Press Centre

Grab ၏ ပထမဦးဆုံးသော Grab ယာဉ်မောင်းပွဲတော်ကြီးတွင် မိတ်ဖက်ယာဉ်မောင်းများအတွက် အကျိုးခံစားခွင့်အသစ်များဖြင့် မိတ်ဆက်ပေးခဲ့

Grab မှ ခရီးသည်များ သွားလာရာတွင် အရည်အသွေးမြင့် ဝန်ဆောင်မှုဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်ရန် လုပ်ဆောင်ပေးရာတွင် ပူးပေါင်းပါဝင်ခဲ့ကြသည့် မိတ်ဖက်ယာဉ်မောင်းများအား ကျေးဇူးတင် ဂုဏ်ပြုလိုက်ခြင်း ဖြစ်ပါသည်။

Grab မိတ်ဖက်ယာဉ်မောင်းပွဲတော်ကြီးတွင် လူငယ်၊ လူကြီးမရွေး သဘောကျနှစ်သက်စေမည့် ဂိမ်းအစီအစဉ်၊ တေးဂီတအစီအစဉ်များစသည်တို့ကို ကျင်းပပြုလုပ်ခဲ့သည်။

  • Grab မှ ခရီးသည်များ သွားလာရာတွင် အရည်အသွေးမြင့် ဝန်ဆောင်မှုဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်ရန် လုပ်ဆောင်ပေးရာတွင် ပူးပေါင်းပါဝင်ခဲ့ကြသည့် မိတ်ဖက်ယာဉ်မောင်းများအား ကျေးဇူးတင် ဂုဏ်ပြုလိုက်ခြင်း ဖြစ်ပါသည်။
  • ပျော်ရွှင်စရာ အစီအစဉ်များစွာ ပြည့်နှက်နေသည့် Grab ၏ ပထမဦးဆုံးသော မိတ်ဖက်ယာဉ်မောင်း ပွဲတော်ကြီးတွင် ထောင်ပေါင်းများစွာသော Grab မိတ်ဖက်ယာဉ်မောင်းများနှင့် ၎င်းတို့၏ မိသားစုများ ပါဝင်ဆင်နွှဲခဲ့ကြသည်။
  • အခမဲ့ မော်တော်ယာဉ် ကြံ့ခိုင်မှုစစ်ဆေးပေးခြင်း၊ အထူးလျှော့ဈေးဖြင့် ရရှိနိုင်သော ဖုန်းဘေလ် အစီအစဉ်များှင့် GrabShare ကော်မရှင်နှုန်းထား အပြောင်းအလဲများ အပါအဝင် လုပ်ဆောင်ချက် အသစ်များကို မိတ်ဆက်လိုက်ပါသည်။

 ရန်ကုန်၊ မြန်မာ၊ ဒီဇင်ဘာလ ၁၅ ရက်၊ ၂၀၁၈ ခုနှစ် – အရှေ့တောင်အာရှ၏ ထိပ်တန်း Online-to-Offline (O2O) မိုဘိုင်းပလက်ဖောင်းတစ်ခုဖြစ်သည့် Grab မှ ထောင်ပေါင်းများစွာသော မိတ်ဖက်ယာဉ်မောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံး အတူတကွ ပါဝင်ဆင်နွှဲခဲ့ကြသည့် ပထမဦးဆုံးအကြိမ်မြောက် Grab မိတ်ဖက် ယာဉ်မောင်းပွဲတော်ကြီးကို ယနေ့ နေ့လယ်ခင်းတွင် ရန်ကုန်မြို့၊ The One Entertainment Park ၌ ဆင်နွှဲ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် Grab အား ရန်ကုန်မြို့တွင်း ထိပ်တန်း အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်း တစ်ခု ဖြစ်လာစေရန် အဓိက ပါဝင်အားဖြည့်ပေးခဲ့ကြသည့် မိတ်ဖက်ယာဉ်မောင်း အဖွဲ့အစည်းကြီး၏ ကြိုးပမ်း အားထုတ်မှုများကို အသိအမှတ်ပြု ချီးမြှောက်ခဲ့ပါသည်။ ထို့အပြင် Grab မှ မိတ်ဖက်ယာဉ်မောင်းများ၏ လူနေမှု ဘဝ တိုးတက်ကောင်းမွန်လာစေရေး လုပ်ဆောင်သွားမည့် Better 365 လုပ်ဆောင်ချက် အသစ်များနှင့် GrabShare ခရီးစဉ်များအတွက် ကော်မရှင်နှုန်းထား ပြောင်းလဲမှုများကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါသည်။

ပွဲတော်ကြီးကို Grab မှ စွမ်းဆောင်ရည် အမြင့်ဆုံး ယာဉ်မောင်းတစ်စုအား အသိအမှတ်ပြု ချီးမြှောက်သည့် ဆုပေးပွဲအစီအစဉ်ဖြင့် စတင် ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် ခရီးစဉ်အကြောင်းရေ သတ်မှတ်ချက် ပြည့်မီသည့်အပြင် ဝန်ဆောင်မှုဆိုင်ရာ အကဲဖြတ်အဆင့်သတ်မှတ်ချက် အမြင့်ဆုံးရရှိခဲ့ကြသည့် အကောင်းဆုံး မိတ်ဖက်ယာဉ်မောင်း (၁၀) ဦးအား Huawei Y9 မိုဘိုင်းဖုန်းများ ဆုချီးမြှင့်ခဲ့ပါသည်။ Grab မိတ်ဖက် ယာဉ်မောင်းပွဲတော်ကြီးတွင် လူငယ်၊ လူကြီး မရွေး သဘောကျနှစ်သက်စေမည့် ဂိမ်းအစီအစဉ်၊ တေးဂီတ အစီအစဉ်များ အပါအဝင် စင်မြင့်ဖျော်ဖြေရေး အစီအစဉ်များနှင့် အခြားသော စိတ်ဝင်စားဖွယ်ရာ အစီအစဉ်  ကောင်းများစွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့အပြင် Grab မှ မိတ်ဖက်ယာဉ်မောင်းများအတွက် Denko ဆီဆိုင်တွင် စက်သုံးဆီဖြည့်သွင်းနိုင်ခွင့်  ဘောက်ချာများနှင့် မောင်းနှင်နေစဉ် ကားအတွင်းမှ ရိုက်ကူး မှတ်တမ်းတင်နိုင်သော black-box များ ရရှိနိုင်မည့် ကံစမ်းမဲအစီအစဉ်များလည်း ထည့်သွင်းကျင်းပခဲ့ပါသည်။

Grab Myanmar ၏ Acting Country Manager ဖြစ်သူ Alvin Loh က “မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Grab မိတ်ဖက်ယာဉ်မောင်းပွဲတော်ကြီးကို အခုလို အောင်အောင်မြင်မြင် ကျင်းပပြုလုပ်နိုင်ခဲ့တဲ့အတွက် ဝမ်းသာ ဂုဏ်ယူမိပါတယ်။ ဒီပွဲတော်ကြီးဟာ ရန်ကုန်မြို့မှာရှိတဲ့ Grab မိတ်ဖက်ယာဉ်မောင်းကွန်ယက်တစ်ခုလုံး စုံစုံညီညီ တက်ရောက်ခဲ့ကြတဲ့ အကြီးမားဆုံး စုဝေးပွဲတစ်ခုဖြစ်သလို နိုင်ငံတွင်း အငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းတစ်ခုအနေနဲ့ ဒီလိုမျိုး ပွဲတော်တစ်ခု ကျင်းပပြုလုပ်နိုင်ခဲ့တာလည်း ပထမဦးဆုံး ဖြစ်ပါတယ်။ ဒီနေ့ ပွဲတော်မှာ ခရီးသည်တွေအတွက် သက်သောင့်သက်သာနဲ့ လုံခြုံတဲ့ခရီးစဉ်တွေကို အကောင်းဆုံးဝန်ဆောင်မှု  ပေးနိုင်စေရေးအတွက် ယာဉ်မောင်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ဂုဏ်ပြုချီးမြှောက်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မိတ်ဖက်ယာဉ်မောင်းတွေရဲ့ ကြိုးပမ်းဆောင်ရွက်မှု  တွေဟာ သူတို့ရဲ့ မိသားစုဝင်တွေအတွက်လို့ နားလည်လက်ခံထားတာကြောင့် အခုလို မိသားစုဝင်တွေပါ  ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲနိုင်တဲ့ အစီအစဉ်တွေ အများကြီးနဲ့ ပွဲတော်တစ်ခု ကျင်းပပေးနိုင်ခဲ့တာ ပျော်ရွှင်  ကျေနပ်မိပါတယ်။ နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်ယာဉ်မောင်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေရဲ့  ထောက်ခံအားပေးမှုတွေမရှိဘဲ Grab ဟာ ဒီနေရာအထိ ရောက်မလာနိုင်ပါဘူးဆိုတာ အလေးအနက်  ပြောကြားလိုပါတယ်” ဟု  ပြောသည်။

