Press Centre

Grab မှ “နေ့စဉ် ပိုမိုဘေးကင်းလုံခြုံရေး နည်းပညာလမ်းပြမြေပုံ” ကို မိတ်ဆက်ပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် လုံခြုံရေးစံနှုန်းများကို မြှင့်တင်ရန် ကြိုးပမ်းသွားမည်

နေ့စဉ် ပိုမို ဘေးကင်းလုံခြုံရေး နည်းပညာ လုပ်ငန်းစဉ်တွင် အက်ပလီကေးရှင်းအား ပိုမို ကောင်းမွန်စေရန် အဆင့်မြှင့်တင်ခြင်းများ ပါဝင်ပြီး ကြိုတင်ကာကွယ်နိုင်သော ယာဉ်မတော်တဆမှုများ ဖြစ်ပွားခြင်းမှ လျော့ချနိုင်ရန်၊ ပိုမို ဘေးကင်းလုံခြုံသော အလေ့အကျင့်ကောင်းများ ပျိုးထောင်ပေးရန်နှင့် ယာဉ်လမ်းကြောဆိုင်ရာ အပြုအမူများ ရေရှည်တွင် ကောင်းမွန်တိုးလာစေရန် ရည်ရွယ်ပါသည်။ Grab မှ မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့်အတူ အရှေ့တောင်အာရှအတွင်းရှိ အခြား အစိုးရ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ နိုင်ငံတစ်ခုချင်းစီအလိုက် အလေးထား ဖြေရှင်းရမည့် သယ်ယူပို့ဆောင်ရေးကဏ္ဍ ဘေးကင်းလုံခြုံရေး ကိစ္စရပ်များကို ဝိုင်းဝန်းဖြေရှင်းကြမည် ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ဘေးကင်းလုံခြုံရေး အစီအမံများကို နှစ်ဆတိုး၍ ရင်းနှီးမြုပ်နှံမည်။

  • နေ့စဉ် ပိုမို ဘေးကင်းလုံခြုံရေး နည်းပညာ လုပ်ငန်းစဉ်တွင် အက်ပလီကေးရှင်းအား ပိုမို ကောင်းမွန်စေရန် အဆင့်မြှင့်တင်ခြင်းများ ပါဝင်ပြီး ကြိုတင်ကာကွယ်နိုင်သော ယာဉ်မတော်တဆမှုများ ဖြစ်ပွားခြင်းမှ လျော့ချနိုင်ရန်၊ ပိုမို ဘေးကင်းလုံခြုံသော အလေ့အကျင့်ကောင်းများ ပျိုးထောင်ပေးရန်နှင့် ယာဉ်လမ်းကြောဆိုင်ရာ အပြုအမူများ ရေရှည်တွင် ကောင်းမွန်တိုးလာစေရန် ရည်ရွယ်ပါသည်။
  • Grab မှ မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့်အတူ အရှေ့တောင်အာရှအတွင်းရှိ အခြား အစိုးရ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ နိုင်ငံတစ်ခုချင်းစီအလိုက် အလေးထား ဖြေရှင်းရမည့် သယ်ယူပို့ဆောင်ရေးကဏ္ဍ ဘေးကင်းလုံခြုံရေး ကိစ္စရပ်များကို ဝိုင်းဝန်းဖြေရှင်းကြမည် ဖြစ်သည်။
  • ၂၀၁၉ ခုနှစ်တွင် ဘေးကင်းလုံခြုံရေး အစီအမံများကို နှစ်ဆတိုး၍ ရင်းနှီးမြုပ်နှံမည်။

