182,911
၂၀၂၅ ခုနှစ်အတွင်း အမျိုးသမီး မိတ်ဖက်ယာဉ်မောင်း ၁၈၂,၉၁၁ ဦးသည် Grab ပလက်ဖောင်းမှတစ်ဆင့် ဝင်ငွေများ ရရှိခဲ့သည်။
$0.8B
အရှေ့တောင်အာရှတစ်လွှားရှိ Grab အမျိုးသမီး မိတ်ဖက်ယာဉ်မောင်းများမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၀.၈ ဘီလီယံနှင့်ညီမျှသော စီးပွားရေးကုန်ထုတ်လုပ်မှုတန်ဖိုးကို ဖော်ဆောင်ပေးနိုင်ခဲ့ပါသည်။
22%
စစ်တမ်းကောက်ယူခဲ့သော အမျိုးသမီး မိတ်ဖက်ယာဉ်မောင်းများ၏ ၂၂ % သည် Grab နှင့် ချိတ်ဆက်ခြင်းမရှိခင်က ပုံမှန်ဝင်ငွေရလမ်း မရှိကြသူများ ဖြစ်ပါသည်။ ၎င်းသည် အမျိုးသားများထက် ၂.၄ ဆ ပိုများနေပါသည်။
89%
အမျိုးသမီး မိတ်ဖက်ယာဉ်မောင်းများ၏ ၈၉ % က Grab တွင် ယာဉ်မောင်းပြီးနောက် I၎င်းတို့၏ ဝင်ငွေရှာဖွေနိုင်မှုနှင့် ရပ်တည်နိုင်မှုစွမ်းရည်အပေါ် မိမိကိုယ်ကိုယ် ယုံကြည်မှု တိုးလာသည်ဟု ပြောကြပါသည်။
80%
အမျိုးသမီး မိတ်ဖက်ယာဉ်မောင်းများ၏ ၈၀ % က Grab နှင့် ချိတ်ဆက်ပြီးနောက် ၎င်းတို့၏ ဘဝအရည်အသွေး မြင့်တက်လာသည်ဟု ဆိုကြပါသည်။

ထိုင်းနိုင်ငံတွင် အဆိုပါ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုသည် အမျိုးသမီးခရီးသည်များအား အမျိုးသမီး မိတ်ဖက်ယာဉ်မောင်းများနှင့်သာ ခရီးစဉ်များ ချိတ်ဆက်ပေးခြင်းဖြင့် အမျိုးသမီးစီးနင်းသူများအတွက် ရွေးချယ်စရာ ပိုမိုများလာပြီး စိတ်ချယုံကြည်မှုကိုလည်း ပေးပါသည်။

အမျိုးသမီးမိတ်ဖက်ယာဉ်မောင်းများအနေဖြင့် မလျော်ကန်သော အပြုအမူများကို ခွဲခြားသိမြင်နိုင်ရန်၊ ကြိုတင်ကာကွယ်နိုင်ရန်နှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် လက်တွေ့ကျသော လမ်းညွှန်ချက်များ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ ဒေသတွင်းသုံး အနိုင်ကျင့်စော်ကားမှု ဆန့်ကျင်ရေး လမ်းညွှန်စာအုပ်ကို GrabAcademy တွင် ပြုစုဖန်တီးခဲ့ပါသည်။

ကျွန်ုပ်တို့သည် စမ်းသပ်ကာလအတွင်း အမျိုးသမီး မိတ်ဖက်ယာဉ်မောင်းများထံသို့ Grab ၏ နောက်ဆုံးပေါ် ကိုယ်ပိုင်နည်းပညာသုံး Dashcam အလုံးရေ ၅၀ဝ ကျော်ကို အခမဲ့ ထောက်ပံ့တပ်ဆင်ပေးခဲ့ပါသည်။ ဤစက်တွင် ၂၄ နာရီပတ်လုံး ကားအတွင်း/အပြင် မှတ်တမ်းတင်နိုင်ခြင်း၊ SOS အရေးပေါ်ခလုတ် ပါဝင်ခြင်းနှင့် ဖြစ်ရပ်အန္တရာယ်များကို အချိန်နှင့်တစ်ပြေးညီ သတိပေးခြင်းစသည့် လုပ်ဆောင်ချက်များ ပါဝင်သောကြောင့် ယာဉ်အတွင်း မလိုလားအပ်သော ကိစ္စရပ်များ မဖြစ်ပွားအောင် ဟန့်တားခြင်း၊ အထောက်အထား မှတ်တမ်းတင်ခြင်းနှင့် အရေးပေါ်တုံ့ပြန်နိုင်စွမ်းတို့ကို ပိုမိုခိုင်မာစေပါသည်။

ကလေးသုံးယောက်၏ မိခင်ဖြစ်သူ Saidah Anwar သည် ၂၀၁၆ ခုနှစ်တွင် သူမ၏ ကိုယ်ပိုင်ငွေကြေးလွတ်လပ်မှုဆီသို့ စတင်ခြေလှမ်းပြင်ခဲ့ပြီးနောက်၊ လက်ရှိတွင် အမျိုးသမီးပေါင်း ၃၀၀ ကျော်အား Grab တွင် ယာဉ်မောင်းအဖြစ် လုပ်ကိုင်ရန် ကိုယ်တိုင် တိုက်တွန်းလမ်းညွှန်ပေးခဲ့သူ ဖြစ်ပါသည်။ သူမသည် လမ်းပြပေးခြင်းနှင့် အချင်းချင်းကူညီဖေးမမှုများ ပြုလုပ်ပေးခြင်းဖြင့် အမျိုးသမီးများစွာအား ကိုယ်ပိုင်ဝင်ငွေရှာဖွေနိုင်သည့် ပထမဆုံးခြေလှမ်းကို ယုံကြည်မှုရှိရှိ စတင်နိုင်ရန် ကူညီပေးခဲ့ပါသည်။
"ကျွန်မမှာ အားကိုးရမယ့် မိသားစု အသိုင်းအဝိုင်း မရှိခဲ့တဲ့အချိန်မှာ Grab က ကျွန်မအတွက် အသက်ဆက်ရှင်ဖို့ အားကိုးရာတစ်ခု ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် ကျွန်မလိုပဲ တစ်ကိုယ်ရေမိခင်တွေကို အားပေးကူညီပေးနိုင်တဲ့ ကြားခံတံတားတစ်ခု ဖြစ်ခွင့်ရလို့လည်း တကယ်ကို ဂုဏ်ယူမိပါတယ်။ သူတို့ကို ယာဉ်မောင်းဖို့ ယုံကြည်မှုပေးသလို အောင်မြင်ဖို့အတွက်လည်း အချင်းချင်း ချိတ်ဆက်ပေးနိုင်ခဲ့တဲ့အတွက်ပါ။"
{Grab မိတ်ဖက်ယာဉ်မောင်း,အင်ဒိုနီးရှား