“Grab က မြန်မာနိုင်ငံမှာ ရှေရှည်လုပ်ကိုင်သွားမှာ ဖြစ်တဲ့အတွက် စွမ်းဆောင်ရည်မြင့်လှတဲ့ ယာဉ်မောင်းတွေနဲ့ ပူးပေါင်းလုပ်ကိုင်မှုတိုင်းကို ကျွန်တော်တို့ တန်ဖိုးထားပါတယ်။ ယာဉ်မောင်းတွေရဲ့ နေထိုင်မှုဘဝ တိုးတက်  ကောင်းမွန်လာစေရေးနဲ့ သူတို့ရဲ့ လိုအပ်ချက်တွေကို အလေးထားဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့ ကတိကဝတ်ပြုထားခဲ့ပြီး ဖြစ်ပါတယ်။ အခု Better 365 လုပ်ငန်းစဉ်တွေထဲမှာ အခမဲ့ မော်တော်ယာဉ် ကြံ့ခိုင်မှု စစ်ဆေးပေးတဲ့အစီအစဉ်နဲ့ ဖုန်းဘေလ်ကုန်ကျစရိတ် သက်သာနိုင်မယ့် အစီအစဉ်အသစ်တွေ လုပ်ဆောင်ပေး နေပြီဆိုတာ ဂုဏ်ယူစွာနဲ့ အသိပေးလိုက်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ မိတ်ဖက်ယာဉ်မောင်းတွေအတွက် အထူးဈေးနှုန်းနဲ့ ဆီဖြည့်သွင်းနိုင်အောင် စက်သုံးဆီကုမ္ပဏီတွေနဲ့ ဆွေးနွေးနေပြီဖြစ်လို့ နှစ်သစ်မှာ ဒီအစီအစဉ်ကို အသေးစိတ် ထပ်ပြီး ကြေညာပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ကျွန်တော်တို့ မိတ်ဖက်ယာဉ်မောင်းတွေအတွက် Grab နဲ့ မောင်းနှင်ရတာ ပိုပြီး အဆင်ပြေချောမွေ့လာစေမယ့် အကျိုးခံစားခွင့်အသစ်တွေ၊ လုပ်ဆောင်ချက် အသစ်တွေရှိလို့ စောင့်မျှော်ပေးကြပါလို့ အသိပေးချင်ပါတယ်” ဟု သူက ဆက်ပြောသည်။

အခမ်းအနားတွင် Grab က မိတ်ဖက်ယာဉ်မောင်းများအတွက် အထောက်အကူဖြစ်စေမည့် အစီအစဉ် အသစ်များနှင့် လက်ရှိ ဆောင်ရွက်ပေးနေသည့် အစီအစဉ်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။

 Grab မိတ်ဖက်ယာဉ်မောင်းများ၏ လူနေမှုဘဝ တိုးတက်စေရန် အစီအစဉ်သစ်များ ထပ်မံ ဖြည့်စွက်ထားသည့် Grab ၏ Better 365 စီမံကိန်း