စင်ကာပူနှင့် မန္တလေး၊ မြန်မာ၊ အောက်တိုဘာလ ၁၆ ရက်နေ့၊ ၂၀၁၈ ခုနှစ် – အရှေ့တောင်အာရှတွင် ထိပ်တန်း Online-to-Offline (O2) မိုဘိုင်း ပလက်ဖောင်းတစ်ခုဖြစ်သော Grab မှ “နေ့စဉ် ပိုမို ဘေးကင်းလုံခြုံရေး နည်းပညာ လုပ်ငန်းစဉ်” ကို ယနေ့ စတင် မိတ်ဆက်ခဲ့ပြီး သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် လုံခြုံရေးစံနှုန်း များကို  မြှင့်တင်နိုင်ရန် အက်ပလီကေးရှင်းအား ပိုမို ကောင်းမွန်ရန် ပြင်ဆင်ခြင်းတို့ ထည့်သွင်းပြုလုပ်သွားမည် ဖြစ်ပါသည်။ အဆိုပါ လုပ်ငန်းစဉ်တွင် သုံးစွဲသူများကို လုံခြုံရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ရစေပြီး ရေရှည်တွင် ယာဉ်လမ်းကြောဆိုင်ရာ အပြုအမူများ ပြောင်းလဲလာခြင်းဖြင့် ယာဉ်တိုက်မှုဖြစ်ပွားနှုန်း လျှော့ချ  နိုင်ရန် အဓိကထား စီမံဆောင်ရွက်သွားမည်ဖြစ်သည်။ လုံခြုံရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိစေရန် ယာဉ်မောင်း၏ ပင်ပန်းနွမ်းနယ်မှုနှင့် ယာဉ်မောင်းနှင်သည့်ပုံစံ အခြေအနေကို စောင့်ကြည့်ပေးခြင်းဖြင့် တစ်ဦးချင်း၏ မောင်းနှင်သည့် အလေ့အထကို လေ့လာသင်ယူကာ ပိုမို ဘေးကင်းလုံခြုံစေရေး မည်သို့  မောင်းနှင်သင့်သည်ကို သတ်မှတ်ပေးမည် ဖြစ်ပါသည်။ Grab ၏ “နေ့စဉ် ပိုမို ဘေးကင်းလုံခြုံရေး နည်းပညာ လုပ်ငန်းစဉ်” တစ်စိတ်တစ်ဒေသ အနေဖြင့် ၂၀၁၉ နှစ်ကုန်အထိ ဘေးကင်းလုံခြုံရေး အစီအမံများအတွက် နှစ်ဆ တိုး၍ ရင်းနှီးမြုပ်နှံသွားမည် ဖြစ်ပါသည်။

Grab ၏ Co-founder ဖြစ်သူ Tan Hooi Ling က “နေ့စဉ် ပိုမို ဘေးကင်းလုံခြုံရေး နည်းပညာ လုပ်ငန်းစဉ် ဆိုတာ ၂၄ နာရီ customer support စင်တာတို့၊ ယာဉ်မောင်းရဲ့ နောက်ကြောင်းကို သေသေချာချာ စစ်ဆေး ပြီးမှ အတည်ပြုနိုင်တာတို့ စတဲ့ အခြေခံ လုံခြုံရေးအုတ်မြစ်ကို အဓိက ရင်းနှီးမြုပ်နှံနေတဲ့ အရှေ့တောင်အာရှရဲ့ တစ်ခုတည်းသော လုပ်ငန်းဖြစ်တဲ့ Grab ရဲ့ လက်ရှိ ကြိုးပမ်းအားထုတ်မှုတွေထဲက တိုးချဲ့လုပ်ကိုင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ Grab အနေနဲ့ အခုလို လုပ်ငန်းတွေ တစ်စထက်တစ်စ ကြီးမားတိုးတက်လာသည့်တိုင် ကျွန်မတို့ရဲ့ ဝန်ဆောင်မှု အသုံးပြုသူတွေရဲ့ ဘေးကင်းလုံခြုံရေးကိုတော့ လုံးဝ အထိအခိုက်ခံမှာ မဟုတ်ပါဘူး။ ဘေးကင်း လုံခြုံရေးဆိုတာ ကျွန်မတို့ရဲ့ အသွေးအသားထဲမှာ ကိန်းအောင်းနေတဲ့ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်လို့   နောက်နှစ်မှာ လုံခြုံရေးအတွက် နှစ်ဆတိုးပြီး ရင်းနှီးမြုပ်နှံဖို့ကို သိပ်တောင် စဉ်းစားမနေတော့ဘဲ ဆုံးဖြတ်ချက် ချဖြစ်ခဲ့တာပါ” ဟု ပြောသည်။

ဘေးကင်းလုံခြုံရေးဆိုင်ရာ တိုးချဲ့လုပ်ကိုင်လိုက်ခြင်း၏ ရလဒ်အနေဖြင့် Grab ၏ ယာဉ်မတော်တဆဖြစ်ပွားမှုနှုန်းမှာ ၂၀၁၇ ခုနှစ်၊ စတုတ္ထ သုံးလပတ်မှ တစ်နှစ်အတွင်း ၄၀% လျော့ကျသွားခဲ့ကြောင်း တွေ့ရှိရပါသည်။

