Grab သည် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအမံများကို ပလတ်စတစ်အကာများ ပါဝင်သည့် GrabProtect ဝန်ဆောင်မှုနှင့်အတူ တိုးမြှင့်မိတ်ဆက်

  • Grab သည် သယ်ယူပို့ဆောင်ရေးနယ်ပယ်ရှိ ဘေးကင်းလုံခြုံရေးနှင့် သန့်ရှင်းရေးစံနှုန်းသတ်မှတ်ချက်ကို မြှင့်တင်ပေးနိုင်မည့်  ပလတ်စတစ်အကာများ ပါဝင်သည့် GrabProtect ဝန်ဆောင်မှု အသစ်ကို မိတ်ဆက်
  • ခရီးစဉ်ပယ်ဖျက်မှုဆိုင်ရာမူဝါဒအသစ်နှင့် ခရီးစဉ်အပြီး အဆင့်သတ်မှတ်သည့်ပုံစံအသစ်သည် ယာဉ်မောင်းနှင့် ခရီးသည်များကိုပါ ဘေးကင်းလုံခြုံမှုအတွက် မှန်ကန်သော ရွေးချယ်မှုများ ပြုလုပ်နိုင်ရန် ပံ့ပိုးပေးသည်။
  • Grab သည် လူတိုင်း နေ့စဉ်ဘေးကင်းလုံခြုံစေရန် ဟူသော ၎င်း၏ကတိကဝတ်အတိုင်း မိတ်ဖက်အကူအညီရန်ပုံငွေနှင့်အတူ အငှားယာဉ်များကို အခမဲ့ ပိုးသတ်  သန့်စင်ပေးခြင်း နှင့် နှာခေါင်းစည်းမျက်နှာဖုံးများ အလွယ်တကူ ရရှိနိုင်စေရန် ဆက်လက် စီမံပံ့ပိုးပေးခြင်း

ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ ဩဂုတ် ၂၁ ရက်နေ့ – မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ၏ ထိပ်တန်း နေ့စဉ်သုံး App ဖြစ်သော Grab သည် COVID-19 ပြန့်ပွားမှုကို အတတ်နိုင်ဆုံး လျော့ပါးစေရေးအတွက် ဘေးကင်းလုံခြုံမှုနှင့် သန့်ရှင်းမှုဆိုင်ရာ နည်းပညာလုပ်ဆောင်ချက်များ၊ ပူးပေါင်းပါဝင်လုပ်ဆောင်မှုများနှင့် တင်းကျပ်သည့် ဘေးကင်းမှုဆိုင်ရာ မူဝါဒများ ပါဝင်သည့် GrabProtect ဝန်ဆောင်မှုအသစ်တစ်ခုကို ၎င်း၏သွားလာဆက်သွယ်ရေးဝန်ဆောင်မှုများတွင် ထည့်သွင်းမိတ်ဆက်လိုက်သည်။

အရှေ့တောင်အာရှတွင်း အစိုးရများအနေဖြင့် COVID-19 အကျပ်အတည်းကာလအပြီး နိုင်ငံတွင်း စီးပွားရေးများ ပြန်လည် စတင်ခြင်းနှင့် ကန့်သတ်ထိန်းချုပ်မှုများကို  ပြန်လည်ဖြေလျှော့ခြင်းများ ပြုလုပ်နေကြပြီဖြစ်သည်။  သို့ရာတွင် ဒုတိယအကြိမ်အဖြစ် ရောဂါပိုးကူးစက်ပြန့်ပွားမှု ပြန်လည်ဖြစ်ပွား လာနိုင်ခြေအပေါ်  စိုးရိမ်မှုများက ရှိနေဆဲဖြစ်သည်။ အရှေ့တောင်အာရှဈေးကွက်များအတွင်း အငှားယာဉ် သုံးစွဲသူများအကြား စစ်တမ်း မေးမြန်းကောက်ခံမှု[1]တွင် နှာခေါင်းစည်းမျက်နှာဖုံးတပ်ဆင်ခြင်း ( ၇၇ %)၊  ယာဉ်အတွင်း လက်သန့်ဆေးရည်ထားရှိမှု (၇၁ %) နှင့် ယာဉ်မျက်နှာပြင်များကို မစီးနင်းခင်တိုင်း ပိုးသတ်ခြင်း (၆၁%) တို့သည် COVID-19 ရောဂါပိုးကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်နိုင်သည့် အရေးကြီးဆုံး အချက် ၃ ချက်ဖြစ်ကြောင်း ပြောဆိုထားသည်ကို တွေ့ရသည်။ 