ရန်ကုန်မြို့ရှိ မော်တော်ယာဉ်များ ကြံ့ခိုင်မှုစစ်ဆေးခြင်း အစီအစဉ် – ၂၀၁၈ ခုနှစ် ဒီဇင်ဘာလလယ်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလလယ်အထိ ရန်ကုန်မြို့တွင်း အကောင်းဆုံး Grab မိတ်ဖက်ယာဉ်မောင်း (၁,၅၀၀) ဦးတို့မှာ Grab နှင့် ချိတ်ဆက်ထားသော ကားဝပ်ရှော့ (၄) နေရာ၌ မည်သည့်နေရာတွင်မဆို အခမဲ့ မော်တော်ယာဉ် ကြံ့ခိုင်မှု စစ်ဆေးနိုင်မည် ဖြစ်ပါသည်။  Grab သည် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးနှင့် ခရီးသည်များအတွက် ပိုမို လုံခြုံစိတ်ချရသော ခရီးစဉ်များ ဖန်တီးပေးနိုင်ရေး ရည်မှန်းချက်ဖြင့် လုပ်ဆောင်နေသည့် “နေ့စဉ် ပိုမို ဘေးကင်းလုံခြုံရေး လုပ်ငန်းစဉ်” ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ၎င်း၏ မိတ်ဖက်ယာဉ်မောင်းများအတွက်  မော်တော်ယာဉ်ကြံ့ခိုင်မှု အခမဲ့ စစ်ဆေးပေးသော မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။

အခမဲ့ မော်တော်ယာဉ်ကြံ့ခိုင်မှု စစ်ဆေးပေးခြင်း အစီအစဉ်တွင် အင်ဂျင်ဝိုင်၊ အော်တိုဝိုင်၊ ဂီယာဝိုင်၊ ဘရိတ်ဝိုင်၊ ခြေနင်းဘရိတ်၊ ဘက်ထရီ၊ ကားတာယာများနှင့် မော်တော်ယာဉ်အခြေအနေ အကြမ်းဖျဉ်း လေ့လာ စစ်ဆေးခြင်းများ ပါဝင်မည်ဖြစ်ပြီး အဆိုပါ စစ်ဆေးမှုများအတွက် ကျသင့်ငွေကို Grab မှ ပေးအပ်သွားမည် ဖြစ်သည်။ စစ်ဆေး ပြီးစီးသည့် မော်တော်ယာဉ်တိုင်းတွင် “Grab ၏ မော်တော်ယာဉ် စစ်ဆေးမှု ခံယူပြီး” စတေကာများ ကပ်ပေးထားမည်ဖြစ်သောကြောင့် လာမည့် ရက်သတ္တပတ်အတွင်း ခရီးသည်များ Grab ဖြင့် ငှားရမ်းစီးနင်းရာတွင် စတေကာပါရှိသော မော်တော်ယာဉ်ဖြစ်ပါက လုံခြုံရေးအတွက် ပိုမို စိတ်အေးချမ်းသာစွာ သွားလာနိုင်မည် ဖြစ်ပါသည်။

အဆိုပါ လုံခြုံရေးလုပ်ဆောင်ချက်သည် ပွဲတော်ရာသီချိန်များတွင် ပါဝင်ဆင်နွှဲရန် စီစဉ်ထားသူများအတွက် အချိန်နှင့်တစ်ပြေးညီ စတင်ဆောင်ရွက်လိုက်သည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။ အဖျော်ယမကာ သုံးဆောင်ရန် အစီအစဉ်ရှိသူများအနေဖြင့် လာမည့် ခရစ်စမတ်နှင့် နှစ်သစ်ကြိုဆိုပွဲများ၌ ပျော်ပျော်ပါးပါး ဆင်နွှဲပြီးချိန်တွင် ကိုယ်တိုင်ယာဉ်မောင်းနှင်သွားလာမည့်အစား Grab အသုံးပြု၍ ဘေးကင်းလုံခြုံစွာ သွားလာကြရန် Grab က တိုက်တွန်း အားပေးလိုပါသည်။ ရန်ကုန်မြို့ရှိ မော်တော်ယာဉ်များ ကြံ့ခိုင်မှုစစ်ဆေးခြင်း အစီအစဉ် ပြီးဆုံးပါက Grab က အကျိုးသက်ရောက်မှုကို ပြန်လည်သုံးသပ်မည်ဖြစ်ပြီး ပိုမို များပြားသော မိတ်ဖက်ယာဉ်မောင်းများ အတွက် ယာဉ်ကြံံ့ခိုင်မှု စစ်ဆေးပေးနိုင်ရေး နှစ်စဉ် ဆက်လက်ကျင်းပပြုလုပ်သွားရန် ရည်ရွယ်ထားပါသည်။

အူရီဒူးဖုန်းများအတွက် အထူးသီးသန့်အစီအစဉ်များ – Grab နှင့် အူရီဒူးတို့ ပူးပေါင်းပြီး Grab အက်ပလီကေးရှင်းကို နေ့စဉ်အသုံးပြုနေရသော Grab မိတ်ဖက်ယာဉ်မောင်းများအတွက် အင်တာနက်ဒေတာ အသုံးပြုရန် နှင့် ဖုန်းပြောဆိုရန် မကြာခဏ ဘေလ်ဖြည့်သွင်းရသည့် စိုးရိမ်မှုများ လျော့နည်းသွားစေရန် အင်တာနက်နှင့် ဖုန်းပြောရာတွင် ကုန်ကျစရိတ် သက်သာစေမည့် အထူးအစီအစဉ်များ ပေးအပ်ထားပါသည်။ ဖုန်းဘေလ်အတွက် အထူးသီးသန့်အစီအစဉ်များနှင့် ပတ်သက်၍ ထပ်မံသိရှိလိုသော စိတ်ပါဝင်စားသည့် Grab မိတ်ဖက်ယာဉ်မောင်းများအတွက် Grab Partner Care Team နှင့် ဆက်သွယ်ပြီး အကူအညီ ရယူနိုင်ပါသည်။

 အမြင်အာရုံ စစ်ဆေးပေးခြင်း – မြန်မာနိုင်ငံရှိ မိတ်ဖက်ယာဉ်မောင်းများအတွက် Grab ၏ မျက်စိကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်ပေးသည့်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သည့်အနေဖြင့် ယနေ့ကျင်းပပြုလုပ်သော Grab မိတ်ဖက်ယာဉ်မောင်းပွဲတော်ကြီးတွင် IQ Vision နှင့် Grab တို့ ပူးပေါင်း၍ မိတ်ဖက်ယာဉ်မောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် အခမဲ့ အမြင်အာရုံ စစ်ဆေးပေးခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။ အမြင်အာရုံ စစ်ဆေးမှု ခံယူပြီးပါက မိမိ၏ မျက်စိကျန်းမာရေး အခြေအနေကို သိရှိနိုင်မည်ဖြစ်ပြီး လိုအပ်ပါက ပါဝါမျက်မှန် ကဲ့သို့ အမြင်အာရုံ အထောက်အကူပြုပစ္စည်းများ အသုံးပြုရန် ညွှန်ကြားပေးသွားမည် ဖြစ်သည်။ ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် မိတ်ဖက်ယာဉ်မောင်းများအတွက် IQ Vision မှ ပါဝါမျက်မှန်နှင့် နေကာ မျက်မှန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ပြီး Sisley ၊ Ray-Ban နှင့် Oakley စသည့် နာမည်ကြီး မျက်မှန်အမှတ်တံဆိပ်များကိုလည်း အထူးဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပါသည်။