ဒေသတွင်း ဘေးကင်းလုံခြုံရေး ဦးစားပေး လုပ်ဆောင်ချက်များတွင် ပံ့ပိုးကူညီရန် အစိုးရ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

Grab မှ အရှေ့တောင်အာရှ ဒေသတစ်လွှားရှိ အစိုးရ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံအတွင်း အဖြစ် အများဆုံး လုံခြုံရေး ကိစ္စရပ်များကို ရှာဖွေဖော်ထုတ်ပြီး ကူညီဖြေရှင်းနိုင်ရန် ဒေသအလိုက် ပြုပြင်ပြောင်းလဲမှု များ လုပ်ဆောင်ပေးခဲ့ပါသည်။ ကမ္ဘာတစ်လွှားတွင် ဖြစ်ပွားနေသော ယာဉ်မတော်တဆမှုကြောင့် အသက်  ဆုံးရှုံးသည့် ပမာဏ စုစုပေါင်း၏ ၂၅ % ခန့်မှာ အရှေ့တောင်အာရှတွင်ဖြစ်ပြီး အချိုးအစားမမျှတစွာ များပြား နေပါသည်။ အစိုးရနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းတို့ အတူတကွ ပူးပေါင်းလုပ်ကိုင်ခြင်းဖြင့် ဘေးကင်း လုံခြုံရေးတွင် ပိုမို အထောက်အကူပြုစေပြီး လူအများထံ ပိုမို သက်ရောက်ပျံ့နှံ့စေမည် ဖြစ်ပါသည်။

Tan Hooi Ling က ဆက်လက်ပြီး “ကျွန်မတို့ Grab ရှိနေတဲ့ နိုင်ငံတိုင်းက ခရီးသွားပြည်သူတွေရဲ့ ဘေးကင်း လုံခြုံရေးကို အဆင့်မြှင့်တင်ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာ နိုင်ငံက အစိုးရအဖွဲ့အစည်း အားလုံးနဲ့ ပူးပေါင်းပြီး တာဝန်ယူဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ဒီနေ့ ပူးပေါင်းဆောင်ရွက်မှုအကြောင်း ထုတ်ပြန်ကြေညာပြီး  နောက်မှာ နောက်ထပ် ပူးပေါင်းလုပ်ကိုင်မှုတွေ ထပ်ပြီးရှိလာဖို့ မျှော်လင့်ထားပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် Grab က မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့်ပူးပေါင်းပြီး Grab ၏ နှစ်ဘီးတပ်၊ သုံးဘီးတပ် မော်တော်ယာဉ် မောင်းနှင်နေသော မိတ်ဖက်ယာဉ်မောင်းများအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေး ပညာပေးဆွေးနွေးပွဲများကို မန္တလေးမြို့ရှိ လမင်း ယာဉ်မောင်းသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သွားမည်  ဖြစ်ပါသည်။ အဆိုပါ ဆွေးနွေးပွဲများတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အခြေခံ ဗဟုသုတများနှင့် ယာဉ်မတော်တဆမှု မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရန်နှင့် လျှော့ချပေးနိုင်ရန် ရည်ရွယ်၍ အလေးပေး လုပ်ဆောင်သင့်သည့် အလေ့အကျင့်ကောင်းများကို သင်ကြားပြသသွားမည် ဖြစ်ပါသည်။

အဆိုပါ ယာဉ်အန္တရာယ် ကင်းရှင်းရေး သင်တန်းများတွင် မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိ သူအား လုံခြုံရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်း အသိပညာပေး ပြောကြာပေးရန် ဖိတ်ကြားခဲ့ သည်။ လမင်းမော်တော်ယာဉ် သင်တန်းကျောင်းမှ ယာဉ်တိုက်မှု မဖြစ်စေရန် ကြိုတင်ကာကွယ်ရမည့်  မောင်းနှင်မှု စွမ်းရည်များ၊ ယာဉ်မောင်းများအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။ ပညာပေး ဆွေးနွေးပွဲများအားလုံးကို Grab မှ ရာနှုန်းပြည့်ကူညီပံ့ပိုးထားပြီး Grab မိတ်ဖက်ယာဉ်မောင်းများ အခမဲ့ တက်ရောက်နိုင်ရန် စီစဉ်ပေးထားပါသည်။

GrabThoneBane နှင့် GrabBike မိတ်ဖက်ယာဉ်မောင်းများပါဝင်သော ပထမဦးဆုံး ယာဉ်အန္တရာယ် ကင်းရှင်းရေး ပညာပေးဆွေးနွေးပွဲကို ယနေ့ ယာဉ်မောင်းအုပ်စုတစ်ခုဖြင့် စတင်ကျင်းပခဲ့ပြီး လာမည့်သင်တန်းများကိုလည်း ဆက်လက် လုပ်ဆောင်ပေးသွားမည် ဖြစ်ပါသည်။

“မန္တလေးမြို့ရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ဘေးကင်းလုံခြုံရေးကို အရှိန်မြှင့်လုပ်ဆောင်ဖို့ Grab ကနေ ဦးဆောင်ပေးတဲ့အတွက် မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ကိုယ်စား ကြိုဆိုဂုဏ်ပြုကြောင်း ပြောကြားလိုပါတယ်။ ဒီအစီအစဉ်ကနေ မန္တလေးမြို့ လမ်းမတွေထက်မှာ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး အထောက်အပံ့ကောင်းတွေ ဖြစ်စေလို့ ခရီးသွားပြည်သူတွေအနေနဲ့ စိတ်အေးချမ်းသာစွာ သွားလာနိုင်ကြတော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ Grab နဲ့အတူ ပူးပေါင်းပြီး ဒေသတွင်းက ယာဉ်မောင်းတွေအတွက် ဘယ်လို အသိပညာ ဖြန့်ဝေနိုင်တဲ့အကြောင်း၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိအမြင် တိုးပွားလာစေ  ရေး ဘယ်လို ဆောင်ရွက်သင့်တဲ့အကြောင်း မျှဝေဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ဒုရဲမှူး ဦးကျော်ကျော်အောင်က ပြောသည်။

 “ကျွန်တော်တို့ Grab အနေနဲ့ အခုလို မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ယာဉ်အန္တရာယ် ကင်းရှင်းရေး သင်တန်းနဲ့ ဆွေးနွေးပွဲကို မိတ်ဆက်ခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာဂုဏ်ယူမိပါတယ်။ လူတိုင်းက ကိုယ်ချစ်ခင်မြတ်နိုးရတဲ့သူတွေ ဘေးကင်းလုံခြုံစွာနဲ့ အိမ်ပြန်လာတာကို မျှော်လင့်ကြပါတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါ့ကြောင့်လည်း သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ လုံခြုံရေးကို အဆင်ြ့မှင့်တင်ဖို့ ကျွန်တော်တို့ရဲ့ တာဝန်လို့ အမြဲ ခံယူထားပြီး ဘေးကင်းလုံခြုံရေး လုပ်ဆောင်ချက် အသစ်တွေနဲ့ ဦးစားပေး  ဆောင်ရွက်ချက်တွေမှာ ဆက်ပြီး ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ မကြာသေးမီက Share My Ride ဆိုတဲ့ လုံခြုံရေး လုပ်ဆောင်ချက်အသစ်ကို အက်ပလီကေးရှင်းထဲမှာ ထည့်သွင်း မိတ်ဆက်ခဲ့ပါတယ်။ ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေအတွက် တစ်ကိုယ်ရေ ထိခိုက်မှု အာမခံလည်း ပေးအပ်ထားပါတယ်။ ဒီနေ့မှာတော့ နောက်ထပ်အဆင့်တစ်ခုအနေနဲ့ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး  ဆွေးနွေးပွဲအသစ် တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ ဒီ သင်တန်းတွေက မန္တလေးမြို့ရဲ့ ယာဉ်အန္တရာယ် ကင်းရှင်းရေးနဲ့ ယာဉ်လမ်း  ကြောဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ပိုပြီး သတိပြုမိလာကြဖို့အပါအဝင် ယာဉ်မောင်းနဲ့ ခရီးသည်ရဲ့ တစ်ကိုယ်ရေ ဘေးကင်းလုံခြုံရေးအတွက် ရှိထားသင့်တဲ့ ပိုမို ကောင်းမွန်တဲ့ ယာဉ်မောင်း အလေ့အကျင့်တွေကို တိုးတက်လာစေနိုင်ပါတယ်။ အခုလိုမျိုး ပူးပေါင်းဆောင်ရွက်ခွင့်ပေးတဲ့ မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်”ဟုGrab Myanmar ၏ Acting Country Manager ဖြစ်သူ Alvin Loh ကပြောသည်။

