Code of Conduct: Driver / Delivery Partner
Penalty Guidelines

Grab maintains a zero-tolerance policy towards violations of the Code of Conduct that we hold our independent driver and delivery-partners accountable to as part of our Grab community. The Penalty Framework provides details of infringements of the Code of Conduct that may result in suspension or termination of user access to the Grab platform.

ယာဉ်မောင်းရန်အတွက် လိုအပ်သော စာရွက်စာတမ်းများ အသင့်ရှိခြင်း

သတ်မှတ်ယာဉ်မောင်းလိုင်စင်နှင့် စာရွက်စာတမ်းများ အမြဲ အသင့်ရှိရန်နှင့် သက်တမ်းကုန်ဆုံးခြင်းမရှိ၇န်။ ယာဉ်လိုင်စင်အား သတ်မှတ်ချက်နှင့် အညီ သက်တမ်းရှိနေစေရန်။ ပြစ်မှု မှတ်တမ်းများရှိခဲ့လျှင် ပွင့်လင်းစွာ ဖော်ပြရန်။ စာရွက်စာတမ်းများ သက်တမ်းကုန်ဆုံးပါက သက်တမ်းတိုးရန် သင့်၏တာဝန်သာ ဖြစ်သည်။

စည်းမျဉ်းချိုးဖောက်မှု အဆင့်အတန်း

  • သတ်မှတ်ယာဉ်မောင်းလိုင်စင်နှင့် စာရွက်စာတမ်းများ မရှိဘဲ မောင်းနှင်ခြင်း
  • ပြစ်မှု ကင်းရှင်းကြောင်း မမှန်မကန်ကြေငြာခြင်း

ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ အနှောက်အယှက်ဖြစ်စေမှုနှင့် အလွဲသုံးစား ပြုမှု အမျိုးမျိုးအတွက်ခွင့်ပြုမည်မဟုတ်

ရုပ်ပိုင်းဆိုင်ရာ စော်ကားမှုပြုခြင်း၊ နှုတ်ဖြင့် နှောက်ယှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ လူသတ်မှုကျူးလွန်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ခြိမ်းခြောက်ခြင်း စသည့် အပြုအမူများကို ဥပဒေအရ တားမြစ်ထားပါသည်။ တစ်စုံတစ်ဦး၏ သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ ပုဂ္ဂိုလ်ရေးဆိုင်ရာ မေးခွန်းမေးခြင်း (သို့) မှတ်ချက်ပေးခြင်း မပြုပါရန်။ ခရီးစဉ်ပြီးဆုံးသည့်အခါ ခရီးသည်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းပြချက်ဖြင့် ဆက်သွယ်ခြင်း မပြုရန် ပြင်းထန်စွာ တားမြစ်ပါသည်။ အငြင်းပွားဖွယ်ကိစ္စရပ်များပေါ်ပေါက်ပါက ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဖြေရှင်းခြင်း မပြုပါရန်။

စည်းမျဉ်းချိုးဖောက်မှု အဆင့်အတန်း

  • ခရီးစဉ်အတွင်း ၇ိုက်နှက်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ မုဒိမ်းမှု၊ ဒမြမှု၊ လူသတ်မှု၊ ပြန်ပေးဆွဲမှု စသည့် ရာဇ၀တ်မှု ကျူးလွန်ခြင်း။
  • လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် နှောင့်ယှက်မှု (သို့) ဖုန်း၊ မက်ဆေ့ခ်ျ ဖြင့် နှောင့်ယှက်မှု

ရာဇ၀တ်မှု မကျူးလွန်စေရန်

ရာဇ၀တ်မှုမြောက်သည့် ကိစ္စရပ်များဖြစ်သော ခိုးယူမှု၊ လုယက်မှု၊ တရားမ၀င်ပစ္စည်း (သို့) လက်နက်သယ်ဆောင်မှု၊ တစ်ပါးပိုင်ပစ္စည်း ဖျက်ဆီးမှုများကို ကျူးလွန်မိပါက သတ်မှတ်ထားသော ဥပဒေအရ အရေးယူခြင်းခံရမည်။ ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စုံစမ်းစစ်ဆေးပြီး ပြစ်မှုကျူးလွန်သူကို တရားစွဲဆိုသွားမည်ဖြစ်သည်။

စည်းမျဉ်းချိုးဖောက်မှု အဆင့်အတန်း

  • ရည်ရွယ်ချက်ဖြင့် ခရီးသည်အား နာကျင်စေမှု

လမ်းစည်းကမ်း ဆိုင်ရာဥပဒေများကို လိုက်နာရန်

ခရီးသည်နှင့် လမ်းသွားလမ်းလာများ၏ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သော အဆင်အခြင်မဲ့ယာဉ်မောင်းနှင်မှုများ မကျူးလွန်မိစေရန်။ သတ်မှတ်အမြန်နှုန်း အတိုင်း မောင်းနှင်ခြင်း၊ လမ်းသင်္ကေတ၊ အချက်ပြမီးပွိုင့်များနှင့် သက်ဆိုင်သော စည်းကမ်းများကို လိုက်နာခြင်း၊ ယာဉ်မောင်းစဉ် လက်အသုံးပြုစရာမလိုသော အထောက်အကူပြုပစ္စည်းများကို အသုံးပြုခြင်း၊ ခရီးသည်ကို ခါးပတ်ပတ်စေခြင်းများ ပြုသင့်ပါသည်။ သင်ကိုယ်တိုင်လည်း ခါးပတ်ပတ်ခြင်း၊ ဦးထုပ်ဆောင်းခြင်းများ ပြုသင့်ပါသည်။ အချိန်ကြာမြင့်စွာ ဆက်တိုက် မောင်းနှင်ခြင်းကို ရှောင်ရှားပြီး လုံလောက်သော ခေတ္တအနားယူမှုနှင့် မောင်းနှင်ပါ။

စည်းမျဉ်းချိုးဖောက်မှု အဆင့်အတန်း

  • မိုင်နှုန်းကျော်မောင်းခြင်း၊ ဆိုင်ကယ် ဦးထုတ် အသုံး မပြုခြင်းကြောင့် ယာဉ်ထိန်းရဲ အရေးယူခြံရခြင်း
  • ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် သေဆုံးမှု ဖြစ်ပွါးခြင်း

အရက်၊ မူးယစ်ဆေးနှင့် လက်နက်များ သုံးစွဲခြင်း၊ တင်ဆာင်ခြင်းများ ခွင့်ပြုမည်မဟုတ်

Grab ခရီးစဉ်လမ်းကြောင်း ပြေးဆွဲနေချိန်အတွင်း အရက် (သို့) မူးယစ်ဆေးဝါးများ သုံးစွဲခြင်းမပြုပါရန်။ ယာဉ်အတွင်း အရက် (သို့) လက်နက် ထည့်ထားသော ပစ္စည်းများ တင်ဆောင်ခွင့်မပြုပါ။ ခရီးသည်မှ ယာဉ်မောင်းသူ အရက်(သို့) မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း သိလျှင်သိချင်း ခရီးစဉ်ကို ရပ်တန့်နိုင်သည့် အခွင့်အရေးရှိသည့်အပြင် Grab (သို့) သက်ဆိုင်ရာသို့ အကြောင်းကြားပိုင်ခွင့်ရှိပါသည်။ တရားမ၀င်ပစ္စည်းများနှင့် အန္တရာယ်ရှိစေသော ပစ္စည်းများ တင်ဆောင်ခြင်းကို ခွင့်မပြုပါ။ တင်ဆောင်လာသော ပါဆယ်အထုပ်ကို ကိုယ်တိုင်သံသယ ဖြစ်ပါက Grab သို့ဖြစ်စေ၊ သက်ဆိုင်ရာအာဏာပိုင်သို့ ဖြစ်စေ အသိပေးအကြောင်းကြားနိုင်ပါသည်။

စည်းမျဉ်းချိုးဖောက်မှု အဆင့်အတန်း

  • မူးယစ်ဆေးဝါး လက်ဝယ်ရှိခြင်းနှင့် အခြားမူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုများ ရှိခြင်း
  • မူးယစ်ဆေးဝါး၊ အရက်သေစာ သောက်စား၍ ယာဉ်မောင်းခြင်း

မိမိယာဉ်အား ဂရုစိုက်ထိန်းသိမ်းရန်

သင်၏ယာဉ်အား စက်ရုံ၏အန္တရာယ်ကင်း စံနှုန်းများ၊ သက်ဆိုင်ရာ စည်းမျဉ်းလိုအပ်ချက်များနှင့်အညီ ကောင်းစွာ မောင်းနှင်နိုင်သော အနေအထားအတိုင်း ထိန်းသိမ်းပါ။ Grab တွင် စားရင်းပေးသွင်းထားသော ယာဉ်ကိုသာ အသုံးပြုပါရန်။

စည်းမျဉ်းချိုးဖောက်မှု အဆင့်အတန်း

  • စားရင်းပေးသွင်းထားသော ယာဉ်အမှတ်မဟုတ်ဘဲ အခြားယာဉ်ဖြင့်မောင်းနှင်ခြင်း

Grab အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို အလေးထားရန်

ပုဂ္ဂိုလ်ရေးဆိုင်ရာ အမည်၊ ဖုန်းနံပါတ်၊ လိပ်စာတို့အား လုံခြုံစွာ ထိန်းသိမ်းထားရှိရန်၊ ခွင့်ပြုချက်မရှိဘဲ Grab အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များအား ဖွင့်ချခြင်း (သို့) အသုံးပြုခြင်းကို ပြင်းပြင်းထန်ထန် တားမြစ်ပါသည်။

စည်းမျဉ်းချိုးဖောက်မှု အဆင့်အတန်း

  • ခရီးသည်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များအား အခြားသူတစ်ဦး (သို့) လူမှုကွန်ယက်ပေါ်တွင် မျှဝေခြင်း

ခွဲခြား ဆက်ဆံခြင်း မပြုရန်

တစ်စုံတစ်ဦး၏ လူမျိုး၊ ယုံကြည်ကိုးကွယ်မှု၊ နိုင်ငံသား၊ အားနည်းချက်၊ ကျား၊မ ခွဲခြားမှု၊ အသက်အရွယ် သို့မဟုတ် အခြားသွင်ပြင်လက္ခဏာများနှင့်ပတ်သက်၍ မှတ်ချက်ပေးခြင်း၊ သို့မဟုတ် ၀န်ဆောင်မှုပေးအပ်ရန် ငြင်းဆန်ခြင်းမျိုး မပြုသင့်ပါ။

စည်းမျဉ်းချိုးဖောက်မှု အဆင့်အတန်း

  • နှုတ်ဖြင့် ဖြစ်စေ၊ စာဖြင့် ဖြစ်စေ လူမျိုးရေး ခွဲခြားမှု ပြုလုပ်ခြင်း၊

Grab အသုံးပြုသူများအား တရားမျှတစွာ ဆက်ဆံပါ။

လက်ခံပြီးသော ခရီးစဉ်အား အလေးထားပြီး ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ပယ်ဖျက်ခြင်း၊ တခြားသူသို့ လွှဲပြောင်းခြင်း မပြုလုပ်ရန်။ ဈေးနှုန်းအား ကိုယ်တိုင်သတ်မှတ်ခြင်းမပြုရန်နှင့် ခရီးသည်ထံမှ ဈေးနှုန်းတိုး၍ ကောက်ခံခြင်းမပြုရန်၊ (သို့မဟုတ်) လိုအပ်သည်ထက် အချိန်ကြာမြင့်စွာ မောင်းနှင်ခြင်းမပြုရန်၊ ခရီးသည်အား ပေးအပ်သောပရိုမိုကုဒ်များ၊ လျော့ဈေးများအပေါ် စိတ်ကျေနပ်မှုရှိစေရန်၊ Grab ခရီးစဉ်တစ်လျှောက် ယာဉ်အတွင်း အခြားသူတစ်ဦး (သို့မဟုတ်) အိမ်မွေးတိရစ္ဆာန်များ တင်ဆောင်ထားခြင်းမပြုရန်။ အကြောင်းပြချက်ခိုင်လုံသော အချိန်အတိုင်းအတာရှိပါက ခရီးသည်အား စိတ်ရှည်စွာ စောင့်ဆိုင်းပေးပါ။

စည်းမျဉ်းချိုးဖောက်မှု အဆင့်အတန်း

  • Grab Share မဟုတ်ဘဲယာဉ်အတွင်း ခရီးသည်တစ်ဦးတင်ဆောင်လျက် ခရီးသည်နောက်တစ်ဦးအား ထပ်မံတင်ဆောင်ခြင်း
  • အပိုနှုန်းထား ကောက်ခံခြင်း – Grab ၏ နှုန်းထားနှင့် မလျော်ညီသော ကိုယ်ပိုင်နှုန်းထား သတ်မှတ်ခြင်း
  • ခရီးစဉ်ကို မိမိသဘောဖြင့် အဆုံးသတ်ခြင်း (သို့မဟုတ်) ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ခရီးသည်ကို ယာဉ်အတွင်းမှ ထွက်ခွာစေခြင်း
  • e ခရီးစဉ်အတွင်း ဆီဖြည့်ခြင်း၊ သန့်စင်ခန်း ၀င်ခြင်း

Grab အသုံးပြုသူများ အား ကောင်းမွန်စွာ ဆက်ဆံပါ။

သင့်တော်စွာ၊ သပ်ရပ်စွာ ၀တ်စားဆင်ယင်ပါ။ ယာဉ်ကျေး ပျူငှာစွာ ဆက်ဆံပြီး လေအေးစက် အတိုး/အလျှော့ ပြုလုပ်ခြင်း၊ သီချင်းသံ အတိုး/ အကျယ် ပြုလုပ်ခြင်း စသဖြင့် သင့်တော်သော တောင်းဆိုမှုများအား အဆင်ပြေအောင် ဆောင်ရွက်ပေးပါ။ ခရီးသည် များအတွက် သန့်ရှင်းသော၊ ဆေးလိပ်ငွေ့ ကင်းစင်သော ခရီးစဉ်ဖြစ်ပါစေ။

စည်းမျဉ်းချိုးဖောက်မှု အဆင့်အတန်း

  • ကားပေါ်တွင် ခရီးသည်ရှိနေစဉ် ဆေးလိပ်သောက်သုံးခြင်း

အခက်အခဲ မရှိသော ခရီးစဉ် ဖြစ်စေခြင်း

ဆက်သွယ်မှု ရယူပြီး ခ၇ီးသည်၏ စတင်စီးနင်းမည့်နေရာနှင့် ဆင်းမည့်နေရာများအား တိကျစွာ ပို့ဆောင်ပေးပါ။ ဖြစ်နိုင်လျှင် သွားမည့် ခရီးစဉ်လမ်းကြောင်းအား ခရီးသည်နှင့် ညှိပါ။ ခရီးသည် ခရီးဆုံးရောက်ပြီး ဆင်းပြီးမှာသာ ခရီးစဉ်ပြီးဆုံးခြင်း ပြုလုပ်ပါ။ ခရီးသည်အား Grab application ပြင်ပမှ ညှိနှိုင်းပို့ဆောင်ခြင်း မပြုလုပ်ရပါ။ ပို့ဆောင်ပေးသော အစားအစာများအား ပြုပြင်ပြောင်းလဲခြင်း မပြုလုပ်ရန်နှင့် သင့်တော်သော အိတ်ဖြင့်သာ ပို့ဆောင်ရန်။

စည်းမျဉ်းချိုးဖောက်မှု အဆင့်အတန်း

  • ခရီးသည်နှင့် ညှိနှိုင်း၍ Grab App ပြင်ပမှ ပို့ဆောင်ခြင်း
  • ရည်ရွယ်ချက်ဖြင့် အခြား ယာဉ်မောင်း၏ ခရီးသည်အား လုယူ ပို့ဆောင်ခြင်း
  • ခရီးသည်အား သွားလိုသည့် နေရာ မဟုတ်ပဲ အခြားနေရာသို့ ပို့ဆောင်ခြင်း

အရေးပေါ် အခြေအနေတွင်

သက်ဆိုင်ရာ အာဏာပိုင်သို့ အရင်ဆက်သွယ်ပါ။ ပါဝင်ပါတ်သက်သူများ အန္တရာယ် ကင်းရှင်းပြီး အာဏာပိုင်များထံ အကြောင်းကြားပြီးသည့်အခါ Grab သို့ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ရန် သတင်းပို့ပါ။

စည်းမျဉ်းချိုးဖောက်မှု အဆင့်အတန်း

  • ယာဉ်တိုက်မှုအား သတင်းပေးပို့ရန် ပျက်ကွက်ခြင်း။

စိတ်စေတနာကောင်းထားပါ။

Grab အကောင့်အား မျှဝေသုံးစွဲခြင်း၊ ပွါးယူသုံးစွဲခြင်း မပြုလုပ်ပါနှင့်။ google play/ Apple store မှ တရားဝင် app ကိုသာ ဒေါင်းလုပ်ယူ၍ သုံးစွဲပါ။ ခွင့်ပြုချက်မ၇ှိသော လုပ်ဆောင်ချက်များပါဝင်သော အက်ပလီကေးရှင်းများ အသုံး မပြုပါနှင့်။ (ဥပမာ။ root လုပ်ထားခြင်း၊ jailbreak လုပ်ထားခြင်း၊ တည်နေရာ ပြောင်းလဲနိုင်သော app များ)။ ခရီးသည်အား တင်ဆောင်ခြင်း မပြုဘဲ ခရီးစဉ်ပြီးဆုံးမှု ပြုလုပ်ခြင်း။ ဈေးနှုန်းအငြင်းပွါးမှုဖြစ်ပါက မှန်ကန်သော သတင်းအချက် အလက်များကိုသာ ပေးခြင်း။ ပရိုမိုးရှင်းများအား မှန်ကန်စွာအသုံးပြုခြင်း။ ခ၇ီးသည်မှ ပစ္စည်းမေ့ကျန်ခဲ့ပါက Grab ရုံး (သို့) ခရီးသည်သို့ ပြန်လည် ပေးအပ်ရမည် ဖြစ်ပါသည်။

စည်းမျဉ်းချိုးဖောက်မှု အဆင့်အတန်း

  • ခ၇ီးသည် မပါဘဲ ခရီးစဉ် ပြီးဆုံးခြင်း
  • ကိုယ်တိုင် booking ပြုလုပ်ခြင်း
  • အပိုဆုကြေးရရန် ခ၇ီးစဉ်အား မမှန်မကန် ပြုလုပ်ခြင်း
  • ပရိုကုဒ်ဖြင့်။ ကဒ်ဖြင့် စီးနင်းမှု အား ၀န်ဆောင်မှု မပေးခြင်း။
  • ခရီးသည် ကျန်ခဲ့သော ပစ္စည်းအား ၄၈ နာရီထက် ကျော်လွန်၍ ယူဆောင်ထားခြင်း

Grab ၀န်ထမ်းများအား ကောင်းမွန်စွာ မဆက်ဆံခြင်း

ရုံးအတွင်း (သို့) ဖုန်းဖြင့် (သို့) လူမှု မီဒီယာများမှ တဆင့် Grab ၀န်ထမ်းများအား ကောင်းမွန်စွာ မဆက်ဆံခြင်း၊ ခြိမ်းခြောက်ခြင်း၊ အတင်းအကျပ် ဆောင်ရွက်စေခြင်း ပြုလုပ်ခြင်း။ (ခွင့်ပြုချက် မရှိဘဲ ဓါတ်ပုံ/ ဗွီဒီယို ရိုက်ခြင်း၊ ဖုန်းနံပါတ်မေးခြင်း၊ နောက်မှ လိုက်ခြင်း၊ စသည်တို့ ပါဝင်သည်)။

စည်းမျဉ်းချိုးဖောက်မှု အဆင့်အတန်း

  • ရွုံးတွင် Grab ၀န်ထမ်းများအား ခြိမ်းခြောက်ခြင်း

အဆင့်သတ်မှတ်ချက် မြင့်မားအောင် ထိန်းသိမ်းခြင်း

ခရီးစဉ် လက်ခံမှုနှုန်း၊ ယာဉ်မောင်း အဆင့်သတ်မှတ်ချက် နှင့် ခရီးစဉ် ပယ်ဖျက်နှုန်းသည် သတ်မှတ်သည့် ဘောင်အတွင်း မရှိခြင်း

စည်းမျဉ်းချိုးဖောက်မှု အဆင့်အတန်း

  • ယာဉ်မောင်း အဆင့်သတ်မှတ်ချက် ၄.၅ ထက် နည်းခြင်း
  • ခရီးစဉ် ပယ်ဖျက်နှုန်း မြင့်မားခြင်း
  • ခရီးစဉ် လက်ခံမှုနှုန်း နိမ့်ကျခြင်း
  • ခရီးစဉ် ပယ်ဖျက်နှုန်း အရမ်းများခြင်း

အကြံပြုချက်များ နှင့် သင်တန်းများတွင် ပွင့်လင်းခြင်း

ယာဉ်မောင်းမိတ်ဆွေများနှင့် ခရီးသည်များ၏ အကြံပြုချက်များအား တန်ဖိုးထားပါသည်။ ယာဉ်မောင်းများ၏ အရည်အသွေးများအား အမြဲတမ်း ဆန်းစစ်နေပြီး အကြံပြုချက်များမှလည်း အရည်အသွေးကောင်းမွန်ရန် Grab မှ ပေးသော သင်တန်းများအား တက်ရောက်ရန် လိုအပ်ပါသည်။

စည်းမျဉ်းချိုးဖောက်မှု အဆင့်အတန်း

  • စည်းကမ်းမလိုက်နာမှုကြောင့် တက်ရမည့် သင်တန်းပျက်ကွက်ခြင်း