မိတ်ဖက်ယာဉ်မောင်းများနဲ့ စားစရာပို့ဆောင်သူများအတွက် အရေးကြီး သတင်းများ

စည်းကမ်းသတ်မှတ်ချက်များ

02

မိတ်ဖက် ယာဉ်မောင်းနဲ့ စားစရာပို့ဆောင်သူများ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်မှု ရှိပါက မိတ်ဖက်အကူအညီ ရန်ပုံငွေ ထောက်ပံ့မှုအဖြစ်

  • တစ်ကြိမ်တည်း ပေးချေမှု ၂၀၀,၀၀၀ ကျပ်

စည်းကမ်းသတ်မှတ်ချက်များ

  • ထောက်ပံ့ကြေး ၂၀၀,၀၀၀ ကျပ် တောင်းခံရန်အတွက် 
    • သင့်ရဲ့ ဆေးရုံတက်ထားတဲ့ ဆေးမှတ်တမ်းအထောက်အထားကို ကျွန်ုပ်တို့ရဲ့ အကူအညီစင်တာ ဒီမှာ တွင် တင်သွင်းပါ သို့မဟုတ် 09 97708 3330 ကို ဖုန်းခေါ်ပါ။ 
    • ဆေးရုံတက်ထားသော မှတ်တမ်း သို့မဟုတ် သတ်မှတ်ထားသော အစိုးရအဆောက်အဦ တစ်ခုခုတွင် သင့်အား quarantine စောင့်ကြည့်မှုခံထားရကြောင်း သက်သေ မှတ်တမ်း သို့မဟုတ် စာရွက်စာတမ်း ပေးပို့ပါ။
  • လျှောက်ထားရန်အတွက် ရန်ကုန်နှင့် မန္တလေးမြို့များရှိ မိတ်ဖက်ယာဉ်မောင်းများအနေနဲ့ 
    • Grab ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ထက်စောပြီး ဝင်ရောက်မောင်းနှင်ခဲ့သူများ ဖြစ်ရပါမယ်။ 
    • ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီအတွင်း အကြောင်းရေ ၁၀၀ အနည်းဆုံး ဆွဲထားသူများ ဖြစ်ရပါမယ်။ 
  • မိတ်ဖက်စားစရာပို့ဆောင်သူများအနေနဲ့ လက်ရှိ Grab အက်ပ်ပလီကေးရှင်းမှ တစ်ဆင့် စားသုံးသူများထံ ပို့ဆောင်ပေးနေသူ ဖြစ်ရပါမယ်။