“ဒီ COVID-19 ဘေးအန္တရာယ်ဟာ လုပ်ငန်းနယ်ပယ်အားလုံးမှာ ဘေးကင်းလုံခြုံမှုနဲ့ သန့်ရှင်းမှုရဲ့ အရေးပါမှုကို ပိုအလေးထားသိမြင်လာစေပါတယ်။  ဘေးကင်းလုံခြုံမှုဆိုတာ Grab အတွက် အဓိက အလေးထားရတဲ့ အရာဖြစ်တဲ့အတိုင်း အခု GrabProtect လို ဝန်ဆောင်မှုနဲ့  သွားလာ ဆက်သွယ်မှု နယ်ပယ်မှာ သန့်ရှင်းမှုနဲ့ ဘေးကင်းလုံခြုံမှုအဆင့်အတန်းကို ထပ်မြှင့်တင်လိုက်တာဖြစ်ပါတယ်။  ကျွန်မတို့ရဲ့ မိတ်ဖက်ယာဉ်မောင်းတွေနဲ့အတူ ကျွန်မတို့အားလုံးဟာ လူမှုအဝန်းအဝိုင်းတစ်ခုလုံးအတွက် ပိုမိုဘေးကင်း လုံခြုံတဲ့ နေ့ရက်တွေ ဖန်တီးနိုင်ဖို့ ဆက်ပြီး တည်ဆောက်သွားနိုင်ဖို့ ရည်ရွယ်ထားပါတယ်” ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က ရှင်းပြခဲ့သည်။

ထပ်မံတိုးမြှင့်လိုက်သည့် ဘေးကင်းလုံခြုံရေးအစီအမံများတွင် အောက်ပါအချက်များ ပါဝင်သည်။

၁။ သယ်ယူပို့ဆောင်ရေးနယ်ပယ်ရှိ ဘေးကင်းလုံခြုံရေးနှင့် သန့်ရှင်းရေးစံနှုန်းသတ်မှတ်ချက်ကို မြှင့်တင်ပေး နိုင်မည့် GrabProtect ဝန်ဆောင်မှုအသစ်ကို အက်ပလီကေးရှင်းမှတစ်ဆင့် ရွေးချယ်ငှားရမ်းနိုင်ခြင်း

ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်အသစ်များနှင့်အတူ Grab အသုံးပြုသူ ခရီး သည်များသည် အငှားယာဉ်ငှားရမ်းရာတွင် GrabTaxi ၊ GT Plus အပြင် GrabProtect ဟူသည့် အငှားယာဉ်ဝန်ဆောင်မှုအသစ်ကိုပါ ရွေးချယ်ငှားရမ်းနိုင်ပြီဖြစ်သည်။  GrabProtect ဝန်ဆောင်မှု၌ အငှား ယာဉ်တိုင်းတွင် အကောင်းဆုံး အဆင့်သတ်မှတ်ချက်ပြည့်မီသည့် အရည်အချင်းရှိ ယာဉ်မောင်းများနှင့်အတူ COVID-19 ရောဂါပိုးကူးစက်ပျံနှံ့မှု အန္တရာယ် နည်းနိုင်သမျှ နည်းပါးစေရန် ကျန်းမာရေး ဆိုင်ရာ အကာအကွယ်တစ်ခုအနေဖြင့် ယာဉ်မောင်းနှင့် နောက်ခုံရှိ ခရီးသည်အကြား ပလတ်စတစ်အကာ ပါရှိမည်ဖြစ်သည်။  

ထိုပလတ်စတစ်အကာပါရှိပြီး အဆင့်မြှင့်ထားသည့်ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံမှုနည်းပညာများ ပါဝင်သည့် GrabProtect ဝန်ဆောင်မှုကို Grab တက္ကစီများကဲ့သို့ပင် အက်ပလီကေးရှင်းကတစ်ဆင့် ရွေးချယ် ငှားရမ်းနိုင်ပြီဖြစ်ရာ ခရီးသည်များအနေနှင့် စိတ်အေးချမ်းသာစွာဖြင့် စီးနင်းအသုံး ပြုနိုင်ပြီဖြစ်သည်။ လတ်တလောအနေဖြင့် ဘေးကင်းလုံခြုံရေး ပလတ်စတစ်အကာများ ပါရှိသည့် GrabProtect ဝန်ဆောင်မှုကို အရည်အသွေးပြည့်မီသည့် ကျွမ်းကျင်ယာဉ်မောင်းများနှင့်အတူ ရန်ကုန်မြို့ တွင် အငှားယာဉ်တက္ကစီ ၂၀၀၀ နှင့် မန္တလေးမြို့တွင် Grab သုံးဘီး ၄၀၀  ဖြင့် စတင်မည်ဖြစ်ပြီး ပလတ်စတစ်အကာများအတွက်  EnervonC မှ ပူးပေါင်းပံ့ပိုးပေးထားပါသည်။   

၂။ Grab သုံးစွဲသူများအနေနှင့် အသစ်ချမှတ်လိုက်သည့် မူဝါဒစည်းမျဉ်းစည်းကမ်းအသစ်များအားဖြင့် ဘေးကင်းလုံခြုံရေးအတွက် မှန်ကန်သည့်ရွေးချယ်မှုများ ပြုလုပ်နိုင်စေခြင်း

လက်ရှိတွင် Grab မိတ်ဖက်ယာဉ်မောင်းများနှင့် အစားအသောက်ပို့ဆောင်သူမိတ်ဖက်များအားလုံးသည် Grab ပလက်ဖောင်းပေါ်တွင် အလုပ်လုပ်ကိုင်နေသည့်မည်သည့်အချိန်မဆို နှာခေါင်းစည်းမျက်နှာဖုံး ဝတ်ဆင်ထားရန် လိုအပ်ပါသည်။  ခရီးသည်များသည်လည်း လူအများကြား သွားလာသည့်အချိန်တိုင်းတွင် နှာခေါင်းစည်းမျက်နှာဖုံးဝတ်ဆင်ရန် လိုအပ်ပါသည်။ ထို့ကြောင့် ယာဉ်မောင်းဖြစ်စေ၊ ခရီးသည်ဖြစ်စေ တစ်ဖက်ဖက်မှ နှာခေါင်းစည်း မျက်နှာဖုံးမဝတ်ဆင်လာပါက  “ ယာဉ်မောင်း/ ခရီးသည်သည် နှာခေါင်းစည်း ဝတ်ဆင်မထားပါ” ဟူသည့် အချက်ကို ခရီးစဉ်ပယ်ဖျက်ရသည့် အကြောင်းရင်းအဖြစ် ရွေးချယ်ပြီး ခရီးစဉ်ကို ပယ်ဖျက်နိုင်ပါသည်။

Grab သည် ၎င်း၏အက်ပလီကေးရှင်းအတွင်း ခရီးစဉ်အဆင့်သတ်မှတ်ချက်များနှင့် ဝေဖန်အကြံပြုချက်များပေးပို့နိုင်သည့် လုပ်ဆောင်ချက်ကို အဆင့်မြှင့်ထားသကဲ့သို့  Help Center ထဲတွင်လည်း ကျန်းမာရေး နှင့် သန့်ရှင်းမှုဆိုင်ရာ သတိပြုချက်များကို အကြောင်းကြားနိုင်ရန် ရွေးချယ်စရာအချက်များအနေနှင့် ထည့်သွင်းပေးထားပါသည်။ ၎င်းသည် Grab သုံးစွဲသူများကို ခရီးစဉ်အတွင်း ယာဉ်မောင်းသည်  နှာခေါင်းစည်းမျက်နှာဖုံးဝတ်ဆင်မှုမရှိခြင်း သို့မဟုတ် နေထိုင်မကောင်းပုံရခြင်းတို့အတွက် Grab ထံ သတင်းပေးပို့ အကြောင်းကြားနိုင်စေမည်ဖြစ်သည်။ ထိုအကြောင်းကြားချက်အားဖြင့် အသုံးပြုသူများ၏ ဘေးကင်းလုံခြုံမှုနှင့် စိတ်ပိုင်း အေးချမ်းလုံခြုံမှုတို့အတွက် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။ Grab သည် ဖြစ်ပေါ်လာသည့် အခြေအနေအပေါ် မူတည်ပြီး ၎င်း၏ မူဝါဒစည်းမျဉ်းစည်းကမ်းများကို ဆက်လက်စိစစ်လုပ်ဆောင်သွားမည်ဖြစ်သည်။ 

၃။ သန့်ရှင်းမှုဆိုင်ရာ ဘေးကင်းလုံခြုံရေးလုပ်ဆောင်ချက်အနေနှင့် အငှားယာဉ်များကို အခမဲ့ ပိုးသတ် သန့်စင်ပေးခြင်း နှင့် နှာခေါင်းစည်းမျက်နှာဖုံးများ အလွယ်တကူ ရရှိနိုင်စေရန်နှင့် မိတ်ဖက်အကူအညီ ရန်ပုံငွေကို ဆက်လက် စီမံပံ့ပိုးပေးခြင်း

အများပြည်သူတို့၏ဘေးကင်းလုံခြုံမှုသည် Grab ၏ အဓိကအလေးပေးဂရုစိုက်သောအရာ ဖြစ်သည့်အ တိုင်း မြန်မာနိုင်ငံအတွင်း COVID-19 စတင်ပျံ့နှံ့ခဲ့သည့်အချိန်မတိုင်ခင် ဖေဖော်ဝါရီလ အစောပိုင်းကတည်းက ၎င်း၏ မိတ်ဖက်ယာဉ်မောင်းများနှင့် အစားအသောက်ပို့ဆောင်သူများအား နှာခေါင်း စည်းမျက်နှာဖုံးများ၊ လက်သန့်ဆေးရည်များ အခမဲ့ ပေးဝေခြင်း၊ ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံရေး အတွက် နေ့စဉ်လိုက်နာကျင့်သုံးရမည့် အလေ့အကျင့်များကို နည်းလမ်းမျိုးစုံဖြင့် ပညာပေးခြင်း၊  သတိပေး ချက်များကို  အက်ပလီကေးရှင်းကတစ်ဆင့်သော်လည်းကောင်း၊ ဆိုရှယ်မီဒီယာက တစ်ဆင့်သော်လည်း ကောင်း အချိန်မှန်ပေးပို့သတိပေးခြင်းတို့ကို လုပ်ဆောင်ခဲ့သကဲ့သို့  ဆက်လက်ပြီး မိတ်ဖက်ယာဉ်မောင်းများ အတွက် ၎င်းတို့၏အငှားယာဉ်များအား အခမဲ့ပိုးသတ်ဆေးကြောပေးခြင်းများကို အလျဉ်းသင့်သလို လုပ်ဆောင်ပေးလျက် ရှိရာ ယခုတွင် Grab Myanmar သည် စုစုပေါင်း  အငှားယာဉ်ပေါင်း ၁၅၀၀ ကျော်ကို ပိုးသတ်သန့်စင်ပေးခဲ့ပြီးဖြစ်ပြီး နှာခေါင်းစည်းမျက်နှာဖုံးပေါင်း ၁၀၀,၀၀၀ ကျော်ကို  မိတ်ဖက် ယာဉ်မောင်းများနှင့် အစားအသောက်ပို့ဆောင်သူများထံ အခမဲ့ပေးဝေပေးခဲ့ပြီးဖြစ်သည်။