Grab သည် ယာဉ်မောင်းများ၏ မျက်စိကျန်းမာရေးနှင့်ပတ်သက်၍ အသိအမြင် တိုးပွားလာစေရန်၊ ယာဉ်မောင်း များနှင့် ခရီးသည်များ ရန်ကုန်မြို့တွင်းရှိ လမ်းမများပေါ်တွင် အန္တရာယ်ကင်းစွာ သွားလာနိုင်စေရန် ရည်ရွယ်ပြီး အဆိုပါ အစီအစဉ်ကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ ယနေ့အထိ ရန်ကုန်မြို့တွင် အမြင်အာရုံ စစ်ဆေးမှု ခံယူပြီးသည့် မိတ်ဖက်ယာဉ်မောင်းဦးရေ (၄၀၀) ကျော် ရှိနေပြီ ဖြစ်ပါသည်။ ယနေ့ ပွဲတော်တွင် အမြင်အာရုံ စမ်းသပ်စစ်ဆေးမှုများစွာ ပြုလုပ်ပြီးစီးခဲ့ပြီးနောက် Grab Myanmar ရုံးခန်း တည်ရှိရာ Crystal Tower တွင် မိတ်ဖက်ယာဉ်မောင်းများအတွက် အမြင်အာရုံ စမ်းသပ်စစ်ဆေးပေးသည့် အစီအစဉ်များကို ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း နေ့လယ် ၁ နာရီမှ ၄ နာရီအတွင်း သုံးရက်တိတိ ဆက်လက် လုပ်ဆောင်ပေးမည် ဖြစ်သည်။

စွမ်းဆောင်ရည်မြင့် မိတ်ဖက်ယာဉ်မောင်းများ အထူးဈေးနှုန်းဖြင့် စက်သုံးဆီ ဝယ်ယူနိုင်ခြင်း – လွန်ခဲ့သည့် လအနည်းငယ်က စက်သုံးဆီဈေးနှုန်း မတည်ငြိမ်ခြင်းနှင့် ဈေးနှုန်းအနည်းငယ် မြင့်မားလာခြင်းကြာင့် Grab က ၎င်း၏ စွမ်းဆောင်ရည်မြင့် မိတ်ဖက် ယာဉ်မောင်းများအတွက် စက်သုံးဆီဖြည့်သွင်းရာတွင် အထူးလျှော့ဈေးဖြင့် ရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ အထူးလျှော့ဈေးဖြင့် စက်သုံးဆီဖြည့်သွင်းနိုင်ခွင့် ရရှိမည့် မိတ်ဖက်ယာဉ်မောင်းများအား အသေးစိတ်အချက်အလက်များကို လာမည့်ရက်သတ္တပတ်များအတွင်း အသိပေး အကြောင်းကြားမည် ဖြစ်ပါသည်။

၂၀၁၈ အတွင်း စွမ်းဆောင်ရည်အမြင့်ဆုံးမိတ်ဖက်ယာဉ်မောင်း ၁၀ ဦးကို Huawei Y9 မိုဘိုင်းဖုန်းများ ပေးအပ်ခဲ့သည်။

မိတ်ဖက်ယာဉ်မောင်းများနှင့် သူတို့၏မိသားစုဝင်များအတွက် အခမဲ့မျက်စိကျန်းမာရေးစစ်ဆေးမှု

မော်တော်ယာဉ်များ ကြံ့ခိုင်မှုစစ်ဆေးခြင်းအစီအစဉ်

မိတ်ဖက်ယာဉ်မောင်းများအတွက် Grab ကော်မရှင်နှုန်းထား အပြောင်းအလဲများ

 GrabShare ကော်မရှင်နှုန်းထား – စုပေါင်းကားငှားခြင်းသည် ခရီးသည်များအတွက် ကုန်ကျစရိတ် ပိုမိုသက်သာစွာ သွားလာနိုင်သလို ရန်ကုန်မြို့တော်တွင်း ယာဉ်ကြောပိတ်ဆို့မှု ပြဿနာလျော့နည်းစေနိုင်သော ထိရောက်သည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ GrabShare သည် ရန်ကုန်မြို့တွင်း ခရီးသည်များကြား ပိုမို ရေပန်းစားလာသည့်အတွက် Grab မှ မိတ်ဖက်ယာဉ်မောင်းများနှင့် ခရီးသည် နှစ်ဦးစလုံးအတွက် ပိုမို အဆင်ပြေ  ချောမွေ့စွာ သွားလာနိုင်ရန် ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။ ယနေ့အခမ်းအနားတွင် Grab မှ GrabShare ကော်မရှင်နှုန်းထား တွက်ချက်မှုပုံစံ အပြောင်းအလဲတစ်ခုကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ ယနေ့မှစတင်ပြီး နောက်ထပ် ခရီးစဉ်လမ်းကြောင်းတစ်ခုဖြင့် မချိတ်ဆက်မိသော GrabShare ခရီးစဉ်များ အတွက် ကော်မရှင်နှုန်းထား  အခမဲ့ အစီအစဉ်အဖြစ် ပြောင်းလဲကျင့်သုံးမည်ဖြစ်ပြီး ကောက်ခံထားသည့် ၂၀ ရာခိုင်နှုန်းကော်မရှင်အား ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။ သို့သော် ထိုအစီအစဉ်သည် ခရီးသည် လက်ခံနှုန်းနှင့် ခရီးစဉ်ပယ်ဖျက်နှုန်း ပြည့်မီသည့် ယာဉ်မောင်းများအတွက်သာ အကျုံးဝင်သည်။ ထို့ကြောင့် မိတ်ဖက်ယာဉ်မောင်းများအနေဖြင့် GrabShare ခရီးစဉ်တစ်ခုတွင် အများဆုံး ခရီးသည်နှစ်ဦးမှ ခေါ်ယူမှု ရရှိရမည့်အစား ခရီးသည်တစ်ဦးတည်းသာ ရရှိပါကလည်း ဝင်ငွေ လျော့နည်းသွားမည်ကို ပူပန်နေရန် မလိုအပ်တော့ပေ။

ထို့အပြင် Grab မှ လက်ရှိ ဆောင်ရွက်နေသော လုပ်ဆောင်ချက်များအရ ၂၀၁၉ ခုနှစ် အစောပိုင်းကာလတွင် Grab မိတ်ဖက်ယာဉ်မောင်း အက်ပလီကေးရှင်းအတွင်း အသုံးပြုလျက်ရှိသည့် လုပ်ဆောင်ချက်များကို ပြန်လည် သုံးသပ်ကာ ဘေးကင်းလုံခြုံရေး လုပ်ဆောင်ချက်အသစ်များဖြင့် ထပ်မံ မိတ်ဆက်ပေးသွားမည် ဖြစ်သည်။

“Grab က ပထမဆုံး ကျင်းပပြုလုပ်တဲ့ Grab မိတ်ဖက်ယာဉ်မောင်းပွဲတော်ကြီးကို ကျွန်တော့် အမျိုးသမီးနဲ့ ကလေးတွေပါ အတူတူ လာရောက်ဆင်နွှဲခွင့်ရတဲ့အတွက် အရမ်းပျော်ပါတယ်။ Grab နဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ အချိန်ကစပြီး ခရီးစဉ်အကြောင်းရေနဲ့ ဝင်ငွေလည်း တိုးတက်လာတာကြောင့် အခုဆိုရင် ကျွန်တော်ရဲ့ မိသားစုကို အရင်ကထက် ထောက်ပံ့လာနိုင်ပြီး နေ့တိုင်း အလုပ်လုပ်လို့ ပိုအဆင်ပြေလာပါတယ်။ ဒါ့ကြောင့် Grab ရဲ့ မိတ်ဖက်ယာဉ်မောင်းတစ်ဦးဖြစ်ရတာ အရမ်းပျော်သလို ဒီနေ့ပွဲဟာလည်း ကျွန်တော်နဲ့ ကျွန်တော့် မိသားစုအတွက် တကယ့်ကို အမှတ်တရပါပဲ။ ပျော်ပွဲရွှင်ပွဲတွေကို လူငယ်တွေပဲ သွားရမယ်လို့ ဘယ်သူပြောလဲ။  ကျွန်တော်တို့ အငှားယာဉ်မောင်းတွေလည်း အခုလို ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲသင့်ပါတယ်ဗျာ” ဟု Grab မိတ်ဖက်ယာဉ်မောင်းအဖြစ် တစ်နှစ်ကျော် မောင်းနှင်လာခဲ့သူ ဦးဉာဏ်ဝင်းက ပြောသည်။

Grab မိတ်ဖက်ယာဉ်မောင်းအဖြစ် မောင်းနှင်လာခဲ့သည်မှာ တစ်နှစ်ကျော်သက်တမ်းရှိပြီဖြစ်သော ကိုစန်းလွင် ကလည်း “ဒီပွဲက Grab ယာဉ်မောင်းအဖွဲ့အစည်းတစ်ခုလုံးကို တစ်နေရာတည်းမှာ စုစည်းပေးနိုင်တဲ့အတွက် အရမ်းကောင်းတဲ့ အစီအစဉ်တစ်ခုပါပဲ။ ဒီနေ့ ကျွန်တော့်သူငယ်ချင်းတွေအများကြီး သူတို့ မိသားစုတွေနဲ့  ပျော်ရွှင်နေကြတာ တွေ့ခဲ့ရပါတယ်။ ဒီပွဲက မြန်မာနိုင်ငံရဲ့ တစ်စထက်တစ်စ တိုးပွားလာတဲ့ Grab မိသားစုကြီး တစ်စုထဲမှာ ကျွန်တော်တို့အားလုံးက ဘယ်လောက်ထိ ပါဝင်နေကြလဲဆိုတာ ပြသနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ ဒီလိုပွဲမျိုး နှစ်တိုင်းလုပ်ဖို့ မျှော်လင့်မိတယ်။ ဘာလို့လဲဆိုတော့ ဒီလို ပွဲတော်ပုံစံမျိုး ကျင်းပပေးတာ ထူးခြားတယ်လေ။ ပြီးတော့ ကျွန်တော်တို့အတွက် စီစဉ်ပေးထားတဲ့ Grab ရဲ့ အစီအစဉ် အသစ်တွေအကြောင်းလဲ သိခွင့်ရတာပေါ့” ဟု ပြောသည်။

“ဒီနေ့ ကျင်းပတဲ့ Grab မိတ်ဖက်ယာဉ်မောင်းပွဲတော်ကြီးမှာ Michelin အနေနဲ့ အဓိက ကူညီပံ့ပိုးသူအဖြစ် ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ဒီနေ့ပွဲမှာ Grab ရဲ့ မိတ်ဖက်ယာဉ်မောင်းတွေအတွက် ကျွန်တော်တို့ရဲ့ ကားတာယာတွေကို အထူးဈေးနှုန်းတွေနဲ့ ရောင်းချပေးသွားမှာပါ။ အခုလို ပွဲတော်မျိုးတွေ ကျင်းပပေးတဲ့အတွက် လူအများကို ပျော်ရွှင်စေတဲ့အပြင် စိတ်ဓာတ်ခွန်အားတွေလည်း မြှင့်တင်ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ Grab ကနေ အထူးအလေးပေး ဆောင်ရွက်နေတဲ့ လမ်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်ခွင့်ရပြီး Grab မိတ်ဖက်ယာဉ်မောင်းတွေကို ကားတာယာနဲ့ ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာ သိကောင်းစရာတွေ ဝေမျှခွင့်ရတဲ့အတွက် ကျေနပ်မိပါတယ်” ဟု Michelin Asia (Singapore) Co Pte Ltd မှ ရန်ကုန်ရုံးခွဲ မန်နေဂျာ ဖြစ်သူ Mr. Watit Sittakom က ပြောသည်။

 

Grab Myanmar အကြောင်း အသေးစိတ် ထပ်မံ သိရှိလိုပါက www.grab.com နှင့် www.facebook.com/GrabMM တို့တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter