက်များစွာကို လေ့လာခြင်း၊ ခရီးသည်တွေနဲ့ ယာဉ်မောင်းတွေထံကနေ လိုကေးရှင်းနဲ့ စပ်လျဉ်းတဲ့ ဝေဖန်အကြံပြုချက်တွေကို ဆန်းစစ်ခြင်းတွေက တစ်ဆင့် လိုကေးရှင်းပြဖို့ အခက်ခဲဆုံးဒေသတွေ (အောက်ဖော်ပြပါမြေပုံမှာ အမဲရောင်ခြယ်ထားတဲ့ ဧရိယာတွေကို ကြည့်ပါ) ကို ဦးစွာ ဖော်ထုတ်ပါတယ်။

အကောင်းဆုံးကြိုရမယ့်ပွိုင့်နေရာတွေဟာ ဘယ်နေရာတွေဖြစ်နိုင်တယ်ဆိုတာကို ထောက်ပြနိုင်ဖို့အတွက် အွန်လိုင်းက လိုကေးရှင်းတွေကို အရင်ဆုံးရှာဖွေပါတယ်။ အဲဒီနောက် ရှာဖွေတွေ့ရှိတဲ့နေရာတွေဟာ အမှန်တကယ် အဆင်ပြေနိုင် မနိုင် သိရှိဖို့ နေရာတစ်ခုချင်းစီကို သွားရောက်ကြည့်ရှုပါတယ်။ ဒေသတွင်းဥပဒေတွေနဲ့အညီ ဆောင်ရွက်နိုင်ဖို့အတွက်လည်း အဲဒီလိုကေးရှင်းတွေက ယာဉ်အမျိုးအစားမျိုးစုံအတွက် အဆင်ပြေမှုရှိမရှိ သေချာဖို့ ဒေသခံတွေနဲ့ ဆွေးနွေးပြီး ဝေဖန်အကြံပြုချက်ရယူပါတယ်။ ဥပမာ ဈေးဝယ်စင်တာတွေမှာရှိတဲ့ တက္ကစီဂိတ်တွေမှာ တက္ကစီတွေသာ ရပ်နိုင်ပြီး ကိုယ်ပိုင်ကားတွေ ရပ်နားခွင့်မရှိနိုင်တာမျိုးတွေပါ။

ပိုမိုတိကျသေချာတဲ့ ကြိုရမယ့် ပွိုင့်နေရာတွေရှိတဲ့အတွက် ယာဉ်မောင်းတွေအနေနဲ့ သင် စောင့်နေတဲ့နေရာကို တိတိကျကျရောက်ရှိလာနိုင်ပါတယ်။ အဲဒီအခါ ခရီးသည်တွေအနေနဲ့လည်း ယာဉ်မောင်းနဲ့ လိုကေးရှင်းကိစ္စ အချေအတင်ပြောဆိုရတာမျိုးတွေအပေါ် စိတ်ရှုပ်ပြီး ခရီးစဉ်ဖျက်သိမ်းလိုက်နိုင်ချေလည်း လျော့ကျသွားနိုင်ပါတယ်။

ယေဘုယျအားဖြင့် သင့်ရဲ့ ယာဉ်မောင်းရှိရာကို မီတာ ၄၀ အတွင်း အရောက်သွားနိုင်တာကြောင့် ဒေသတစ်ဝန်းမှာ ဒီဝန်ဆောင်မှုကို အဆင်ပြေပြေအသုံးပြုနေနိုင်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ခရီးသည်နဲ့ ဆုံမှတ်က ယာဉ်ရှိရာ အကွာအဝေးကို သုံးပုံနှစ်ပုံကျော်အထိ လျှော့ချထားပြီဖြစ်ပါတယ်။

အရှေ့တောင်အာရှဒေသတွင်းက ကျွန်တော်တို့ရဲ့   ကြိုရမယ့် ပွိုင့်နေရာအချို့ကို ကြည့်ရှုဖို့အတွက် ဖော်ပြပါထောက်ကြည့်နိုင်တဲ့ လိုကေးရှင်းပြမြေပုံပေါ်မှာ တစ်ပတ်ပတ်ကြည့်လိုက်ပါ။ သေသေချာချာ ထောက်ကြည့်နိုင်ဖို့အတွက် ကွန်ပျူတာပေါ်မှာ ကြည့်ရှုစေလိုပါတယ်။

“ကျွန်တော်တို့အနေနဲ့ အရှေ့တောင်အာရှမှာရှိတဲ့ သုံးစွဲသူတွေအတွက် အကောင်းဆုံး အငှားယာဉ်ဝန်ဆောင်မှုအတွေ့အကြုံတွေ ပေးအပ်လိုပါတယ်။ ခရီးသည်တွေကို သူတို့ရွေးချယ်ထားတဲ့ နေရာတွေမှာ အကြို၊ အပို့လုပ်ပေးနိုင်ဖို့က သိပ်ကို အရေးကြီးပါတယ်” လို့ မြေပုံဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုအဖွဲ့၊ ဒေသတွင်းအကြီးအကဲဖြစ်သူ Ajay Bulusu က ဆိုပါတယ်။

“ကျွန်တော်တို့မှာ တိုးတက်မှုတွေ ရှိနေပါပြီ။ ခရီးသည်တွေကို အကြိုအပို့လုပ်တဲ့နေရာမှာ လိုကေးရှင်းမှန်ကန်တိကျမှုကို ပိုလျင်လျင်မြန်မြန်နဲ့ ရရှိလာပါပြီ။ အခုဆိုရင် ခရီးသည်တွေအနေနဲ့ ကိုယ်စောင့်နေတဲ့ လေဆိပ်ထွက်ပေါက်မှာဖြစ်စေ၊ စက်မှုဇုန်ကြီးတစ်ခုရဲ့ တစ်နေရာမှာဖြစ်စေ၊ ဈေးဝယ်စင်တာရဲ့ တစ်နေရာရာမှာဖြစ်စေ ဆုံမှတ်နေရာအတိအကျမှာ လာကြိုနိုင်စေတော့မှာဖြစ်လို့ သက်သောင့်သက်သာနဲ့ လွယ်လွယ်ကူကူ စီးနင်းနိုင်ပါပြီ။”

“ပြီးတော့လည်း Grab အက်ပလီကေးရှင်းပေါ် ဘွတ်ကင်လုပ်တဲ့အခါမှာ အလိုလျောက်လုပ်ဆောင်ချက်စနစ်က သွားမယ့်နေရာရဲ့လမ်းကြောင်းကို ဖော်ပြပေးမှာဖြစ်ပြီး၊ သွားလိုရာကို ပို့ဆောင်ပေးရာမှာလည်း အကူအညီပေးမှာ ဖြစ်ပါတယ်။”

ပိုမိုကောင်းမွန်တဲ့  မြေပုံ ရရှိဖို့အတွက် လူအများထံမှ အရင်းအမြစ်ရယူခြင်း

ကျွန်တော်တို့အနေနဲ့  ကြိုရမယ့် ပွိုင့်နေရာတွေနဲ့ ပို့ဆောင်ပေးရမယ့် ပွိုင့်နေရာတွေကို ပိုမိုအသေးစိတ် တိတိကျကျ ဖြစ်အောင် စီစဉ်ဆောင်ရွက်နေပါတယ်။  တချို့ တိကျသေချာမှု မရှိသေးတဲ့ လိုကေးရှင်းတွေအတွက်လည်း အမြန်ဆုံး ပြုပြင်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်။

အခုလို ဆောင်ရွက်နိုင်ဖို့အတွက် လမ်းပေါ်မှာ ကျွန်တော်တို့ မသိနိုင်တဲ့အရာတွေကို စောင့်ကြည့်အကြောင်းကြားပေးတဲ့ Grab ကွန်ယက်ကြီးရှိနေတာဟာ ကံကောင်းပါတယ်။ ဒီအတွက်ပဲ  ခရီးသည်တွေအနေနဲ့ ဝေဖန်အကြံပြုချက်တွေ လွယ်လွယ်ကူကူ ပေးနိုင်အောင် ဆောင်ရွက်ပေးခဲ့တာပါ။

ခရီးသည်တွေဟာ “မမှန်ကန်တဲ့လမ်းကြောင်း (သို့) ဝင်ပေါက်၊ လိုကေးရှင်း၊ နာမည် (သို့)  ကြိုရမယ့် ပွိုင့်နေရာတွေနဲ့ ပို့ဆောင်ရမယ့် ပွိုင့်နေရာတွေ ရှာမတွေ့တာ” တွေလို လိုကေးရှင်းထောက်တာနဲ့ ပတ်သက်ပြီး အခက်အခဲတစ်စုံတစ်ရာရှိလို့ ဝေဖန်အကြံပြုချင်တယ်ဆိုရင် အက်ပလီကေးရှင်းထဲမှာရှိတဲ့ “Help Center” ကတစ်ဆင့် ၊ ဒါမှမဟုတ် Grab ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ မက်ဆင်ဂျာကတစ်ဆင့် ဝေဖန်အကြံပြုလို့ ရပါတယ်။

ကျွန်တော်တို့အနေနဲ့ ဒေသတစ်ဝန်း အငှားယာဉ်ဝန်ဆောင်မှုပေးတဲ့အခါမှာ ပြည့်စုံတဲ့ မြေပုံရေးဆွဲဖန်တီးနိုင်ဖို့အတွက် ခရီးသည်တွေဆီက ဝေဖန်အကြံပြုချက်တွေဟာ အရေးပါ ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလနဲ့ အခုနှစ် ဇန်နဝါရီလ အတွင်းမှာ လိုကေးရှင်းညွှန်ပြမှုနဲ့ပတ်သက်ပြီး ခရီးသည်တွေရဲ့ထင်မြင်ချက်ပေါ်  အခြေခံလို့ မြေပုံနေရာ ၂၀၀၀ ခန့်ကို ဖြည့်စွက်မွမ်းမံပေးနိုင်ခဲ့ပါတယ်။

ယာဉ်မောင်းတွေအနေနဲ့လည်း အက်ပလီကေးရှင်းထဲမှာ ရှိတဲ့ “Drive Rate Trip” ကနေတစ်ဆင့် လိုကေးရှင်းညွှန်ပြမှု ပြဿနာ ကြုံလာတာနဲ့ ချက်ချင်းဝေဖန်အကြံပြုလို့ရပါတယ်။ အဲဒီအကြံပြုချက်တွေဟာ အင်ဂျင်နီယာအဖွဲ့နဲ့ လုပ်ငန်းဆောင်ရွက်မှုအဖွဲ့ထံ တိုက်ရိုက်ရောက်ရှိမှာဖြစ်ပြီး ချက်ချင်းလက်ငင်း ဖြေရှင်းပေးမှာဖြစ်ပါတယ်။

အဲဒီလုပ်ဆောင်ချက်ကို စတင်ပြီး လေးလအတွင်းမှာ ဒေသတွင်းယာဉ်မောင်းတွေဆီက လိုကေးရှင်းညွှန်ပြမှုနဲ့ပတ်သက်တဲ့ ဝေဖန်အကြံပြုချက်ပေါင်း ၅၀,၀၀၀ ကျော်ကို ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယာဉ်မောင်းတွေက ကန့်သတ်ထားတဲ့  ကြိုရမယ့် ပွိုင့်နေရာတွေနဲ့ ပို့ရမယ့် ပွိုင့်နေရာတွေအကြောင်း၊ ပိတ်ထားတဲ့ လမ်းတွေအကြောင်း အပြင် မှတ်တမ်းမတင်ထားရသေးတဲ့ နောက်ဖေးလမ်းကြား လိုကေးရှင်းတွေကိုပါ ပြောပြပေးခဲ့ပါတယ်။

“အရှေ့တောင်အာရှဒေသအတွင်း အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ မြေပုံရေးဆွဲခြင်းလုပ်ငန်းတွေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ဖို့အတွက် လုပ်စရာတွေအများကြီးကျန်နေပါသေးတယ်။ ယာဉ်မောင်းတွေ၊ ခရီးသည်တွေကပေးတဲ့ အကြံဉာဏ်တွေရယူပြီး ဆောင်ရွက်သွားမှာပါ။ အားလုံးကအချင်းချင်း ရိုင်းပင်းကူညီကြမယ်ဆိုရင် စုပေါင်းအင်အားနဲ့ ကျွန်တော်တို့ အားလုံးအတူတူအောင်မြင်နိုင်မှာပါ” လို့ Ajay က ပြောကြားခဲ့ပါတယ်။

ခရီးသည်တွေရဲ့ ဝေဖန်အကြံပြုချက်တွေကို ချက်ချင်းအရေးတယူ လုပ်ဆောင်မှု မရှိဘူးလို့ ထင်မြင်ယူဆကောင်း ယူဆနေကြမှာ ဖြစ်ပေမယ့်  ခရီးသည်တစ်ဦးချင်းရဲ့ ဝေဖန်အကြံပြုချက်တိုင်းဟာ ကျွန်တော်တို့အနေနဲ့ အရှေ့တောင်အာရှဒေသတွင်းမှာ ပိုမိုကောင်းမွန်ပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ အငှားယာဉ်ဝန်ဆောင်မှုအတွေ့အကြုံတွေရရှိအောင် ဖန်တီးပေးရာမှာ အထောက်အကူဖြစ်စေတာ အမှန်ပါပဲ။