ထို့ပြင် မိတ်ဖက်ယာဉ်မောင်းများ အကျိုးခံစားခွင့်တစ်ခုအနေဖြင့် ၎င်းတို့ ခရီးစဉ်အတွက် ငွေဖြည့်သည့်အကြိမ် တိုင်း သတ်မှတ်ချက်နှင့်အညီ Grab ထံမှ နှာခေါင်းစည်းမျက်နှာဖုံးများကိုရယူနိုင်ရန် စီစဉ်ပေးထားခြင်းဖြင့် နေ့စဉ် Grab ပလက်ဖောင်းပေါ်တွင် မောင်းနှင်သွားလာသည့်အခါ အဆင်ပြေချောမွေ့စွာ ကျန်းမာရေ းအကာအကွယ်ရရှိ နိုင်မည်ဖြစ်ပြီး ခရီးသည်များအနေနှင့်လည်း စိတ်ချလုံခြုံစွာ စီးနင်းလိုက်ပါနိုင်မည်ဖြစ်ပါသည်။

ထို့ပြင် မည်သည့် မိတ်ဖက်ယာဉ်မောင်းနှင့် မိတ်ဖက်ပို့ဆောင်သူမဆို သတ်မှတ်ချက်နှင့်ကိုက်ညီပါက COVID-19 ရောဂါ ကူးစက်ခံရသည့်အခါ (သို့မဟုတ်) ကျန်းမာရေး တာဝန်ရှိသူများမှ အသွားအလာကန့်သတ် စောင့်ကြည့်ရန် တရားဝင် ညွှန်ကြားခံရသည့်အခါ မြန်မာကျပ်ငွေ (၂၀၀,၀၀၀) ထောက်ပံ့ပေးအပ်ရန် Grab မိတ်ဖက်အကူအညီ ရန်ပုံငွေကို အမေရိကန်ဒေါ်လာ (၂၀,၀၀၀) ဖြင့် မ,တည်ပေးထားခဲ့ပါသည်။  ၎င်းငွေကြေးအကူအညီသည် နေ့စဉ် သွားလာရာတွင် ကြုံဆုံရနိုင်သည့် ထိခိုက်မှုများအတွက် ပေးအပ်သည့် တစ်ကိုယ်ရေထိခိုက်မှုအာမခံအပြင် ထပ်တိုးထားသည့် ခံစားခွင့်ဖြစ်ပ ါသည်။

Grab အနေနှင့် အများပြည်သူများ နေ့စဉ် ပိုမိုဘေးကင်းလုံခြုံစေရေး ဖန်တီးပေးရန် ကတိကဝတ်ကို ဆက်လက်တွန်းအားပေးလုပ်ဆောင်နိုင်ရန်  လုပ်ငန်းအဖွဲ့အစည်းများ၊  အစိုးရအဖွဲ့အစည်းမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း လက်တွဲလုပ်ဆောင်လျက် ရှိပါသည်။ COVID-19 ကာလအတွင်း ဘေးကင်းလုံခြုံရေး လှုပ်ရှားလုပ်ဆောင်မှုအစိတ်အပိုင်းတစ်ခုအနေနှင့် Grab Myanmar သည် ပြီးခဲ့သည့် ဇွန်လအတွင်းက AIA Myanmar နှင့် ပူးပေါင်းကာ AIA SOMPO နှင့် AYA bank တို့ ပါဝင်သည့် Grab တက္ကစီ အစီးပေါင်း ၁၀၀၀ ကျော်ကို အခမဲ့ပိုးသတ်သန့်ပေးပေးခဲ့ပါသည်။ လာမည့် စက်တင်ဘာလအတွင်းတွင်လည်း နိုင်ငံတကာ NGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် Save the Children နှင့် ပူးပေါင်းကာ Grab မိတ်ဖက်ယာဉ်မောင်းများအတွက် ပြန်လည်အသုံးပြုနိုင်သော နှာခေါင်းစည်းမျက်နှာဖုံး အခု ၅၀၀ နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ‘ပူးပေါင်းကာကွယ်’ ကမ်ပိန်မက်ဆေ့ချ်များ ပါဝင်သည့် ကားအတွင်း အသိပညာပေးစတစ်ကာများ ဖြန့်ဝေပေးသွားမည်ဖြစ်ပါသည်။

Grab အနေဖြင့် မြန်မာနိုင်ငံတွင် ကြီးမားသော ရင်းနှီးမြုပ်နှံမှုများ ဆက်လက်ပြုလုပ်သွားရန် မျှော်မှန်းထားသောကြောင့် Grab ၏ ပလက်ဖောင်းပေါ်တွင်သာ ရရှိနိုင်သည့် တမူထူးခြားသော အရည်အသွေးမြင့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ပေးအပ်သွားမည်ဖြစ်ပါသည်။ Grab အသုံးပြုသူတစ်ဦးချင်းစီအတွက် မိမိနှင့် ပိုမို လိုက်ဖက်ကိုက်ညီမှုရှိသည့် အသုံးပြုမှု အတွေ့အကြုံတစ်ခုကို ပုံဖော်ပေးနိုင်သော ခေတ်မီ နည်းပညာများ ပေးအပ်လျက်ရှိသည့်အပြင် လုပ်ငန်းနယ်ပယ်နှင့် သတ်မှတ်ထားသော ပုံမှန် စည်းမျဉ်းသတ်မှတ်ချက်များထက် မြင့်မားသာလွန်သည့် ဘေးကင်းလုံခြုံရေး ဆိုင်ရာ အဆင့်အတန်းနှင့် ဝန်ဆောင်မှု အရည်အသွေးများကို အမြင့်ဆုံး စံချိန်အထိ ဆက်လက် မြှင့်တင်သွားမည်ဖြစ်ပါသည်။

Grab အကြောင်း

Grab သည် သုံးစွဲသူများအတွက် အရေးပါသည့် ဝန်ဆောင်မှုများကို နေ့စဉ်ပေးအပ်လျက်ရှိသော အရှေ့တောင် အာရှ၏ ထိပ်တန်း နေ့စဉ်သုံး Super app တစ်ခုဖြစ်သည်။ လက်ရှိအချိန်တွင် Grab app ကို ဖုန်းတွင် ထည့်သွင်းအသုံးပြုမှု ပေါင်း ၁၈၇ မီလီလျံကျော်လာပြီဖြစ်ကာ ယာဉ်မောင်းများ၊ ပူးပေါင်းဆောင်ရွက်သည့် ကုန်သည်နှင့် ကိုယ်စားလှယ်ပေါင်း ၉ မီလီလျံကျော်က သုံးစွဲလျက်ရှိသည်။ Grab သည် အကြီးဆုံး ဒေသတွင်း ကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်လာကာ စတင်တည်ထောင်သည့် ၂၀၁၂ မှ လက်ရှိအချိန်အထိ စီးနင်းမှု ခရီးစဉ်ပေါင်း ၄ ဘီလျံကျော်ခဲ့ပြီ ဖြစ်သည်။  Grab က သုံးစွဲသူလိုအပ်ချက်များအတွက် အကျယ်ပြန့်ဆုံးသော ဒေသတွင်း ခရီးသွားလာရေး ဝန်ဆောင်မှုအပြင် ပါဆယ်ပို့ဆောင်ခြင်း၊ ဒီဂျစ်တယ်ငွေပေးချေမှုစနစ် နှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများကို နိုင်ငံ ၈ နိုင်ငံ၏ ၃၅၁  မြို့တွင် ပေးအပ်ထားသည်။ အသေးစိတ် အချက် အလက်များကို http://www.grab.com နှင့် http://www.facebook.com/GrabMM တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။