လူသားအရင်းအမြစ် စီမံခန့်ခွဲမှု

Grab သည် အရှေ့တောင်အာရှ၏ ဒီဂျစ်တယ်စီးပွားရေးကဏ္ဍကို မြှင့်တင်ရန် ရည်မှန်းချက်ဖြင့် လည်ပတ်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ကျွန်ုပ်တို့၏ လူသားအရင်းအမြစ်ဆိုင်ရာ မဟာဗျူဟာကို '4H' တန်ဖိုးထားမှုများပေါ်တွင် အခြေခံ၍ ခိုင်မာစွာ တည်ဆောက်ထားပါသည်။

hero

၂၀၂၅ ခုနှစ်အတွင်း Grab ၏ အကျိုးသက်ရောက်မှုများ

80%

Grab ဝန်ထမ်း ပူးပေါင်းပါဝင်မှုနှုန်း ရမှတ် ၈၀ ရာခိုင်နှုန်း ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၃ ရာခိုင်နှုန်း တိုးလာသည်။

100%

Grab ဝန်ထမ်းများ၏ ၁၀၀ ရာခိုင်နှုန်းသည် လုပ်ငန်းသုံး AI ကိရိယာများကို လက်လှမ်းမီနိုင်ပြီး အသုံးပြုနိုင်ရန် လေ့ကျင့်သင်ကြားမှု ရရှိထားသည်။

73%

Grab အချိန်ပြည့်ဝန်ထမ်း စုစုပေါင်း၏ ၇၃ ရာခိုင်နှုန်းသည် AI ကိရိယာများကို အပတ်စဉ် အသုံးပြုလျက်ရှိသည်။

ကျွန်ုပ်တို့၏ လူသားအရင်းအမြစ် စီမံခန့်ခွဲမှုကို ချဉ်းကပ်ပုံ

card image

ရည်မှန်းချက်ကို ဦးတည်သည့် အလေ့အထကို ပြုစုပျိုးထောင်ခြင်း

ကျွန်ုပ်တို့၏ ဝန်ထမ်းရေးရာ မဟာဗျူဟာကို 4H တန်ဖိုးထားမှုများဖြစ်သော – စိတ်ရင်းစေတနာ (Heart)၊ တိုးတက်လိုစိတ် (Hunger)၊ ဂုဏ်သိက္ခာ (Honour) နှင့် နှိမ့်ချမှု (Humility) တို့အပေါ်တွင် အခြေခံထားပါသည်။ ၎င်းတန်ဖိုးများသည် ကျွန်ုပ်တို့ မည်သို့ဆန်းသစ်တီထွင်မည်၊ ဆုံးဖြတ်ချက်များ မည်သို့ချမှတ်မည်နှင့် အချင်းချင်းအပေါ် မည်သို့ဆက်ဆံမည်ဆိုသည်တို့အတွက် လမ်းပြပေးလျက်ရှိပါသည်။

card image

AI-အခြေပြု အလုပ်ခွင် အင်အား တည်ဆောက်ခြင်း

"ကျွန်ုပ်တို့၏ 'စေတနာရှေ့ထားသည့် AI ဦးစားပေးစနစ်' (AI-First with Heart) မူဝါဒကို လမ်းညွှန်ချက်အဖြစ် အသုံးပြုပြီး၊ AI စွမ်းပကားများကို ကျွန်ုပ်တို့၏ ဝန်ထမ်းရေးရာ မဟာဗျူဟာ၊ လုပ်ငန်းစွမ်းဆောင်ရည် တိုင်းတာမှုစနစ်များနှင့် အမြဲမပြတ် လေ့လာသင်ယူရေး အစီအစဉ်များတွင် ပေါင်းစပ်ထည့်သွင်းထားပါသည်။

၂၀၂၅ ခုနှစ်တွင်၊ ကျွန်ုပ်တို့သည် AI ကို အသိပညာပေးခြင်းအဆင့်မှ အဖွဲ့အစည်း၏ အဓိကစွမ်းရည်တစ်ခုအဖြစ် စနစ်တကျ ကူးပြောင်းခဲ့သည်။

card image

အနာဂတ်အတွက် အသင့်ဖြစ်နေသည့် ပညာရှင်များ

လျင်မြန်စွာ ပြောင်းလဲတိုးတက်နေသော ဒီဂျစ်တယ်စီးပွားရေးခေတ်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိနေစေရန်အတွက် ကျွန်ုပ်တို့သည် မျှတသော အလုပ်အကိုင်ခန့်ထားမှုစနစ်၊ အဓိပ္ပာယ်ပြည့်ဝသော အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများနှင့် အားလုံးပါဝင်နိုင်သည့် လုပ်ငန်းခွင်ပတ်ဝန်းကျင်တို့ကို ဖန်တီးပေးခြင်းဖြင့် ထူးချွန်ထက်မြက်သူများကို ဆွဲဆောင်ရန်၊ ပြုစုပျိုးထောင်ရန်နှင့် ရေရှည်လက်တွဲလုပ်ကိုင်ရန် သန္နိဋ္ဌာန်ချထားပါသည်။

card image

ဝန်ထမ်းများ၏ ခံစားခွင့်နှင့် ဘေးကင်းလုံခြုံမှုကို ဂရုစိုက်ပေးခြင်း

ကျွန်ုပ်တို့သည် ဝန်ထမ်းများ၏ ကျန်းမာသုခနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး (OHS) အတွက် ဘက်ပေါင်းစုံမှ ချဉ်းကပ်ဆောင်ရွက်ပါသည်။ ဝန်ထမ်းများ၏ ရေရှည်စွမ်းဆောင်ရည်နှင့် လုပ်ငန်းခွင် တည်ငြိမ်မှုတို့အတွက် ကိုယ်၊ စိတ် ကျန်းမာရေး၊ လုပ်ငန်းခွင် လိုက်လျောညီထွေရှိမှုနှင့် ငွေကြေးလုံခြုံမှုတို့သည် မရှိမဖြစ်လိုအပ်ကြောင်း ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်။ ၂၀၂၅ ခုနှစ်အတွင်းတွင် ကျွန်ုပ်တို့၏ ဝန်ထမ်းများအကြား လုပ်ငန်းခွင်နှင့် ဆက်နွှယ်သော သေဆုံးမှု လုံးဝ (သုည ရာခိုင်နှုန်း) မရှိခဲ့ပါ။

Press Releases
Learn more
1
of
7
Grab သည် ၎င်း၏ လူသားအရင်းအမြစ်ကို မည်သို့ စီမံခန့်ခွဲသည်ကို ပိုမိုသိရှိရန်
Grab ၏ ဘက်စုံလွှမ်းခြုံထားသော ESG အစီရင်ခံစာကို အသေးစိတ်လေ့လာပြီး၊ Grab ၏ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းစဉ်များအပေါ် ထားရှိသည့် ကတိကဝတ်များအကြောင်း အကျိုးရှိသော အချက်အလက်များကို ရယူလိုက်ပါ။
၂၀၂၅ ESG အစီရင်ခံစာကို ကြည့်ရှုရန်