နေ့စဉ် ပိုမို ဘေးကင်းလုံခြုံရေး နည်းပညာ လုပ်ငန်းစဉ်

Tan Htoo Liang မှ “အရှေ့တောင်အာရှ သယ်ယူပို့ဆောင်ရေး နယ်ပယ်မှာ ဘေးကင်းလုံခြုံမှုအတွက် မြင့်မားတဲ့ စံနှုန်းတွေ ချမှတ်နိုင်ခဲ့လို့ ကျွန်မတို့ ဝမ်းမြောက်မိပါတယ်။ နေ့စဉ် ပိုမို ဘေးကင်းလုံခြုံရေး နည်းပညာ လုပ်ငန်းစဉ်ဆိုတာ Grab ပလက်ဖောင်းမှာ ဘေးကင်းလုံခြုံရေးကို နောက်ထပ်တစ်ဆင့် ပိုပြီး ခိုင်မာလာစေဖို့  ကိုယ်စားပြုပါတယ်။ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ အပြည့်အဝ ကြိုတင်ကာကွယ်နိုင်တဲ့ မတော်တဆမှု  တွေကို လုံးဝ မရှိတော့တဲ့အထိ ဆောင်ရွက်သွားချင်တာပါ။ ဒါဆိုရင် တစ်ဖြည်းဖြည်းနဲ့ လမ်းမတွေပေါ်မှာ ယာဉ်တိုက်မှုတွေ ကင်းဝေးသွားပါလိမ့်မယ်။ အဲ့ဒီ့ ရည်မှန်းချက်ကို အရောက်လှမ်းနိုင်ဖို့ အဓိက သော့ချက် ကတော့ အသုံးပြုသူတွေကိုလည်း အလွယ်တကူ ပါဝင်နိုင်အောင် တိုက်တွန်းအားပေးရင်း သူတို့ လမ်းမ ထက်မှာ ထားသင့်တဲ့ အလေ့အထတွေကို အမှန်တကယ် ပြောင်းလဲသွားအောင် လုပ်ပေးနိုင်ဖို့ပါပဲ” ဟု  ပြောသည်။

သူမက “အခုလို ပိုပြီး ကြီးမားလာလေလေ မှန်ကန်တဲ့ လမ်းစဉ်တွေကို ချမှတ်သွားဖို့ ကျွန်မတို့မှာ တာဝန်ရှိလေ ပါပဲ။ ပြီးတော့ ကျွန်မတို့ရဲ့ မိတ်ဖက်လုပ်ငန်းတွေ၊ ခရီးသည်တွေနဲ့ ချစ်ခင်ရသူတွေအတွက် နေ့စဉ် ပိုမို  ဘေးကင်းလုံခြုံတဲ့ အစီအမံတွေ ပေးအပ်သွားပါမယ်” ဟု ထပ်ပြောသည်။

အက်ပလီကေးရှင်းအား ပိုကောင်းစေရန် လမ်းညွှန်မူဝါဒ လေးခု ကို လုပ်ငန်းစဉ်ထဲတွင် ထည့်သွင်းထား ပါသည်။

၁. မည်သူနှင့် စီးနင်းကြောင်း သိရှိနိုင် – ခရီးသည်များအနေဖြင့် ယာဉ်မောင်းဆဲလ်ဖီမှတစ်ဆင့် ပွင့်လင်းမြင်သာမှုရှိရှိ စိတ်အေးချမ်းသာစွာ သွားလာနိုင်သည့်အပြင် ယာဉ်မောင်း၏ ဝန်ဆောင်မှု အရည်အသွေး အာမခံချက်ရှိစေရန် Grab တွင် နောက်ကြောင်းအချက်အလက်များကို သေသေချာချာ စစ်ဆေးနိုင်ပါသည်။

၂. လိုအပ်သည့်အချိန်တွင် အကူအညီရခြင်း – ခရီးသည် အက်ပလီကေးရှင်းတွင် လက်ရှိအသုံးပြူနိုင်သည့် Share My Ride နှင့် Emergency SOS လုပ်ဆောင်ချက်များကို ယခုအခါ ယာဉ်မောင်း အက်ပလီကေးရှင်းတွင်ပါ ရရှိနိုင်ပြီး ယာဉ်မောင်းများမှာလည်း ၎င်းတို့၏ တည်နေရာကို အချိန်နှင့်တပြေးညီ သိရှိစေရန် ချစ်ခင်ရသူများနှင့် မျှဝေနိုင်ပြီ ဖြစ်ပါသည်။

၃. ဘေးကင်းလုံခြုံရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ပျိုးထောင်ခြင်း – Grab ၏ လေ့လာဆန်းစစ် တွက်ချက်နိုင်သည့် နည်းပညာများသည် ယာဉ်မောင်းများ၏ ကားမောင်းပုံ  မောင်းနည်းကို နားလည် သဘောပေါက်စေပြီး မည်သည့်နေရာများတွင် တိုးတက်နိုင်သည်ကို သိရှိစေရန် ကူညီပေးပါသည်။ ယာဉ်မောင်းများ၏ ပင်ပန်းနွမ်းနယ်မှုကို စောင့်ကြည့်လေ့လာပေးသည့် စနစ်တွင် ယာဉ်မောင်း တစ်ယောက်သည် ခရီးစဉ် တစ်ခုနှင့်တစ်ခုအကြား မနားဘဲ မည်မျှ မရပ်မနား  မောင်းနေခဲ့သည်ကို စစ်ဆေးပြီး သတိပေးစာ ပို့ပေးသွားရန်လည်း စီစဉ်ဆောင်ရွက်ထားသည်။ Grab တွင် ယာဉ်မောင်းများ  မောင်းနင်မှုပုံစံကို စမ်းသပ်စစ်ဆေးနိုင်သည့် နည်းပညာကိုလည်း မြန်မာနိုင်တွင် အသုံးပြုနိုင်ရန် စတင်  ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ မောင်းနင်မှုပုံစံ စစ်ဆေးချက်ကို အရှေ့တောင်အာရှတွင် အသုံးပြုရာ အရှိန်မြှင့်မောင်းနှင်ခြင်းကြောင့် ယာဉ်တိုက်မှု ဖြစ်ပွားနှုန်းကို ၅၀% လျှော့ချပေးနိုင်ခဲ့သလို ဘရိတ်ဆောင့်အုပ်မိခြင်း၊ ရုတ်တရက် အရှိန်မြှင့်သွားခြင်းကြောင့်  ဖြစ်ပွားသော ယာဉ်တိုက်မှုနှုန်းကိုလည်း ၂၀ %  လျော့ချ ပေးနိုင်ခဲ့ပါသည်။

၄. Touchpoint တိုင်းတွင် အကာအကွယ်ရှိခြင်း – Grab ပလက်ဖောင်းတွင် လုံခြုံစိတ်ချနိုင်ရေးအတွက် အမျိုးမျိုး လုပ်ဆောင်ချက်ပေးပါသည်။ မသမာမှုတွေကို ဟန့်တားပေးခြင်း၊ လွှဲပြောင်းရယူမှုများအတွက် လုံခြုံရေး လုပ်ထားခြင်း၊ အချက်အလက်များကို အထူး ကာကွယ်ပေးထားခြင်း စသည်ဖြင့် စွမ်းရည်မြင့် အက်ပလီကေးရှင်းတစ်ခုကို ဖန်တီးပေးထားပါသည်။

Grab ၏ နေ့စဉ် ပိုမို ဘေးကင်းလုံခြုံရေးသည် အရှေ့တောင်အာရှ ဒေသများဆိုင်ရာ စီမံကိန်းတစ်ခုဖြစ်ပြီး Grab လုပ်ကိုင်လျက်ရှိသော နိုင်ငံပေါင်း ၈ နိုင်ငံတွင် ဒေသတွင်း လုံခြုံရေး လုပ်ဆောင်ချက်များကို စတင်နိုင်ရန် စီစဉ်ထားပြီး ဖြစ်ပါသည်။ နေ့စဉ် ပိုမို ဘေးကင်းလုံခြုံသော နည်းပညာ လုပ်ငန်းစဉ်၏ ပန်းတိုင်များ  နှင့် တာဝန်ယူဆောင်ရွက်နေမှုများကို အသေးစိတ် သိရှိလိုပါက www.grab.com/mm/safety တွင်ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter