Press Centre

Grab နဲ့အတူ နှစ်သစ်ကို ကြိုဆိုကြခြင်း

ပျော်ရွှင်စရာနှစ်သစ်ပါ။ ၂၀၁၈ ကို နှုတ်ဆက်ပြီး နှစ်သစ်ထဲ ဝင်ရောက်တဲ့အချိန် သင် ဘယ်နေရာမှာ ရှိနေခဲ့ပြီး အဲဒီနောက်ဆုံးနေ့ရက်ရဲ့ ညနေပိုင်းလေးကို ဘယ်လိုအချိန်ကုန်ဆုံးခဲ့သလဲဆိုတာလေး သတိထားမိလား။  သင်ဟာ နှစ်သစ်ကူးညဉ့်သန်းခေါင်တည့်တည့်မှာ Grab ကားထဲရှိနေတဲ့ ခရီးသည်ပေါင်း ၆၃၀၀၀ ကျော်ထဲက တစ်ယောက် ဖြစ်ကောင်းဖြစ်နေမှာပါ။ ဒါမှမဟုတ် သင်ဟာ တစ်နှစ်တာရဲ့ နောက်ဆုံးညနေစာအနေနဲ့ Jo Jo Hot pot ကို စားသုံးနေတဲ့သူလည်း ဖြစ်ရင် ဖြစ်နေမှာပေါ့။ အရှေ့တောင်အာရှသားတွေ နှစ်သစ်ကို ဘယ်လို ဆင်နွှဲကြိုဆိုကြသလဲဆိုတဲ့အကြောင်းကို ကျွန်တော်တို့ရဲ့ ဒေတာတွေကတစ်ဆင့် တူးဖော်ကြည့်တဲ့အခါ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဘာတွေလဲဆိုတာ ဆက်ဖတ်   ကြည့်လိုက်ပါနော်။

ပျော်ရွှင်စရာနှစ်သစ်ပါ။ ၂၀၁၈ ကို နှုတ်ဆက်ပြီး နှစ်သစ်ထဲ ဝင်ရောက်တဲ့အချိန် သင် ဘယ်နေရာမှာ ရှိနေခဲ့ပြီး အဲဒီနောက်ဆုံးနေ့ရက်ရဲ့ ညနေပိုင်းလေးကို ဘယ်လိုအချိန်ကုန်ဆုံးခဲ့သလဲဆိုတာလေး သတိထားမိလား။  သင်ဟာ နှစ်သစ်ကူးညဉ့်သန်းခေါင်တည့်တည့်မှာ Grab ကားထဲရှိနေတဲ့ ခရီးသည်ပေါင်း ၆၃၀၀၀ ကျော်ထဲက တစ်ယောက် ဖြစ်ကောင်းဖြစ်နေမှာပါ။ ဒါမှမဟုတ် သင်ဟာ တစ်နှစ်တာရဲ့ နောက်ဆုံးညနေစာအနေနဲ့ Jo Jo Hot pot ကို စားသုံးနေတဲ့သူလည်း ဖြစ်ရင် ဖြစ်နေမှာပေါ့။

အရှေ့တောင်အာရှသားတွေ နှစ်သစ်ကို ဘယ်လို ဆင်နွှဲကြိုဆိုကြသလဲဆိုတဲ့အကြောင်းကို ကျွန်တော်တို့ရဲ့ ဒေတာတွေကတစ်ဆင့် တူးဖော်ကြည့်တဲ့အခါ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဘာတွေလဲဆိုတာ ဆက်ဖတ်   ကြည့်လိုက်ပါနော်။

၂၀၁၉၊ ဇန်နဝါရီ ၁ ရက်နေ့ကူးဖို့ ညဉ့်သန်းခေါင်တည့်တည့်မှာ …..

အရှေ့တောင်အာရှဒေသတစ်ခွင်မှာ Grab နဲ့ ခရီးစဉ်ပေါင်း ၃၁,၄၆၅ ကြောင်းဟာ လမ်းပေါ်မှာ သွားလာနေဆဲ ဖြစ်ပါတယ်။

ခရီးစဉ်တစ်ကြောင်းမှာ အနည်းဆုံး ခရီးသည်တစ်ဦးနဲ့ ယာဉ်မောင်းတစ်ဦးပါတယ်လို့ပဲ တွက်ချက်ကြည့်ရင် Grab ကားထဲကနေ နှစ်သစ်ကို ကြိုဆိုခဲ့သူ ၆၃,၀၀၀ ကျော် ရှိခဲ့တယ်လို့ ယူဆလို့ ရပါတယ်။

နှစ်သစ်ကူးညမှာ မိတ်ဆွေတို့ဟာ စကားတွေအပြန်အလှန်ပြောခဲ့ကြတာလည်း မနည်းမနောပါပဲ။ ၂၀၁၈ ခုနှစ်၊ ၃၁ ရက်က ညနေ ၅ နာရီကနေ ညဉ့်သန်းခေါင်အတွင်းGrabChat ကတစ်ဆင့် အပြန်အလှန်ဖလှယ်ပေးပို့ခဲ့တဲ့ အသံနဲ့ ဓာတ်ပုံမက်ဆေ့ချ်စုစုပေါင်း ၉.၇၅ သန်းလောက်တောင် ရှိခဲ့တာနော်။ (ယာဉ်မောင်း ရောက်ရှိနေပါပြီ ဆိုတဲ့ အလိုအလျောက်ပို့ပေးတဲ့မက်ဆေ့ချ်တွေကို ထည့်မတွက်ထားပါဘူး)

နှစ်သစ်ကူးညမှာ လူတွေဟာ ဘယ်အချိန် အပြင်ထွက်ကြလဲ။ သူတို့ ဘယ်အချိန် အိမ်ပြန်ရောက်ကြလဲ ကြည့်ကြရအောင်..။

အရှေ့တောင်အာရှတစ်ခွင်မှာ နှစ်သစ်ကူးည အပြင်အထွက်များဆုံးအချိန်က ည ၁၀ နာရီနဲ့ ၁၁ နာရီ ဝန်းကျင်လောက် ဖြစ်ပုံရပါတယ်။ ပုံမှန်တနင်းလာနေ့တွေမှာ ရှိခဲ့တဲ့ Grab ကားငှားတဲ့အရေအတွက်နဲ့ ယှဉ်ရင် အဲဒီအချိန်အတွင်းမှာ ဘွတ်ကင်အရေအတွက်က အတော်ကို မြင့်တက်သွားတာကို တွေ့ရလို့ပါ။

နောက် နှုတ်ဆက်အိမ်ပြန်ဖို့ အသင့်ဖြစ်တဲ့အချိန်ကတော့ မနက် ၁ နာရီနဲ့ ၂ နာရီကြားထဲမှာပါ။ ဘာလို့လဲဆိုတော့ အဲဒီညဉ့်သန်းခေါင်အကျော်အချိန်အတွင်းမှာ ကားငှားတဲ့အရေအတွက်က သိသိသာသာ မြင့်တက်သွားပြီး ပုံမှန် အင်္ဂါနေ့တွေမှာ ကားငှားတဲ့အရေအတွက်နဲ့ ယှဉ်ရင် အမြင့်ဆုံးအရေအတွက်ထိ  ရောက်ခဲ့တဲ့အချိန်လည်း ဖြစ်ပါတယ်။

 စင်ကာပူတွေနဲ့ မလေးရှားနိုင်ငံသားတွေဟာ ပျော်ပွဲရွှင်ပွဲပါတီတက်ရင်း အပြင်မှာ အချိန်အနောက်ကျဆုံး အချိန်ဖြုန်းခဲ့သူတွေပါ။ Klang Valley မှာဆိုရင် Grab ကို ငှားရမ်းတဲ့အရေအတွက်ဟာ ၂၀၁၉၊ ဇန်နဝါရီ ၁ ရက်နေ့၊ မနက် ၂ နာရီမှာ ပုံမှန် အင်္ဂါနေ့တွေနဲ့ ယှဉ်ရင် ၇.၁ ဆ ထိုးတက်သွားတာတွေ့ရပြီး စင်ကာပူမှာတော့ ၂၀၁၉၊ ဇန်နဝါရီ ၁ ရက်နေ့၊ မနက် ၃ နာရီမှာ ပုံမှန်အင်္ဂါနေ့တွေထက် ဘွတ်ကင်အရေအတွက် ၉.၅ ဆ မြင့်တက်သွားတာ တွေ့ရပါတယ်။

ရန်ကုန်မြို့မှာတော့ ၂၀၁၉၊ ဇန်နဝါရီ ၁ ရက်နေ့၊ မနက် ၁ နာရီမှာ ပုံမှန်အင်္ဂါနေ့တွေထက် ဘွတ်ကင် အရေအတွက် ၁၉.၇ ဆ မြင့်တက်သွားတာပါ။ အရှေ့တောင်အာရှဒေသတစ်ခွင်မှာတော့ မြင့်တက်တဲ့အဆက ရန်ကုန်မြို့မှာ အများဆုံးပါပဲ။ စိတ်ဝင်စားစရာပါပဲနော်။

(ပုံမှန်တနင်းလာနေ့နဲ့ ပုံမှန်အင်္ဂါနေ့တွေကို ၂၀၁၈၊ နိုဝင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်ကို စံထားထားတာ ဖြစ်ပါတယ်။ အဲဒီရက်တွေက အရှေ့တောင်အာရှနိုင်ငံ ၈ နိုင်ငံလုံးမှာ အများပြည်သူရုံးပိတ်ရက် ဒါမှမဟုတ် အထူးနေ့တစ်ခုခုနဲ့ တိုက်ဆိုင်မှုမရှိတဲ့နေ့တွေ ဖြစ်လို့ပါ)

လည်ပတ်မှု      အများဆုံး       အချိန် ပုံမှန်တနင်းလာနေ့နဲ့        ယှဉ်ရင် မြင့်တက်သွားတဲ့ ယာဉ်ငှားရမ်းမှုအဆ အများဆုံးအိမ်ပြန်ချိန် ပုံမှန်အင်္ဂါနေ့နဲ့ယှဉ်ရင်           မြင့်တက်သွားတဲ့             ယာဉ်ငှားရမ်းမှုအဆ
Bangkok 22:00 2.7x 01:00 15.2x
Hanoi 22:00 2.0x 01:00 10.6x
Jakarta 23:00 1.9x 01:00 7.0x
Klang Valley 23:00 2.3x 02:00 7.1x
Metro Manila 22:00 2.2x 01:00 5.1x
Phnom Penh 22:00 5.5x 01:00 18x
Singapore 22:00 1.4x 03:00 9.5x
Yangon 23:00 3.2x 01:00 19.7x

ညဉ့်သန်းဆောင် မတိုင်ခင် (ညနေ ၅ နာရီ _ ညဉ့် ၁၂ နာရီ)

ညဉ့်သန်းခေါင် အလွန် ( ညဉ့် ၁၂ နာရီ _ နံနက် ၄ နာရီ)

နှစ်သစ်ကူးညကို ဘယ်နေရာတွေမှာ သွားရောက်ဆင်နွှဲကြသလဲ။

ရန်ကုန်မြို့မှာတော့ ညနေ ၅ နာရီကနေ ညဉ့်သန်းခေါင် မတိုင်ခင် Grab ခရီးသည်တွေ သွားရောက်မှုအများဆုံး  နေရာတွေကတော့ သုဝဏ္ဏဘူမိပန်းခြံ၊ မြန်မာပလာဇာရှော့ပင်းမောလ်နဲ့ ဂျန်းရှင်းစီးတီးပါတဲ့။

သိကြတဲ့အတိုင်းပဲ သုဝဏ္ဏဘူမိပန်းခြံမှာက ၂၀၁၈၊ ဒီဇင်ဘာ ၃၁ မှာ Myanmar Premium Countdown ဆိုတဲ့ ရန်ကုန်မြို့ ရဲ့ အကြီးဆုံး EDM ပွဲ ရှိတယ်လေ။ မြန်မာပလာဇာမှာတော့ Christmas Circus Lucky Draw အစီအစဉ်ရှိတာရယ်၊ ဂျန်းရှင်းစီးတီးက ပရိုမိုးရှင်းအစီအစဉ်တွေရှိနေတာကြောင့် ဒီနေရာတွေက တကယ့်အသွားအလာများပြားတဲ့နေရာတွေ ဖြစ်ခဲ့တာပေါ့။

ညဉ့်သန်းခေါင်အလွန် နံနက် ၄ နာရီ မတိုင်မီ Grabယာဉ်မောင်းတွေကို ကားခေါ်တဲ့နေရာတွေက မြန်မာပလာဇာ၊ သုဝဏ္ဏဘူမိပန်းခြံနဲ့ The Penthouse Restaurant – Skybar – Lounge တွေ ဖြစ်နေတာကို  တွေ့ရပါတယ်။

နှစ်သစ်ကူးညမှာ ယာဉ်မောင်းတစ်ဦးတည်းက အများဆုံးမောင်းနှင်ခဲ့တဲ့ ခရီးစဉ်ကြောင်းရေ (ညနေ ၅ နာရီမှ ည ၁၁ နာရီ ၅၉ မိနစ် အတွင်း)

ကျွန်တော်တို့အများစုဟာ နှစ်သစ်ကူးညကို အပြင်ထွက်ဆင်နွှဲနေကြချိန်မှာ  ယာဉ်မောင်းတွေဟာ အလုပ် ကြိုးစားနေတယ်လို့ ဆိုရမှာပါ။ ပုံမှန် ခရီးစဉ်ငှားရမ်းမှုတွေထက် မြင့်တက်နေတာကို အခွင့်ကောင်းယူပြီး ကျွန်တော်တို့ရဲ့ အရှေ့တောင်အာရှတွင်း ယာဉ်မောင်းတွေထဲက တစ်ယောက်ဟာ ၂၀၁၈၊  ဒီဇင်ဘာ ၃၁ ရက်၊ ညနေ ၅ နာရီနဲ့ ညဉ့်သန်းခေါင်အတွင်း ခရီးစဉ်ကြောင်းရေ ၂၆ ကြောင်းထိ မောင်းနှင်ခဲ့ပါတယ်။

နှစ်သစ်ကူးညမှာ ခရီးစဉ်အရေအတွက်အများဆုံး မောင်းနှင်ခဲ့တဲ့ ယာဉ်မောင်းတစ်ယောက်ရဲ့  ခရီးစဉ် ကြောင်းရေမှတ်တမ်းပါ။ (၂၀၁၈၊ ဒီဇင်ဘာ ၃၁ ရက်၊ ညနေ ၅ နာရီကနေ ညဉ့်သန်းခေါင်အချိန်အကြား)

၁။ ဘန်ကောက်   ၂၄ ကြောင်း

၂။ ဟနွိုင်း     ၂၃ ကြောင်း

၃။ ဂျာကာတာ ၁၉ ကြောင်း

၄။ ကလန်းဗယ်လီ    ၂၆ ကြောင်း

၅။ မက်ထရို မနီလာ ၂၃ ကြောင်း

၆။ ဖနွမ်းပင်  ၁၈ ကြောင်း

၇။ စင်ကာပူ  ၂၄ ကြောင်း

၈။ ရန်ကုန်  ၁၇ ကြောင်း

ပါတီကူးသူများ

နှစ်သစ်ကူးညအတွင်းမှာ ဆင်နွှဲနေတဲ့ ပါတီတွေ အများကြီးကြား တစ်ခုပြီး တစ်ခု ကူးပြီး ဆင်နွှဲကြတဲ့ ပါတီပျော်အဖွဲ့တွေလည်း တွေ့ရပါတယ်။ အရှေ့တောင်အာရှတစ်ခွင် ခရီးသည် ၇၀၀၀၀ ကျော်ဟာ ည ၉ နာရီနဲ့ နံနက် ၃ နာရီကြားမှာ Grab နဲ့ ခရီးစဉ် ၂ ကြောင်းထက် ပိုပြီး စီးနင်းခဲ့သူတွေ တွေ့ရတဲ့အပြင် အဲဒီညမှာပဲ Grab နဲ့ ခရီးစဉ် ၈ ကြောင်းအထိ စီးနင်းခဲ့တဲ့ ခရီးသည် ၃ ဦးတောင် ရှိပါသေးတယ်။

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter