Menu

တစ်ဘီလီယံထဲမှာ သင်လည်း တစ်ဦးအပါအဝင်ပါ!

၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်နေ့၊ စင်ကာပူစံတော်ချိန် ၇နာရီ၊ ၃၄မိနစ်၊ ၃၇စက္ကန့်မှာ သင်ဘာလုပ်နေခဲ့ပါလဲ?

အဲ့ဒီ့အချိန်မှာ ရုပ်ရှင်ကြည့်ဖို့ချိန်းထားတဲ့နေရာကို အပြေးအလွှားသွားနေတုန်း ဖြစ်ချင်ဖြစ်မယ်၊ မိသားစုနဲ့ ညစာ အတူစားဖို့ အိမ်ပြန်နေတဲ့အချိန် ဒါမှမဟုတ် Gym ကို သွားနေတဲ့ လမ်းပေါ်မှာလည်း ဖြစ်နိုင်တယ်။ ဘယ်မှာပဲရောက်နေနေ စိတ်လှုပ်ရှားစရာတစ်ခုခု ဖြစ်သွားခဲ့တဲ့အချိန်မှာ သင်လည်းပါဝင်နိုင်ဖို့ Grab လမ်းကြောင်းတစ်ခုမှာ စီးနင်းလိုက်ပါချိန်ဖြစ်ဖို့ မျှော်လင့်ပါတယ်။

အဲ့ဒီ့ စံတော်ချိန်အတိအကျနဲ့ စက္ကန့်ပိုင်းလေးအတွင်း အရှေ့တောင်အာရှ နိုင်ငံမှာ Grab ဌားရမ်းစီးနင်းမှုအကြိမ်ရေ ၆၆ ကြိမ်ထိ တစ်ပြိုင်နက်တည်းဖြစ်ပွားခဲ့ပြီး ကျွန်တော်တို့ရဲ့ ဘီလီယံ ဆိုတဲ့ မှတ်တိုင်ကြီးတစ်ခုကို ရောက်ရှိခဲ့ပြီပဲဖြစ်ပါတယ်!

<ပုံ _ နိုင်ငံအလိုက် စုစုပေါင်း ငှားရမ်းစီးနင်းမှုများ (ကြည့်လိုသည့် စံတော်ချိန်ကို ရွေးချယ်ပါ)>

ကျွန်တော်တို့ဟာ ဒီစက္ကန့်ပိုင်း အတိအကျလေးအတွင်းမှာ လုပ်ဆောင်ခဲ့တဲ့ ငှားရမ်းစီးနင်းကြိမ်ပေါင်း ၆၆ ကြိမ်ရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို သိလိုစိတ်ပြင်းပြစွာနဲ့ ရှာဖွေခဲ့ကြပါတယ်။

< ပုံ ၂ - တစ်စက္ကန့်အတွင်း အရေအတွက်များ >

(အခုပုံမှာတော့ ငှားရမ်းစီးနင်းကြိမ်ပေါင်း ၁ ဘီလီယံ ပြည့်မြောက်ခဲ့တဲ့ နောက်ဆုံးစက္ကန့်မှာ ဖြစ်ပေါ်ခဲ့တဲ့ ငှားရမ်းစီးနင်းကြိမ် ၆၆ ကြိမ်ရဲ့ စိတ်ဝင်စားစရာ အရေအတွက်တွေဖြစ်ပါတယ်။

– Grab က လက်ရှိမှာ JustGrab, GrabCar, GrabHitch, GrabShare, GrabTaxi နဲ့ GrabBike ဆိုပြီး ၀န်ဆောင်မှု ၆ မျိုး လုပ်ကိုင်လျှက်ရှိပါတယ်။

– လမ်းကြောင်းတွေအားလုံးအတွက် ခရီးသည်တွေရဲ့ ပျှမ်းမျှ အဆင့်သတ်မှတ်ချက် 4.9 star ရရှိထားပါတယ်။

– ငှားရမ်းစီးနင်းကြိမ်ပေါင်း ၆၆ ကြိမ်ထဲမှာ အဲ့ဒီ့နေ့အစောပိုင်းကမှ စတင်ပြီး Grab ကို အသုံးပြုခဲ့တဲ့ ခရီးသည်တွေရဲ့ ငှားရမ်းမှု ၂ ကြိမ်ပါဝင်ခဲ့ပါတယ်။

– စင်ကာပူမှာ ငှားရမ်းစီးနင်းခဲ့တဲ့ လမ်းကြောင်းတွေအားလုံးကို GrabPay နဲ့ ပေးချေခဲ့တာပါ။

– ၁ ဘီလီယံရဲ့ နောက်ဆုံးစက္ကန့်လေးမှာ GrabChat ကိုသုံးပြီး ယာဉ်မောင်းနဲ့ ခရီးသည်တွေ အပြန်အလှန်ဆက်သွယ်ခဲ့တဲ့ စာပေါင်း ၁၆၈ ခု ရှိပါတယ်။

– ဒီ ၆၆ ကြိမ်မှာ အတိုဆုံးလမ်းကြောင်းက ၀.၅၇ ကီလိုမီတာ (GrabBike, အင်ဒိုနီးရှား) နဲ့ အရှည်ဆုံးလမ်းကြောင်းက ၁၉.၃၉ ကီလိုမီတာ (GrabShare, စင်ကာပူ) တို့ဖြစ်ပါတယ်။

ကျွန်တော်တို့ ဒီနေ့ရရှိခဲ့တဲ့ အောင်မြင်မှုက ကျွန်တော်တို့အပေါ် ယုံကြည်ပေးခဲ့တဲ့ တစ်ဦးချင်း တစ်ယောက်ချင်းစီကြောင့် ဖြစ်ပါတယ်။ Grab အသုံးပြုသူတွေဆီကနေရတဲ့ အဆက်မပြတ် အားပေးထောက်ခံမှု၊ မိတ်ဖက် အငှားယာဉ်မောင်းတွေရဲ့ တာဝန်သိမှုတွေနဲ့အတူ နောက်ထပ် ဘီလီယံတွေကိုလည်း အမြန်ဆုံးရောက်ရှိနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်လျှက်ပါ။

< စီးနင်းကြိမ် တိုးတက်လာပုံ >

ကျွန်တော်တို့ တစ်ကယ်ကို ကျေးဇူးတင်ရှိကြောင်းနဲ့ ကျွန်တော်တို့ရဲ့ ၀မ်းသာပီတိကို ဖော်ပြဖို့အတွက် ၁ ဘီလီယံပြည့်မြောက်ခဲ့တဲ့ ငှားရမ်းစီးနင်းကြိမ် ၆၆ ကြိမ်မှာပါရှိခဲ့တဲ့ ခရီးသည်တွေနဲ့ မိတ်ဖက်အငှားယာဉ်မောင်းတွေကို ဆက်သွယ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ ဒီလိုဆက်သွယ်ပြောကြားတဲ့အခါ အများစုက အခုလို အံ့သြစရာကောင်းလှတဲ့ မှတ်တိုင်တစ်ခုကို ရောက်ရှိချိန်မှာ သူတို့ပါဝင်ခဲ့ကြလို့ ၀မ်းသာတုန်လှုပ်ခဲ့ကြပြီး သူတို့ရဲ့ Grab နဲ့ ပတ်သတ်တဲ့ အမှတ်တရတွေကိုလည်း မျှဝေပေးခဲ့ကြပါတယ်။

(ဒီ စက္ကန့်ပိုင်းလေးအတွင်း စင်ကာပူမှာ ၁၉.၃၉ ကီလိုမီတာ အကွာအဝေးကို Grab နဲ့ ငှားရမ်းစီးနင်းခဲ့ပြီး အရှည်ဆုံး ငှားရမ်းစီးနင်းတဲ့ လမ်းကြောင်းဖြစ်ခဲ့ပါတယ်။ Erasmus ဆိုသူဟာ စင်ကာပူအားကစားကျောင်းကနေ 313 Somerest ကို သွားရောက်ခဲ့တာပါ။

သူဟာ စင်ကာပူနိုင်ငံ လက်ရွေးစင် ရေကူးအားကစားသမားတစ်ယောက်ဖြစ်ပြီး မကြာသေးခင်က ကျင်းပပြုလုပ်ခဲ့တဲ့ SEA Games ပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

“ကျွန်တော် လေ့ကျင့်ရေးဆင်းဖို့ နေ့တိုင်းလိုလို Grab နဲ့သွားဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်က Platinum အဖွဲ့ဝင်တစ်ယောက် ဖြစ်နေပါပြီ။

GrabShare စီးရင်းနဲ့ အခြားခရီးသည်တွေနဲ့ တွေ့ရတာ ပျော်ဖို့ကောင်းပါတယ်။ တစ်ခါတုန်းက GrabShare စီးရင်းနဲ့ တွေ့တဲ့ ခရီးသည်နဲ့ စကားတွေပြောမိရင်းက သူလဲ Mobile Legends ဆော့တဲ့အကြောင်း သိလိုက်ရတယ်။ အဲ့ဒီ့မှာဆုံပြီးတော့ ဂိမ်းထဲမှာ တစ်ယောက်နဲ့တစ်ယောက် add လိုက်ကြတယ်လေ။”)

စိတ်ဝင်စားစရာအချက်: Erasmus က SEA Games တုန်းက ၁၀ ကီလိုမီတာ အလွတ်တန်းရေကူးပြိုင်ပွဲမှာ ကြိုးစားပမ်းစား ယှဉ်ပြိုင်ခဲ့တယ်လို့သိခဲ့ရပါတယ်။ ဒီအကွာအဝေးက Grab နဲ့ သူငှားရမ်းစီးနင်းခဲ့တဲ့ စင်ကာပူအားကစားကျောင်းကနေ 313 Somerest အထိ အကွာအဝေးရဲ့ တစ်ဝက်လောက်ရှိလို့ ဒါဟာ စိတ်ဝင်စားစရာ တိုက်ဆိုင်မှုတစ်ခုပါပဲ။

(ဒီ ၆၆ ကြိမ်ထဲမှာ အစောဆုံးငှားရမ်းခဲ့တဲ့သူကတော့ ဖိလစ်ပိုင်နိုင်ငံက ခရီးသည် Edwin ပဲ ဖြစ်ပါတယ်။ Ewin က Grab ကို ၂၀၁၃ ခုနှစ်ကတည်းက အသုံးပြုခဲ့တာပါ။

Edwin က မြို့နဲ့ဝေးတဲ့ နေရာမှာ နေထိုင်တဲ့သူဖြစ်လို့ အလုပ်လုပ်ဖို့ မနီလာကို Grab နဲ့ အသွားအပြန်လုပ်နေရသူပါ။

“ကျွန်တော်က ပန်းနာရှိတော့ လေထုညစ်ညမ်းမှုနဲ့ ဖုန်တွေဟာ ကျွန်တော့်ခရီးသွားလာချိန်တွေရဲ့ အဆိုးဝါးဆုံး ရန်သူတွေပါပဲ။ အချို့အငှားယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေက သန့်ရှင်းဖို့လိုအပ်နေပြီး ကားသန့်ရှင်းရေးအတွက် အာမခံပေးနိုင်ဖို့လည်း လိုပါတယ်။ ဒီတော့ သက်တောင့်သက်သာရှိဖို့၊ လွယ်ကူဖို့နဲ့ ဈေးနှုန်းသင့်တင့်ဖို့ အရေးကြီးတဲ့ ကျွန်တော့်အတွက် အချိန်တိုင်းမှာ Grab က အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါတယ်။ Grab ကို ဖိလစ်ပိုင်မှာ ဝန်ဆောင်မှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ!”)

(ကိုမျိုးမင်းအောင်ဟာ မြန်မာနိုင်ငံက Grab မိတ်ဖက်အငှားယာဉ်မောင်းတစ်ဦးပါ။ ၁ ဘီလီယံပြည့်မဲ့ရက် မတိုင်ခင် ၁ရက်အလို အောက်တိုဘာ ၂၅ ရက်နေ့ကမှ Grab နဲ့ ပူးပေါင်းခဲ့တာဖြစ်ပြီး သူ့ရဲ့ ပထမဦးဆုံးလမ်းကြောင်းလည်းဖြစ်ခဲ့ပါတယ်။

ပထမဦးဆုံး အငှားရတဲ့အခေါက်မှာ ခရီးသည်ကို ရှာမတွေ့မှာစိုးတဲ့အတွက် အစပိုင်းမှာစိတ်ပူနေခဲ့ပေမယ့် Grab app ကြောင့် အဆင်ပြေသွားခဲ့ပါတယ်။

“ခရီးသည်ကို သွားကြိုရမယ့်နေရာနဲ့ လိုက်ပို့ရမယ့်နေရာကို App ကနေကြည့်လို့ရတဲ့အတွက် သူတို့ရှိနေတဲ့နေရာကို ချက်ချင်းသွားနိုင်ခဲ့ပါတယ်။)

မျိုးကတော့ သူ့ရဲ့ ပထမဦးဆုံးပြေးဆွဲတဲ့ လမ်းကြောင်းမှာတင် Grab ရဲ့ ၁ ဘီလီယံပြည့်မြောက်တဲ့ အကြိမ်အရေအတွက်ထဲမှာ ပါဝင်ခဲ့လို့ အရမ်းကို ဂုဏ်ယူနေပါတယ်။ “ဒါက ကျွန်တော့အတွက်တော့ အထူးစပါယ်ရှယ်ပါပဲ” လို့ သူက ပြောပါတယ်။ သူ့အတွက် Grab က ဝင်ငွေကောင်းကောင်း ပိုရှာပေးနိုင်တဲ့အတွက်လည်း ဝမ်းသာလို့နေပါတယ်။ သူ Grab အသင်းဝင်ဖြစ်ပြီး စစချင်း လေးရက်အတွင်းမှာပဲ Grab လမ်းကြောင်း ၃၀ ကျော်ပြည့်သွားခဲ့တာလဲ ပါတာပေါ့။ ဒါက အရင်တုန်းက စံချိန်တွေထက် များပါတယ်။ “ကျွန်တော်ရဲ့သူငယ်ချင်း ယာဉ်မောင်းတွေကိုလည်း Grab နဲ့ အလုပ်လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ Grab အကောင်းဆုံးဖြစ်ပါစေခင်ဗျာ” လို့ မျိုးက ထပ်ပြီးပြောခဲ့ပါတယ်။

(ဗီယက်နမ်က Grab ဆိုင်ကယ်မောင်းသူ Tran Ngoc Thao ဟာ အောက်တိုဘာလ ၁၉ ရက်နေ့ကစတင်ပြီး Grab အဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ၁ ဘီလီယံပြည့်ခဲ့တဲ့ စက္ကန့်အချိန်လေးက သူ့ရဲ့ ၇၈ ကြိမ်မြောက် လမ်းကြောင်းဖြစ်ခဲ့ပါတယ်။

“ယာဉ်မောင်းတစ်ယောက်အနေနဲ့ အရှေ့တောင်အာရှမှာ Grab ငှားရမ်းစီးနင်းကြိမ်ပေါင်း ၁ ဘီလီယံပြည့်တဲ့အချိန်မှာ ပါဝင်လိုက်ရတဲ့အတွက် အရမ်းကိုပျော်ရွှင်မိပါတယ်။

Grab နဲ့ မောင်းရတာကြိုက်တယ်။ နေ့တိုင်း ကိုယ်ပို့နိုင်သလောက် ခရီးသည်တွေအများကြီးကို အကြိုအပို့လုပ်ပေးနေရတာကိုလည်း ပျော်ပါတယ်။ အရမ်းအဆင်ပြေပြီး အမြဲကူညီပေးနေတဲ့ GrabBike အဖွဲ့ကြီးမှာ ပါဝင်ရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။)

(ထိုင်းနိုင်ငံမှာလည်း ဒီစက္ကန့်ပိုင်းလေးအတွင်း တန်ဖိုးရှိလှတဲ့ လမ်းကြောင်းတစ်ခုနဲ့အတူ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒီလမ်းကြောင်းကို ပြေးဆွဲပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်အငှားယာဉ်မောင်း Nattakorn Chantana နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။

“ကျွန်တော်က အရင်တုန်းက ရိုးရိုးအငှားယာဉ်မောင်းတစ်ယောက်ပါ။ ဒါပေမယ့် ၂၀၁၅ ခုနှစ်မှာ Grab ရဲ့ အချိန်ပြည့် Grab အငှားယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့ပြီး ၀င်ငွေလည်း နှစ်ဆပိုပြီး ရှာနိုင်လာတဲ့အတွက် ပျော်ပါတယ်။ အခုလက်ရှိ GrabBike နဲ့ ပစ္စည်းတွေပို့ပေးတဲ့ဘက်မှာ စမ်းလုပ်ကြည့်နေတာ တစ်လလောက်ရှိပါပြီ။

ကျွန်တော့်ရဲ့ လူနေမှုဘ၀တိုးတက်လာပြီး ၀င်ငွေတွေပိုကောင်းလာအောင် အခွင့်အလမ်းတွေ ဖန်တီးပေးခဲ့တဲ့အတွက်ရော၊ ထိုင်းနိုင်ငံကလူတွေအတွက် ပိုပြီး လွယ်ကူစိတ်ချရတဲ့ သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုတွေ ပေးနိုင်ခဲ့တဲ့အတွက်ရော Grab ကို ကျေားဇူးတင်ပါတယ်ခင်ဗျာ။”)

(Anun ကတော့ ဂျာကာတာမှာ GrabBike စီးဖို့ငှားရမ်းခဲ့သူဖြစ်ပြီး ခရီးသည်တွေထဲမှာ ချက်တင်အပြောနိုင်ဆုံးသူ တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ ကျွန်တော်တို့ရဲ့ မိတ်ဖက်အငှားယာဉ်မောင်း Yusuf Sufriyansyah နဲ့ GrabChat မှာ စာ ၁၁ စောင်နဲ့ အပြန်အလှန်ဆက်သွယ်ခဲ့ကြတာပါ။

“ဟုတ်တယ်ရှင့်။ ယာဉ်မောင်းတွေနဲ့ စကားပြောဖို့ ကျွန်မက GrabChat ကိုပဲ ပုံမှန်သုံးတာများတယ်။ သူက Grab app ထဲမှာပါတဲ့ feature ဆိုတော့ သုံးရတာလဲလွယ်တယ်၊ တစ်ကယ်လည်း အသုံးဝင်ပြီး စာပို့တဲ့အခါ အခက်အခဲမရှိဘူး။

လမ်းကြောင်းတစ်ခု ငှားလိုက်လို့ ယာဉ်မောင်းက mask တပ်ထားတယ်ဆိုရင် သူနဲ့ ချက်တင်လုပ်ရင်းနဲ့ ရှာလို့ရတာပေါ့။ Grab နဲ့စီးတိုင်း အမြဲအဆင်ပြေပါတယ်။ ကျွန်မက Grab ကို အမြဲစီးနေကျ customer တစ်ယောက်ပါ။”)

(မိတ်ဖက်အငှားယာဉ်မောင်း Mohd Zuhairi bin Zulkifli ကတော့ ၁ ဘီလီယံပြည့်မြောက်တဲ့အချိန်မှာ လမ်းကြောင်းတစ်ခုကို နေရာနှစ်ခုသွားဖို့ ငှားရမ်းခဲ့ကြတဲ့ Hazwani Hassan နဲ့ Bay တို့ကို လိုက်လံပို့ဆောင်ပေးနေခဲ့ပါတယ်။ အဲ့ဒီ့လမ်းကြောင်းမှာ ခရီးသည်နှစ်ဦးစလုံးဆီက 5 star ရရှိခဲ့ပါတယ်။

Mohd Zuhairi က Grab ရဲ့ အချိန်ပိုင်းအငှားယာဉ်မောင်း တစ်ဦးပါ။ ငယ်ရွယ်တဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ပြီး Grab အငှားယာဉ်မောင်းပြီး မိသားစုကို ထောက်ပံ့ပေးလျှက်ရှိပါတယ်။ ဖော်ရွေပြီး လူတွေနဲ့ပြောဆိုဆက်ဆံရတာကို သဘောကျတဲ့သူဖြစ်ပါတယ်။

သူ့ရဲ့ အမှတ်တရဖြစ်ခဲ့ရတဲ့အချိန်ကတော့ သူသွားကြိုရတဲ့သူက ငယ်သူငယ်ချင်းတစ်ယောက်ဖြစ်နေပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောဖြစ်ခဲ့တဲ့ အချိန်ပါတဲ့။

“ယာဉ်မောင်းတွေတိုင်းမှာ ပြောစရာအကြောင်းအရာတစ်ခုစီတော့ ရှိကြမှာပဲ။ ခရီးတစ်ခုကို သွားနေတုန်း စကားစမြည်ပြောပေးတာက ယာဉ်မောင်းအတွက်ရော၊ ခရီးသည်အတွက်ရော ပိုအဆင်ပြေတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း မိတ်ဖွဲ့လို့ရတာပေါ့။ ကျွန်တော် လိုက်ပို့ပေးရတဲ့ခရီးသည်တွေဆီက 5 star ရတဲ့အခါ ပျော်ပါတယ်။ အကုန်လုံးကလည်း ကျွန်တော့်အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံကြပါတယ်။”)

+++

အခုလို Grab လမ်းကြောင်းတွေပေါ်က လူတွေရဲ့အကြောင်းကို ဖော်ပြပေးနိုင်ခဲ့တဲ့အတွက် အရမ်းကို ၀မ်းသာဂုဏ်ယူမိပါတယ်။ အခုလို ဂုဏ်ပြုမှတ်တမ်းတွေဟာ Grab က လူမှုဘ၀တွေမှာ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ပိုပြီးကောင်းမွန်လာအောင် ပြုလုပ်ပေးနိုင်ခဲ့တာတွေ ပြန်လည်အမှတ်ရမိစေပါတယ်။

အခုအချိန်မှာ Grab က အရှေ့တောင်အာရှရဲ့ နိုင်ငံပေါင်း ၇ နိုင်ငံရှိ မြို့ပေါင်း ၁၄၂ မြို့မှာ ရောက်ရှိနေပါပြီ။ လူပေါင်း ၆၈ မီလီယံကျော်ရဲ့ နေ့စဉ် ပို့ဆောင်ဆက်သွယ်ရေးဟာ ကျွန်တော်တို့အပေါ် မှီခိုနေလို့ သူတို့အတွက် ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်တော်တို့မှာ တာဝန်အပြည့်ရှိပါတယ်။

ကျွန်တော်တို့ဟာ အခုအချိန်မှာ ငှားရမ်းစီးနင်းကြိမ်ပေါင်း ၁ ဘီလီယံ ပြည့်သွားတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်နေပေမယ့်လည်း ဘယ်လိုစတင်ပြီး လုပ်ဆောင်ခဲ့ရတယ်ဆိုတာ အမြဲ အမှတ်ရနေမှာပါ။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က Grab စတင်ခဲ့တဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ တည်ထောင်သူတွေဟာ အရှေ့တောင်အာရှက လူတွေအတွက် လုံခြုံစိတ်ချရတဲ့ ခရီးစဉ်တွေရအောင် ၀န်ဆောင်မှုပေးဖို့ဆိုတဲ့ ရိုးရိုးရှင်းရှင်း ရည်ရွယ်ချက်လေးတစ်ခုပဲ ရှိခဲ့ကြတာပါ။

Grab စတင်တည်ထောင်သူတွေဟာ ဟားဗက်တက္ကသိုလ်မှာ တက်နေတုန်း ပထမဦးဆုံး business plan ကို ၂၀၁၁ ခုနှစ်မှာ ရေးဆွဲခဲ့ကြပြီး အဲ့ဒီ့တုန်းက ၁၉ လ အကြာမှာ ယာဉ်မောင်း ၃,၀၀၀ ဦး၊  ၃ နှစ်အကြာမှာ ယာဉ်မောင်း ၁၁,၅၅၀ ဦး အထိပဲ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့ လုပ်ငန်းမှာ ဒေသတွင်း ပျှမ်းမျှ တစ်နာရီဝင်ငွေထက် ၅၅% ပိုပြီး ရှာဖွေနိုင်တဲ့ မိတ်ဖက်အငှားယာဉ်မောင်းပေါင်း ၂ မီလီယံကျော် ရှိနေပြီဖြစ်ပါတယ်။

တစ်ဘီလီယံထဲမှာ သင်လည်း တစ်ဦးအပါအ၀င်ပါ!

တစ်ဘီလီယံ… ဒါဟာ ခရီးသည်တွေနဲ့ ယာဉ်မောင်းတွေကြား အောင်မြင်စွာ ဆက်သွယ်သွားလာနိုင်ခဲ့တဲ့ အရေအတွက်ဖြစ်ပါတယ်။ ခရီးစဉ်တစ်ခုချင်းစီမှာ ကျွန်တော်တို့ရဲ့ ခရီးသည်တွေကို သူတို့ရဲ့ ချစ်ခင်ရသူတွေနဲ့ သူငယ်ချင်းတွေ၊ သူတို့ရဲ့ နှစ်သက်တဲ့နေရာတွေ၊ အလုပ်တွေနဲ့ အရေးကြီးတဲ့အရာတွေဆီကို နီးစပ်အောင် ခေါ်ဆောင်ပေးခဲ့ပါတယ်။

အဆုံးအစမရှိ ဘာမဆိုဖြစ်လာနိုင်တဲ့ အနာဂတ်ကို ကြိုသိခွင့်ရမယ်ဆိုရင် နောင် ၁၀ နှစ်မှာ Grab ကို ဘယ်လိုတွေ့ရမယ်လို့ ထင်ပါသလဲ? မောင်းသူမဲ့ကားတွေအဖြစ်လား? မြေကြီး၊ ကောင်းကင်နဲ့ ပင်လယ်သမုဒ္ဒရာတွေကို ဖြတ်သန်းသွားလာနိုင်တဲ့ ဆက်သွယ်ရေးကိရိယာလား? ဘယ်ပြောလို့ရမလဲ… ကျွန်တော်တို့ တစ်ကယ်ဖြစ်အောင် လုပ်ချင်လုပ်နိုင်မှာပေါ့!

စကားလုံးအနည်းငယ်နဲ့ သင့်ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ အတွေးအခေါ်တွေကို ဒီမှာ ဖွင့်ဟလိုက်ပါ။

“Grab ရဲ့ သမိုင်းကို ကျွန်တော်တို့နဲ့အတူ ပါဝင်ဖန်တီးပေးတဲ့အတွက် စိတ်ရင်းအမှန်ဖြင့် အလေးအနက် ကျေးဇူးတင်ရှိပါတယ်!”

Oops! We could not locate your form.