Press Centre

Grab က အရှေ့တောင်အာရှဒေသအတွင်း နည်းပညာဖြင့် အကျိုးပြုနိုင်ရန် ၂၀၂၅ ခုနှစ်အထိ ရည်မှန်းချက်ပန်းတိုင်များ ချမှတ်

  Grab သည် အရှေ့တောင်အာရှနိုင်ငံသားများအတွက် ဒစ်ဂျစ်တယ်စီးပွားရေးမှ အခွင့်အလမ်းများ ပိုမိုရရှိနိုင်စေရေး အထောက်အကူပေးရန်နှင့် အရည်အသွေးမြှင့်တင်ပေးရန် ၂၀၂၅ ခုနှစ်အထိ ရည်မှန်းဖော်ဆောင်သွားမည့် ‘Grab for Good’ ပန်းတိုင်များကို ချမှတ်လိုက်သည်။  Microsoft နှင့် Tech for Good (နည်းပညာပိုင်း အထောက်အကူပြု လုပ်ဆောင်မှု) ပူးပေါင်းခြင်း သည် အရှေ့တောင်အာရှဒေသတွင်း နည်းပညာ အသုံးချနိုင်မှုဆိုင်ရာ စွမ်းရည် ကွာဟမှုများကို ပေါင်းကူးပေးနိုင်ပြီး Grab မိတ်ဖက်ယာဉ်မောင်းများနှင့် ၎င်းတို့၏မိသားစုဝင်များ အကျိုးဖြစ်စေရန် ရည်ရွယ်ထားသည်။ Grab သည် နားမကြားသူများနှင့် […]

  Grab သည် အရှေ့တောင်အာရှနိုင်ငံသားများအတွက် ဒစ်ဂျစ်တယ်စီးပွားရေးမှ အခွင့်အလမ်းများ ပိုမိုရရှိနိုင်စေရေး အထောက်အကူပေးရန်နှင့် အရည်အသွေးမြှင့်တင်ပေးရန် ၂၀၂၅ ခုနှစ်အထိ ရည်မှန်းဖော်ဆောင်သွားမည့် ‘Grab for Good’ ပန်းတိုင်များကို ချမှတ်လိုက်သည်။

  •  Microsoft နှင့် Tech for Good (နည်းပညာပိုင်း အထောက်အကူပြု လုပ်ဆောင်မှု) ပူးပေါင်းခြင်း သည် အရှေ့တောင်အာရှဒေသတွင်း နည်းပညာ အသုံးချနိုင်မှုဆိုင်ရာ စွမ်းရည် ကွာဟမှုများကို ပေါင်းကူးပေးနိုင်ပြီး Grab မိတ်ဖက်ယာဉ်မောင်းများနှင့် ၎င်းတို့၏မိသားစုဝင်များ အကျိုးဖြစ်စေရန် ရည်ရွယ်ထားသည်။
  • Grab သည် နားမကြားသူများနှင့် အကြားအာရုံချို့တဲ့နေသူများအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်  ဒေသလုံးဆိုင်ရာ Break the Silence လှုပ်ရှားမှုကို မိတ်ဆက်ခဲ့သည်။
  • ကုမ္ပဏီသည် ၎င်း၏လူမှုဝန်းကျင်အတွက် အကျိုးသက်ရောက်မှုဆိုင်ရာ ပထမဆုံးအစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး ထိုအစီရင်ခံစာတွင် မတ်လ ၂၀၁၉ အထိ ၁၂ လကာလအတွင်း အရှေ့တောင်အာရှတွင်း စီးပွားရေးကဏ္ဍ တွင် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံ ထည့်ဝင်ခဲ့သည်ကို ဖော်ပြထားသည်။

 ဂျာကာတာ၊ အင်ဒိုနီးရှားနိုင်ငံ – ၂၄ စက်တင်ဘာ၊ ၂၀၁၉ ခုနှစ်  အရှေ့တောင်အာရှ၏ ထိပ်တန်း နေ့စဉ်သုံး super app တစ်ခုဖြစ်သည့် Grab သည် အရှေ့တောင်အာရှ ဒေသတွင်းရှိ လူအများအတွက် အလွန်အရေးပါသည့် နည်းပညာ၊ သိနားလည်မှု စွမ်းရည်မြှင့်တင်ခြင်းနှင့် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများအား ရယူအသုံးချလာနိုင်စေရန် ကူညီပံ့ပိုးပေးနိုင်ရေး ရည်ရွယ်ပြီး ပထမဦးဆုံး အကြိမ်မြောက် “Grab for Good” လူမှုရပ်ဝန်း အကျိုးပြု အစီအစဉ်ကို ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။ ထိုအစီအစဉ်သည် ဖွံဖြိုးတိုးတက်နေသည့် ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍ အတွင်း လူအများ ပိုမို ပါဝင်လာနိုင်စေပြီး ၎င်းတို့၏ လူနေမှုဘဝ တိုးတက်စေရန် ပိုမိုများပြားသည့် အခွင့်အလမ်းနှင့် ရွေးချယ်စရာများ ဖန်တီးပေးမည် ဖြစ်ပါသည်။

Grab ၏ နည်းပညာ၊ ပလက်ဖောင်းနှင့် ပူးပေါင်းလုပ်ဆောင်မှုများကို အသုံးချပြီး “Grab for Good” အစီအစဉ်အတွင်း အောက်ပါ ရည်မှန်းချက်များအား ၂၀၂၅ ခုနှစ်တွင် အောင်မြင်စွာရယူနိုင်ရန် ရည်မှန်းထားပါသည်။

၁။ အရှေ့တောင်အာရှဒေသတွင်း အားလုံးရယူအသုံးပြုနိုင်သော ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများနှင့် ဒစ်ဂျစ်တယ် သိနားလည်မှုများ တိုးတက်လာစေရန် – ဘက်ပေါင်းစုံ၊ အလွှာပေါင်းစုံမှ လူတိုင်းသည် ဖွံဖြိုးတိုးတက်လာသည့် ဒစ်ဂျစ်တယ်စီးပွားရေးမှတစ်ဆင့် အကျိုးကျေးဇူး ခံစားခွင့်ရှိစေရန် Grab က သက်ဆိုင်ရာ အစိုးရအဖွဲ့များ၊ ပုဂ္ဂလိက ကုမ္ပဏီများ၊ ပရဟိတ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ အရှေ့တောင်အာရှနိုင်ငံသား ၃ သန်းအား ဒစ်ဂျစ်တယ် သိနားလည်မှုတိုးတက်လာပြီး ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများ ပိုမို ရယူအသုံးချနိုင်ကြစေရန် ရည်မှန်းဆောင်ရွက်သွားမည် ဖြစ်သည်။

၂။ အသေးစားလုပ်ငန်းရှင်များနှင့် လုပ်ငန်းငယ်များကို ကူညီပံ့ပိုးပေးရန် – အသေးစားလုပ်ငန်းရှင်များသည် Grab ၏ စီးပွားရေးပုံစံ အချက်အချာဖြစ်ပြီး လုပ်ငန်းငယ်များသည် အရှေ့တောင်အာရှဒေသစီးပွားရေး၏ အသက်သွေးကြောဖြစ်သည်။ ၎င်းတို့အနေဖြင့် နည်းပညာအသုံးပြုပြီး စရိတ်စက သက်သာစေရန်နှင့် ထုတ်ကုန်စွမ်းရည်များ မြှင့်တင်နိုင်စေရန် Grab သည် ပုံမှန် မိရိုးဖလာပုံစံအတိုင်း လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများနှင့် ဈေးဆိုင်ငယ် ၅ သန်းကျော်အား နေ့စဉ် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာ တွင် ဒစ်ဂျစ်တယ်စနစ် အသုံးပြုနိုင်ရန် ပံ့ပိုးပေးမည်ဟု ရည်မှန်းထားသည်။

၃။ အနာဂါတ်လုပ်ငန်းခွင်အတွက် အရည်အသွေးပြည့်ဝန်ထမ်းများအား ပြင်ဆင်ထားခြင်း – အာဆီယံနိုင်ငံများအတွင်းရှိ လူငယ်များမှ ၁၆ ရာခိုင်နှုန်းသည် အနာဂတ်တွင် နည်းပညာလုပ်ငန်းခွင်များ၌ လုပ်ကိုင်လိုကြသည်။ Grab သည် ပညာရေးဆိုင်ရာအဖွဲ့အစည်းများ၊ အကျိုးအမြတ်မရယူသည့် နည်းပညာအဖွဲ့အစည်းများနှင့် ထိပ်တန်းနည်းပညာကုမ္ပဏီများနှင့် ပူးပေါင်းကာ ၎င်း၏နည်းပညာဆိုင်ရာ ပင်ကိုစွမ်းရည်ရှိသူများကို ပျိုးထောင်သည့် ကနဉီးလုပ်ဆောင်မှုအားဖြင့်  ကျောင်းသားပေါင်း ၂၀၀၀၀ ကျော်ကို လေ့ကျင့်သင်ကြားပေးရန် ရည်မှန်းထားသည်။

ဤပန်းတိုင်များကို ရောက်ရှိအောင်မြင်ရန်အတွက် Grab က ၎င်း၏  “Grab for Good” အစီအစဉ်အောက်တွင် ကနဦး လုပ်ဆောင်ချက်နှစ်ခုအဖြစ် Grab နှင့် Microsoft တို့အကြား ပူးပေါင်းလုပ်ဆောင်ပြီး ဒစ်ဂျစ်တယ် သိနားလည်မှုနှင့် အသုံးချမှုစွမ်းရည် မြှင့်တင်ရေး လုပ်ဆောင်ချက်နှင့် Grab ၏ စီးပွားရေး အသိုက်အဝန်းမှတစ်ဆင့် နားမကြားသူများနှင့် အကြားအာရုံ ချို့တဲ့သူများ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်အတွင်း ပိုမို အဆင်ပြေလွယ်ကူစွာ ပါဝင်လာနိုင်ကြစေမည့် ဒေသလုံးဆိုင်ရာ “Break the Silence” လုပ်ဆောင်ချက်တို့အား စတင် ဆောင်ရွက်သွားရန် ထုတ်ပြန်ကြေညာခဲ့ပါသည်။

ဤ လုပ်ဆောင်ချက်နှစ်ခုသည် ကိုယ်ပိုင်လုပ်ငန်းနှင့် လုပ်ငန်းငယ်လေးများအတွက် ခေတ်သစ် ဒစ်ဂျစ်တယ်စီးပွားရေးစနစ်တွင် ရှင်သန်ရပ်တည်နိုင်ရန် လိုအပ်သည့် နည်းပညာအသုံးချမှုဆိုင်ရာ စွမ်းရည်နှင့် လုပ်ဆောင်ချက်များကို ပံ့ပိုးအားဖြည့်ပေးသွားမည့် ရေရှည်စီမံကိန်းတစ်ခု၏ အစ ဖြစ်သည်။  ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ဆောင်ချက်များကို ယခုနှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ပါသည်။ (နောက်ဆက်တွဲ – က တွင် ကြည့်ပါ)

“အရှေ့တောင်အာရှဒေသဟာ ၂၀၃၀ ခုနှစ်မှာ ကမ္ဘာ့ စတုတ္ထမြောက် အကြီးဆုံးစီးပွားရေးဒေသကြီး ဖြစ်လာမယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါပေမယ့်  ခက်ခဲနေသေးတဲ့အချက်က လူတိုင်း ဒီအခွင့်အရေးကို သာတူညီမျှ ရယူနိုင်ခွင့်နဲ့ ဒေသတွင်း တိုးတက်မှုနဲ့အတူ အောင်မြင်နိုင်ဖို့ သာတူညီမျှ အခွင့်အရေး မရနိုင်တဲ့ အချက်ပါပဲ။ တကယ်လို့ ပုဂ္ဂလိက လုပ်ငန်းတွေအနေနဲ့ ဒေသခံအသိုင်းအဝန်းအတွက် အကျိုးပြုအစီအစဉ်တွေ ဖန်တီးဖော်ဆောင်မယ်ဆိုရင်တော့ နည်းပညာတွေကို လူအများ လက်လှမ်းမီလာနိုင်မှာ ဖြစ်သလို အသုံးချမှု စွမ်းရည်သစ်တွေ သင်ကြားပြီး အရှေ့တောင်အာရှတွင်းက လူပေါင်းမြောက်မြားစွာအတွက် သူတို့ရဲ့ လူနေမှုဘဝတွေကို ချက်ချင်းတိုးတက်လာဖို့ အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်” ဟု Grab ၏ Group CEO နှင့် Co-founder ဖြစ်သူ Anthony Tan က ပြောသည်။

“ Grab for Good” ဆိုတာက လူအားလုံး ပါဝင်နိုင်တဲ့ ပြည့်စုံတဲ့ပလက်ဖောင်းတစ်ခုကို တည်ဆောက်နေတာပဲဖြစ်ပါတယ်။ ဒါက Grab လုပ်ကိုင်တဲ့ နိုင်ငံတိုင်းမှာ ကောင်းမွန်ပြီး  ခိုင်မာတဲ့ ရေရှည်အကျိုးသက်ရောက်မှုတွေ ဖန်တီးပေးမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်လည်း ဖြစ်ပါတယ်” ဟု Anthony Tan က ဖြည့်စွက်ပြောပြသည်။

Grab for Good: လူမှုဝန်းကျင်အတွက် အကျိုးသက်ရောက်မှုဆိုင်ရာ အစီရင်ခံစာ ၂၀၁၈ – ၂၀၁၉ ခုနှစ်

“Grab for Good” လူမှုရပ်ဝန်း အကျိုးပြု အစီအစဉ်ကို Grab စတင်ခဲ့သည့် ခုနှစ်နှစ်တာကာလအတွင်း အရှေ့တောင်အာရှ နိုင်ငံသားများအားလုံး၏ ဘဝလူနေမှု တိုးတက်စေရေးအတွက် ရည်ရွယ်ချမှတ်ထားသည့် Grab ၏ ဦးတည်ချက်အပေါ် အခြေခံပြီး အကောင်အထည်ဖော်ထားခြင်း ဖြစ်သည်။ ယနေ့ ထုတ်ပြန်သည့် ၎င်း၏ ပထမဆုံး လူမှုဝန်းကျင်အတွက် အကျိုးသက်ရောက်မှု အစီရင်ခံစာတွင် Grab သည် မတ်လ ၂၀၁၉ အထိ ၁၂ လ အတွင်း အရှေ့တောင်အာရှဒေသ စီးပွားရေးကဏ္ဍတွင် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံအထိ ထည့်ဝင်ခဲ့ကြောင်း ခန့်မှန်းဖော်ပြထားသည်။ ထို လူမှုစီးပွားရေးဆိုင်ရာ တွက်ချက်မှုမှာ အထက်ပါ ခွင့်ပြုချက်ရထားပြီးသော လုပ်ငန်းစဉ်များအပေါ် အခြေခံလျက် KPMG အဖွဲ့မှ ဘက်လိုက်မှုမရှိဘဲ တွက်ချက်အတည်ပြုထားခြင်း ဖြစ်ပါသည်။ ။

အသေးစားလုပ်ငန်းရှင်ပေါင်း ၉ သန်းကျော်၊ သို့မဟုတ် အရှေ့တောင်အာရှဒေသတွင်းရှိ လူ ၇၀ ဦးတွင် တစ်ဦးမှာ မိတ်ဖက်ယာဉ်မောင်း၊ ပစ္စည်း၊ အစားအသောက် ပို့ဆောင်သူ၊ ဈေးဆိုင်ပိုင်ရှင် သို့မဟုတ် မိတ်ဖက်အေးဂျင့် တစ်ဦးအဖြစ် လုပ်ကိုင်ခြင်းဖြင့် Grab ပလက်ဖောင်းကတစ်ဆင့် ဝင်ငွေ ရရှိနေကြသည်။ Grab မိတ်ဖက်ယာဉ်မောင်းများထဲမှ ၂၁ ရာခိုင်နှုန်းသည် Grab နှင့် မချိတ်ဆက်မီက အလုပ်အကိုင် မရှိသောသူများဖြစ်ပြီး မိတ်ဖက်အေးဂျင့် ၃၁ ရာခိုင်နှုန်းသည် Grab-Kudo  နှင့် ချိတ်ဆက်ပြီးမှသာ ပထမဆုံးဝင်ငွေ ရရှိကြသူများ ဖြစ်သည်။ စီးပွားရေး အခွင့်အလမ်းများ ဖန်တီးပေးခြင်းအပြင် Grab သည် ငွေကြေးဝန်ဆောင်မှုများနှင့် ဒစ်ဂျစ်တယ် ငွေပေးချေမှုများကို ပိုမို တွင်ကျယ်စွာ သုံးစွဲနိုင်ရေးအတွက် ပံ့ပိုးကူညီပေးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။ ၂၀၁၂ ခုနှစ်၊ Grab စတင်တည်ထောင်ချိန်ကစပြီး Grab သည် အသေးစားလုပ်ငန်းရှင်ပေါင်း ၁.၇ သန်းကျော်ကို ၎င်းတို့အတွက် ပထမဦးဆုံး ဘဏ်အကောင့်များဖွင့်နိုင်ရန် အကူအညီပေးခဲ့ပြီးဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပျှမ်းမျှ ငွေသားမဲ့စနစ် အသုံးပြုမှုနှင့် နှိုင်းယှဉ်လျှင် Grab ပလက်ဖောင်းပေါ်တွင် ငွေသားမဲ့သုံးစွဲမှုနှုန်းမှာ ၉ ဆ အထိ မြင့်တက်လာခဲ့သည်။

Grab နှင့် Microsoft တို့က သန်းပေါင်းများစွာသော အရှေ့တောင်အာရှနိုင်ငံသားများအတွက် နည်းပညာ အသုံးချမှုဆိုင်ရာ စွမ်းရည်မြှင့်တင်ပေးမည့် လမ်းကြောင်းသစ်များ ဖွင့်လှစ်ပေးနိုင်ရန် လက်တွဲလုပ်ဆောင်

“Grab for Good” ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် Microsoft နှင့် အရှေ့တောင်အာရှဒေသတွင်း ပူးပေါင်းမှု တစ်ခုပြုလုပ်ပြီး လုပ်သားပြည်သူများအတွက် ခေတ်သစ် ဒစ်ဂျစ်တယ်စီးပွားရေးစနစ်တွင် ရှင်သန်ရပ်တည်နိုင်ရန် လိုအပ်သည့် နည်းပညာအသုံးချမှုဆိုင်ရာ စွမ်းရည်များ ပေးအပ်သွားမည် ဖြစ်ကြောင်း Grab က ထုတ်ပြန်ကြေညာခဲ့သည်။ အာဆီယံ စီးပွားရေးကဏ္ဍတွင် အချက်အချာကျသည့် နိုင်ငံပေါင်း ၆ နိုင်ငံတွင်ရှိသော  လုပ်သားပေါင်း ၆.၆ သန်းကျော်သည် ၂၀၂၈ ခုနှစ်မတိုင်ခင် လုပ်ငန်း အကျိုးပြုစွမ်းရည်များ ဖြည့်တင်းထားရန် လိုအပ်မည် ဖြစ်ပါသည်။ အလုပ်အကိုင် အခွင့်အလမ်းသစ်များက  တောင်းဆိုသည့် IT နည်းပညာစွမ်းရည်များကို လုပ်သားပေါင်း ၄၁% ခန့်တွင် မရှိထားကြောင်း  တွေ့ရှိရသည်။

Grab နှင့် Microsoft သည် ၎င်းတို့၏ ပေါင်းစည်းထားသော အရင်းအမြစ်များ၊ ကျွမ်းကျင်မှုများနှင့် စွမ်းဆောင်ရည်များကို အသုံးပြုပြီး ဒစ်ဂျစ်တယ် သိနားလည်မှုစွမ်းရည်များ ကွာဟနေခြင်းကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ထားပါသည်။ ထို့ပြင် အရှေ့တောင်အာရှဒေသတစ်ခွင်ရှိ လူတိုင်း ရယူအသုံးပြုနိုင်သည့် နည်းပညာနှင့် ဒစ်ဂျစ်တယ် စီးပွားရေးစနစ်တစ်ခု ဖော်ဆောင်ရာတွင် စီးပွားရေး

အခွင့်အလမ်းများရရှိရေးအတွက် ဖန်တီးပေးနိုင်ရန် ဟူသော တူညီသည့် ရည်မှန်းချက်တစ်ခုကို အတူဝေမျှ ပေါင်းစည်းလုပ်ဆောင်ကြမည်ဖြစ်သည်။

“ပညာရေးဆိုတာ လူတိုင်း သင်ယူနိုင်တဲ့အခွင့်အရေးရှိရမယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ အထူးသဖြင့် နည်းပညာနဲ့ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာတွေမှာပေါ့။ ဒါက အနာဂတ်အတွက် တကယ့်ကို အရေးကြီးတဲ့ တီထွင်ကြံဆနိုင်မှုစွမ်းရည်၊  ကွန်ပျူတာအသုံးချ စဉ်းစားတွေးခေါ်တတ်မှုနဲ့ ပြဿနာဖြေရှင်းနိုင်တဲ့ စွမ်းရည်တွေကို ရရှိစေဖို့ အထောက်အကူပေးပါတယ်။ အခုလို Grab နဲ့အတူ လာမယ့် မျိုးဆက်သစ်တွေအတွက် တိုးတက်စေမယ့် အာရှပစိဖိတ်ဒေသ တစ်လျှောက် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ တတ်ကျွမ်းတဲ့ လုပ်သားအင်အားထုကြီး ပေါ်ထွက်လာစေဖို့ လမ်းကြောင်းတစ်ခုကို မိတ်ဆက်ပေးရတဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ဒီကမ္ဘာပေါ်က လူတိုင်း၊ အဖွဲ့အစည်းတိုင်းကို  ပိုပြီး ကြီးထွားအောင်မြင်အောင် ပံ့ပိုးပေးဖို့ပါပဲ။  ဒါက ကျွန်တော်တို့ တကယ့်ကို အလေးအနက် ဂရုစိုက်တဲ့အရာဖြစ်ပါတယ်။  Grab နဲ့အတူ ကျွန်တော်တို့ဟာ မနက်ဖြန်ဆိုတဲ့ အနာဂတ်ကမ္ဘာကြီးကို ဖန်တီးနိုင်ဖို့ မိသားစုတွေ၊ လူမှုအသိုင်းအဝန်းနဲ့ နိုင်ငံတွေကို ပြောင်းလဲပေးနိုင်တဲ့ ကျွမ်းကျင်လုပ်သားထုကြီးကို ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်” ဟု အာရှပစိဖိတ်ဒေသဆိုင်ရာ Microsoft ၏ President ဖြစ်သူ Andrea Della Mattea က ပြောသည်။

“အရှေ့တောင်အာရှဒေသကြီး ဖွံဖြိုးတိုးတက်လာတာနဲ့အမျှ လိုက်ပြီး ပြောင်းလဲတိုးတက်နေတဲ့ ဒစ်ဂျစ်တယ်စီးပွားရေးဆီက အကျိုးကျေးဇူးတွေကို လူတိုင်း ရယူအသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် မြှင့်တင်နိုင်ဖို့ ကျွန်မတို့ ရည်ရွယ်ထားပါတယ်။ ကျွန်မကတော့ အထူးသဖြင့် Grab မိတ်ဖက်ယာဉ်မောင်းတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေဟာ Microsoft သင်တန်းတွေကတစ်ဆင့် ပညာရပ်အသစ်တွေ လေ့လာသင်ယူပြီး အလုပ်အတွက် အကျိုးရှိစေမယ့် သင်တန်းဆင်းလက်မှတ်တွေ ရနိုင်ကြတော့မှာဖြစ်လို့ စိတ်လှုပ်ရှားပျော်ရွှင်မိပါတယ်” ဟု Grab ၏ co-founder ဖြစ်သူ Hooi Ling Tan က ပြောသည်။

ထိုပူးပေါင်းလုပ်ဆောင်မှုတွင် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ တတ်ကျွမ်းခြင်းအဆင့်များ ခွဲခြားထားပြီး Grab နှင့် Microsoft တို့သည် အောက်ဖော်ပြပါ နည်းလမ်း ၃ ခုအားဖြင့် ပူးပေါင်းလုပ်ဆောင်မည်ဖြစ်သည်။

  • အနာဂတ်လုပ်ငန်းခွင်အတွက် အဆင်သင့်ဖြစ်နေစေရန်  အရှေ့တောင်အာရှတစ်ခွင် တက္ကသိုလ်ကျောင်းများရှိ လူငယ်များအကြား နည်းပညာကျွမ်းကျင်သူများမွေးထုတ်ပေးခြင်း

 ○      Grab နှင့် Microsoft သည် ကျောင်းသားများအား လုပ်ငန်းခွင်နယ်ပယ်များတွင် လိုအပ်သည့် နည်းပညာအရည်အချင်းများကို လက်တွေ့ကျကျ လေ့ကျင့်သင်ကြားပေးနိုင်ရန် အရှေ့တောင်အာရှတစ်ခွင် သတ်မှတ်ထားသည့် တက္ကသိုလ်များနှင့်အတူ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်သည်။

○      Microsoft သည် နည်းပညာနယ်ပယ် အသိအမှတ်ပြု သင်ခန်းစာများ၊ သင်ရိုးညွှန်းတမ်းများ၊ သင်ကြားရေးပလက်ဖောင်းနှင့် အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ်များအပြင် Azure for Education ကဲ့သို့သော နည်းပညာအထောက်အကူပြု လက်စွဲများကို သင်ယူနိုင်ရန် ပံ့ပိုးပေးမည်ဖြစ်သည်။ Grab အနေဖြင့် လုပ်ငန်းခွင်နှင့် ဆက်စပ်သည့် စိန်ခေါ်မှုများနှင့် အချက်အလက်များမှတစ်ဆင့် သင်ယူလေ့လာနိုင်ရန် ကူညီပံ့ပိုးပေးမည်ဖြစ်ပြီး ရက်ရှည်ကျင်းပသည့် ကွန်ပျူတာ ပရိုဂရမ်ဆိုင်ရာ ပွဲများတွင် ပါဝင်သင်ယူနိုင်သည့် အတွေ့အကြုံများ အလုပ်သင်ရာထူး ခန့်အပ်ပေးခြင်းများကို ပြုလုပ်ပေးမည် ဖြစ်သည်Grab နှင့် Microsoft သည် အင်ဒိုနီးရှားတက္ကသိုလ် ( University of Indonesia _ UI) နှင့် နည်းပညာကျောင်းဖြစ်သည့် Bandung Institute of Technology (ITB) တို့တွင် Microsoft းမှု သင်တန်းအစီအစဉ်ကို ထည့်သွင်းလုပ်ဆောင်ရန် စီစဉ်ထားပြီးဖြစ်သည်။ လာမည့် ခြောက်လတာကာလအတွင်းတွင် အရှေ့တောင်အာရှတွင်းရှိ အခြားတက္ကသိုလ်များနှင့် ပူးပေါင်းစတင်နိုင်ရန် ရည်ရွယ်ထားသည်။

 မိတ်ဖက်ယာဉ်မောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ ဒစ်ဂျစ်တယ်အသုံးချမှု စွမ်းရည်များအား မြှင့်တင်ပေးခြင်းဖြင့် ဒစ်ဂျစ်တယ်စီးပွားရေးစနစ်အတွင်း ရပ်တည်ရှင်သန်နိုင်အောင် ပံ့ပိုးပေးခြင်း

○      Grab မိတ်ဖက်ယာဉ်မောင်းများသည် Grab ယာဉ်မောင်းအက်ပလီကေးရှင်းမှတစ်ဆင့် Microsoft ၏ ဒစ်ဂျစ်တယ်ဆိုင်ရာ နားလည်တတ်ကျွမ်းမှုအသိအမှတ်ပြုသင်တန်း အစီအစဉ်ကို ဝင်ရောက်လေ့လာသင်ယူခွင့်ရမည်ဖြစ်သည်။ သူတို့သည် ကွန်ပျူတာအခြေခံသဘောတရားများ၊ အင်တာနက်  အသုံးပြုနည်းဆိုင်ရာ  လုပ်ငန်းသုံးဆော့ဖ်ဝဲများ စသည်တို့ ပါဝင်သည့် အခြေခံသင်တန်းများကို တတ်မြောက်သည်အထိ ပြီးစီးအောင် သင်ယူနိုင်သည်။ သင်တန်းပြီးစီးသွားသည်နှင့် မိတ်ဖက်ယာဉ်မောင်းသည် Microsoft သင်တန်းဆင်းလက်မှတ်ကို အခမဲ့ရယူနိုင်မည်ဖြစ်သည်။

○      ထိုသင်တန်းကို Grab ယာဉ်မောင်းအက်ပလီကေးရှင်းအတွင်း အွန်လိုင်းသင်တန်းပလက်ဖောင်းဖြစ်သည့် GrabAcademy တွင် အဂႅႅလိပ်ဘာသာဖြင့် ဦးစွာ ရယူနိုင်မည်ဖြစ်ပြီး လာမည့်နှစ်တွင် ဒေသဘာသာစကားဖြင့် သင်ယူနိုင်မည်ဖြစ်သည်။

○      Grab နှင့် Microsoft သည် အာဆီယံဖောင်ဒေးရှင်းနှင့် Empire Code တို့နှင့် ပူးပေါင်းပြီး အထူးသဖြင့် Grab မိတ်ဖက်များ၏ဇနီးခင်ပွန်းများနှင့် သားသမီးများအတွက် FutureReadyASEAN ပလက်ဖောင်းကတစ်ဆင့် စုံလင်သည့် ကွန်ပျူတာသိပ္ပံဘာသာ ရပ်ကို တစ်ဦီးချင်း သင်ယူနိုင်ရန် ပံ့ပိုးပေးမည်ဖြစ်သည်။

  • ကမ္ဘာလုံးဆိုင်ရာ ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်သည့် Generation ၏ You Employed အစီအစဉ်မှ ကူညီပံ့ပိုးမှုဖြင့် မိတ်ဖက်ယာဉ်မောင်းများအတွက် နည်းပညာအသုံးချ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ဆောင်နိုင်မည့် လမ်းကြောင်းတစ်ခု ဖန်တီးပေးခြင်း

 ○      Grab နှင့် Microsoft သည် နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်ရန် စိတ်ဝင်စားသည့် မိတ်ဖက်ယာဉ်မောင်းများအတွက် Generation အကူအညီဖြင့် အလုပ်အကိုင်လမ်းကြောင်းများ ဖန်တီးပေးမည်။  Generation မှာ ကမ္ဘာလုံးဆိုင်ရာ အလုပ်ခွင်များအတွက် လိုအပ်သည့် အရည်အချင်းဖြည့်ပေးသည့် ပရဟိတ အဖွဲ့ အစည်းဖြစ်သည်။ ထိုအစီအစဉ်တွင် Generation က ထုတ်ထားသည့် လက်တွေ့အ သုံးဝင်မှုကို အခြေခံသည့် သင်ရိုးညွှန်းတမ်းနှင့် Microsoft အသိအမှတ်ပြုလက်မှတ်ရ သင်တန်းများ ပါဝင်သည်။ ထိုအစီအစဉ်ကို ပြီးစီးအောင်မြင်သူများအနေနှင့် Grab နှင့် Microsoft မိတ်ဖက်လုပ်ငန်းများတွင် သတ်မှတ်နည်းပညာဆိုင်ရာ လုပ်ငန်းရာထူးများတွင် အလုပ်လုပ်နိုင်သောအခွင့်အရေးရရှိ မည်ဖြစ်သည်။

○      စင်ကာပူတွင် ၂၀၂၀ ခုနှစ် ဇွန်လကုန်အထိ စတင် စမ်းသပ်ဖွင့်လှစ် သင်ကြားပေးမည့် အဆိုပါ အစီအစဉ်တွင် မိတ်ဖက်ယာဉ်မောင်း ၁၀၀ နီးပါးကို နည်းပညာ အသုံးချမှုစွမ်းရည်

မြှင့်တင်ပေးနိုင်ရန် ရည်မှန်းထားပါသည်။ ထိုအစီအစဉ်တွင် စင်ကာပူနိုင်ငံသား မိတ်ဖက်ယာဉ်မောင်းများအတွက် အပြည့်အဝ အထောက်အကူ ဖြစ်စေရန် SkillsFuture Singapore ၏ သက်ဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ရေးနှင့် ရေရှည်လေ့လာ သင်ယူရေး လုပ်ဆောင်ချက်များကိုပါ ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်သည်။ စမ်းသပ်ဖွင့်လှစ်သင်ကြားမှုအပြီး ရလဒ်များကို လေ့လာဆန်းစစ်၍ အခြားနိုင်ငံများတွင် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

 မသန်စွမ်းသူများကို ကူညီပေးခြင်း

‘Grab for Good’ အစီအစဉ်၏ အဓိက ရည်ရွယ်ချက်မှာ ဘက်ပေါင်းစုံ၊ အလွှာပေါင်းစုံမှ လူတိုင်း ဖွံဖြိုးတိုးတက်လာသည့် ဒစ်ဂျစ်တယ်စီးပွားရေးမှတစ်ဆင့် အကျိုးကျေးဇူး ခံစားခွင့်ရှိစေရန် ဖြစ်ပါသည်။

ယနေ့မှစပြီး Grab သည် “Break the Silence” စီမံချက်ကို အင်ဒိုနီးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ထံ တိုးချဲ့လုပ်ဆောင်မည်ဖြစ်ပြီး ထိုလှုပ်ရှားမှုကို လက်ရှိ လုပ်ဆောင်နေသည့် မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့တွင်လည်း အရှိန်တိုးမြှင့်လုပ်ဆောင်မည်ဖြစ်သည်။ Grab ပလက်ဖောင်းပေါ်တွင် အကြားအာရုံ ချို့တဲ့သူမိတ်ဖက်ယာဉ်မောင်းပေါင်း ၅၀၀ ကျော်ရှိပြီး လာမည့်နှစ်တစ်လျှောက်တွင် နှစ်ဆတိုးမြင့်လာရန် ရည်ရွယ်ထားသည်။

ယခုနှစ် အကြားအာရုံချို့တဲ့သူများ၏ နိုင်ငံတကာရက်သတ္တပတ် ( စက်တင်ဘာ ၂၃ မှ ၃၀ ရက်ထိ) အတွင်းတွင် Grab သည် ဒေသတွင်း အကြားအာရုံချို့တဲ့သူများကို ကူညီပေးသူများအတွက် ထိရောက် ပြည့်စုံသည့် သင်ကြားပို့ချမှုများနှင့် ပိုမိုကောင်းမွန်သည့် အထောက်အကူများ ပေးနိုင်ရန် Gerkatin in Indonesia ၊ Malaysia Federation of the Deaf ၊ Singapore Association of the Deaf နှင့် the National Association of the Deaf Thailand တို့နှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး အသေးစိတ်ကို ထုတ်ပြန်ကြေညာသွားမည် ဖြစ်သည်။

Gerkatin အဖွဲ့အစည်း၏ chairperson ဖြစ်သည့် Bambang Prasetyo က “သင့်တော်တဲ့ ဝင်ငွေအခွင့်အလမ်းကို ရှာဖွေဖို့ဆိုတာ ကျွန်တော်တို့အသိုင်းအဝန်းမှာ အမြဲရှိနေတဲ့စိန်ခေါ်မှုတစ်ခုပါ။  ဆွံ့အနားမကြားသူတွေကို နှုတ်နဲ့ မဟုတ်ဘဲ အခြားဆက်သွယ်နိုင်တဲ့နည်းလမ်းတွေ ရှိမနေတဲ့အတွက် လုပ်ငန်းခွင်တွေမှာ နေရာရဖို့ အခက်အခဲရှိနေကြပါတယ်။ အခုလို ကျွန်တော်တို့ကို သူတို့ရဲ့ ပလက်ဖောင်းပေါ်မှာ ယာဉ်မောင်းအဖြစ်၊  ဈေးဆိုင်ပိုင်ရှင်အဖြစ်၊ ကုန်ပစ္စည်း ဖြန့်ဖြူးပေးပို့သူတွေအဖြစ် ကြိုဆိုလက်ကမ်းပေးတဲ့ Grab လို အဖွဲ့အစည်းတွေကို တကယ့်ကို ကျေးဇူးတင်မိပါတယ်။ ဒီ ပူးပေါင်းမှုကြောင့် ကျွန်တော်တို့ လူမှုအဝန်းအဝိုင်းမှာရှိတဲ့သူတွေဟာ ကိုယ့်ရဲ့အရည်အချင်းတွေကို ယုံကြည်မှု ရှိလာစေပြီး ငွေကြေးအထောက်အပံ့ ယူစရာမလိုတော့တဲ့အပြင် သူတို့မိသားစုတွေရဲ့ လိုအပ်ချက်တွေကို တစ်ဖက်တစ်လမ်းက ဖြည့်စွမ်းနိုင်တဲ့အထိ အထောက်အကူ ဖြစ်စေပါတယ်” ဟု ပြောသည်။

Grab မိတ်ဖက်ယာဉ်မောင်းများအနေဖြင့် ခရီးသည်များနှင့် အလွယ်တကူ ဆက်သွယ်နိုင်ရန်နှင့် ခရီးသည် ဝန်ဆောင်မှုပေးရန် အသုံးပြုရန် သီးသန့်ထည့်သွင်းပေးထားသည့်  live chat လုပ်ဆောင်ချက်အတွက် (နောက်ဆက်တွဲ – ခ ကို ကြည့်ပါ) အဆင့်မြှင့်တင်မှုများနှင့် လုပ်ဆောင်ချက်အသစ်များကို Grab အက်ပလီကေးရှင်းတွင် ထပ်မံ ထည့်သွင်းမည်ဖြစ်သည်။ မလေးရှားနိုင်ငံတွင် Grab app widget တစ်ခု မှတစ်ဆင့် အကြားအာရုံချို့တဲ့သူ အဝန်းအဝိုင်းနှင့် ဆက်သွယ်နိုင်ရန် သင်ကြားပေးသည့် လက်ဟန်ခြေဟန်များအား အဓိပ္ပါယ်ဖွင့်ဆိုသည့် အဘိဓါန် (Sign Dictionary) ကို ထည့်သွင်းပေးရန် စီစဉ်ထားသည်။ ထို့အပြင် မိတ်ဖက်ယာဉ်မောင်းများကိုလည်း မသန်စွမ်းခရီးသည်များအား  ပိုမို  ကောင်းမွန်စွာ အကူအညီပေးနိုင်ရန် လစဉ် သင်တန်းများကို ပြုလုပ်ပို့ချပေးသွားမည် ဖြစ်သည်။

Bandung မှ နားမကြားသော Grab မိတ်ဖက်ယာဉ်မောင်းတစ်ဦးဖြစ်သူ Al Kautsar Wirawan က “ကျွန်တော့်ရဲ့ အကြားအာရုံချို့တဲ့မှုကြောင့် အရင်အလုပ်ကနေ အထုတ်ခံခဲ့ရပါတယ်။ Grab နဲ့ မချိတ်ဆက်ခင်အထိ  နောက်ထပ် ဝင်ငွေရမယ့်အခွင့်အလမ်းကို ရှာဖွေရတာ အတော်ခက်ခဲခဲ့ပါတယ်။ အခုတော့ ကျွန်တော်ဟာ ဒီ ပလက်ဖောင်းပေါ်မှာ ယာဉ်မောင်း (မိတ်ဖက်) တစ်ယောက်အနေနဲ့ လုပ်ကိုင်လာတာ တစ်နှစ်ကျော် သွားပါပြီ။ အတိတ်ကိုလည်း ပြန်စဉ်းစားမနေတော့ပါဘူး။ ဒီ အခွင့်အရေးအတွက် Grab ကိုလည်း အင်မတန် ကျေးဇူးတင်ပါတယ်။ သူတို့တွေက ဒီပလက်ဖောင်းပေါ်မှာ ကျွန်တော်တို့ အလုပ်မှာ ပိုပြီး အဆင်ပြေပြေ လုပ်နိုင်အောင် အဆက်မပြတ် နည်းလမ်းတွေ ရှာဖွေလုပ်ဆောင်ပေးနေတာမို့ ဝမ်းသာမိပါတယ်” ဟု ပြောဆိုခဲ့သည်။

Hooi Ling Tan က “အခုဆိုရင် Grab ပလက်ဖောင်းကတစ်ဆင့် အကြားအာရုံချို့ယွင်းသူတွေ၊  ဦးနှောက်ပိုင်းဖွံဖြိုးမှု နောက်ကျတဲ့သူတွေ၊ ဘီးအသုံးပြုသွားလာရသူတွေ စတဲ့ မသန်စွမ်းသူပေါင်း ၈၀၀ နီးပါးဟာ ကျွန်မတို့ Grab ပလက်ဖောင်းကနေတစ်ဆင့် ဝင်ငွေ ရှာနိုင်တဲ့ အခွင့်အလမ်းတွေ ရနေကြပါပြီ။ သူတို့ဟာ ယာဉ်မောင်း ဒါမှမဟုတ် အစားအသောက် ပစ္စည်းပို့ဆောင်သူတွေအနေနဲ့ ကျွန်မတို့ရဲ့ အက်ပလီကေးရှင်း အသုံးပြုသူတွေကို ဝန်ဆောင်မှုပေးနေကြပါတယ်။ အဲဒီလို ဝန်ဆောင်မှုပေးရင်းနဲ့ပဲ သူတို့နဲ့ ကြုံဆုံရတဲ့သူတိုင်းအတွက် စိတ်ခွန်အားတွေ မျှဝေပေးနေကြပါတယ်။ ဒါဟာ ငွေကြေး အထောက်အပံ့ တစ်စုံတစ်ရာမယူဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားနေတဲ့ သူတို့ရဲ့ ခိုင်မာတဲ့ ဇွဲလုံ့လ ဖြစ်ပါတယ်။ Grab လိုမျိူး လူတိုင်းရယူအသုံးပြုနိုင်အောင် ရည်ရွယ်ထားတဲ့ ပလက်ဖောင်းတွေကတော့ ခွဲခြားဆက်ဆံတာမျိုးတွေမရှိဘဲ တံခါးဖွင့်ကြိုဆိုပေးနေမှာပါ” ဟု ပြောသည်။

မသန်စွမ်းသူများ၏လိုအပ်ချက်များကို ဆက်လက်အကူအညီပေးနိုင်ရန် Grab သည် GrabGerak အမည်ရှိ မသန်စွမ်းသူ ခရီးသည်များအတွက် ရည်ရွယ်သည့် အငှားယာဉ်ဝန်ဆောင်မှုတစ်ခုကို အင်ဒိုနီးရှားနိုင်ငံရှိ မြို့နှစ်မြို့တွင် မိတ်ဆက်လိုက်ပြီဖြစ်သည်။  GrabGerak ဝန်ဆောင်မှုကို ဒီဇင်ဘာ ၂၀၁၉ ကစပြီး Medan နှင့် Semarang မြို့တို့တွင် စတင်သုံးစွဲနိုင်ပြီဖြစ်သည်။

လိုအပ်ချက်အမျိုးမျိုးရှိနေသော ခရီးသည်များအတွက် ရည်ရွယ်သည့် အထူး အငှားယာဉ်ဝန်ဆောင်မှုကို စင်ကာပူနှင့် ထိုင်းနိုင်ငံတို့တွင်လည်း ရရှိနေပြီဖြစ်သည်။ ထိုနိုင်ငံများတွင် အလားတူဝန်ဆောင်မှုကို GrabAssist ဟု ခေါ်ဆိုပြီး ထိုဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်အတွက် မိတ်ဖက်ယာဉ်မောင်းများသည် ဝှီးချဲများ၊ လမ်းလျှောက်အထောက်အကူပစ္စည်းများ၊  ခေါက်၍သိမ်းဆည်းနိုင်သော စကူတာများနှင့် အခြား ရွေ့လျားစက်ပစ္စည်းများကို ကိုင်တွယ်အသုံးပြုနိုင်ရန်၊ ဝှီးချဲနှင့် ယာဉ်အကြား ရွှေ့ပြောင်းရာတွင် လိုအပ်သည့်အကူအညီပေးနိုင်ရန်၊ လမ်းကြောင်းများနှင့် သွားလိုသည့်နေရာများနှင့်ပတ်သက်ပြီး အကြားအာရုံချို့တဲ့သူများနှင့် ဆက်သွယ်ပြောဆိုနိုင်သည့် အခြေခံလက်ဟန်ခြေဟန်လက္ခဏာများအား သိရှိစေရန်နှင့် သတိထားရမည့် အရေးကြီး ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များ ပါဝင်သည့် အထူး သင်တန်းအစီအစဉ်ကို တက်ရောက်သင်ယူရပါသည်။

နောက်ဆက်တွဲ က

၂၀၁၉ ခုနှစ် နှောင်းပိုင်းတွင် မိတ်ဆက်မည့် “Grab for Good” လှုပ်ရှားမှုများ

 ၁) စင်ကာပူနိုင်ငံတွင်း အသက်ကြီးသူများအတွက် ဒစ်ဂျစ်တယ်ကို နားလည်တတ်ကျွမ်းရန်နှင့် အသုံးပြုနိုင်လာစေရန်

Grab သည် ၎င်း၏ဒစ်ဂျစ်တယ်နည်းပညာ တတ်ကျွမ်းစေရေးပန်းတိုင်ကို သူ၏မိတ်ဖက်များကွန်ယက်ထက်ကျော်လွန်၍ တိုးချဲ့မည်ဖြစ်သည်။ Grab သည် စင်ကာပူနိုင်ငံရှိ အသက်ကြီးသူများအတွက် အွန်လိုင်းဝန်ဆောင်မှုများကို နားလည်ပြီး ကိုယ်တိုင် သုံးစွဲလာနိုင်စေရန် Infocomm Media Development Authority နှင့်ပူးပေါင်း၍ ဒစ်ဂျစ်တယ်ဆေးခန်း ၁၀၀ ကို ဖွင့်လှစ်မည်ဖြစ်သည်။ Grab volunteer များကူညီပံ့ပိုးပေးမည့် ထိုဆေးခန်းများကို တစ်နှစ်တာကာလအတွင်း ဖွင့်လှစ်ပေးထားမည်ဖြစ်ပြီး ထိုကာလအတွင်း အသက်ကြီးသူနိုင်ငံသားပေါင်း ၁၀၀၀၀ ထိ သုံးစွဲနိုင်မည်ဟု ခန့်မှန်းထားသည်။

၂) မိရိုးဖာလာ ဈေးရောင်းလှည်းများကို ဒစ်ဂျစ်တယ်နည်းလမ်းအားဖြင့်  အားသွင်းလုပ်ကိုင်နိုင်စေခြင်း

ဒေသတွင်းတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများသည် အများစုဖြစ်ပြီး အရှေ့တောင်အာရှ၏အသက်သွေးကြောဖြစ်သည်။ Grab ပလက်ဖောင်းသည် အသေးစားလုပ်ငန်းများနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို မိသားစုဆိုင်များ ဖွင့်လှစ်နိုင်အောင် အကူအညီပေးပြီး သူတို့၏လုပ်ငန်းများကို ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းပြီး အပြိုင်ရောင်းချစေသည်။ ၎င်းတွင် နည်းပညာအသုံးပြုပြီး ပိုမိုထိရောက်အကျိုးဖြစ်ထွန်းသည့် လုပ်ငန်းများကို လုပ်ကိုင်စေခြင်းနှင့် သူတို့၏လုပ်ငန်းများကို အွန်လိုင်းသို့ တိုးချဲ့စေခြင်းတို့ ပါဝင်သည်။ ဥပမာ- အစားအသောက်နှင့်အဖျော်ယမကာရောင်းချသူများသည် သူတို့၏ GrabFood ရောင်းအားကို ပြန်ကြည့်သောအခါ တစ်နှစ်အတွင်း ၂ ဆ မြင့်တက်လာသည်ကို တွေ့မြင်ရသည်။

ဖိလစ်ပိုင်နိုင်ငံတွင် Grab သည် မိရိုးဖလာ ရောင်းချသည့် ဈေးရောင်းလှည်းများကို စားသောက်ဆိုင်အသစ်များ နှင့်  ယှဉ်ပြိုင်နိုင်ပြီး ကြီးထွားလာအောင် အကူအညီပေးရန် GrabFood အစားအသောက်ပို့ဆောင်မှု နှင့် GrabPay ငွေသားမဲ့ ပေးချေနိုင်သည့် ပလက်ဖောင်းပေါ်တွင် လုပ်ငန်း လုပ်ဆောင်စေရန် ရည်ရွယ်ထားသည်။ ထိုဈေးရောင်းလှည်းများကို ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းရေး စမ်းသပ်စီမံကိန်းကို ၂၀၁၉ ခုနှစ် စတုတ္တပိုင်းလေးလပတ်လည်တွင် စတင်ရန် စီစဉ်ထားပြီး အခြားမိရိုးဖာလာစီးပွားရေးလုပ်ငန်းများကိုလည်း တိုးချဲ့လုပ်ဆောင်မည်ဖြစ်သည်။

နောက်ဆက်တွဲ ခ

Break the Silence : အကြားအာရုံချို့တဲ့သူမိတ်ဖက်ယာဉ်မောင်းများအတွက် ဖန်တီးထားသည့် လုပ်ဆောင်ချက်များ

၂၀၁၈ ခုနှစ်၊ မလေးရှားနိုင်ငံတွင် ဦးစွာ စမ်းသပ်စတင်ခဲ့သည့် Grab ၏ Break the Silence သည် အကြားအာရုံချို့တဲ့သူများနှင့် လုံးလုံးချွတ်ယွင်းနေသူများအတွက် ဝင်ငွေအခွင့်အလမ်းများ ပိုမိုများပြားလာစေရန် ရည်ရွယ်လုပ်ဆောင်သည့် ကနဦိးလုပ်ဆောင်မှုတစ်ခုဖြစ်သည်။ ကျွန်တော်တို့၏ အကြားအာရုံချို့တဲ့သူမိတ်ဖက်ယာဉ်မောင်းများ၏ အကြံပြုပြောဆိုမှုများအရ Grab သည် သူတို့၏လိုအပ်ချက်များကို ပိုမိုအကူအညီပေးနိုင်ရန် အောက်ပါတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သည်။

  • ခရီးသည်များနှင့် ကက်စတမ်မာများထံသို့ မက်ဆေ့ချ်ပို့ပေး၍ သူတို့သည် အကြားအာရုံချို့တဲ့သူ မိတ်ဖက်များဖြစ်ကြောင်းနှင့် သူတို့နှင့် ဆက်သွယ်ရန် GrabChat လုပ်ဆောင်ချက်ကို အသုံးပြုရန် အကြံပြုပေးခြင်း
  • Customer Experience အေးဂျင့်များထံမှ လိုအပ်လာလျှင် အကူအညီရယူနိုင်ရန်အတွက် အကြားအာရုံချို့တဲ့သူမိတ်ဖက်များအတွက် သီးသန့် live chat လုပ်ဆောင်ချက် စီစဉ်ပေးထားခြင်း
  • မိတ်ဖက်များနှင့် ခရီးသည်များအကြား အဆင်ချောစွာ ဆက်သွယ်နိုင်ရန် ကားတွင်း သို့မဟုတ် စက်ဘီးတွင် သွားမည့် လမ်းခရီး၊ အဲကွန်းအတိုးအလျှော့ သို့မဟုတ် ယာဉ်စီးခတွင် မပါဝင်သည့် ဂိတ်ဖြတ်သန်းခများကဲ့သို့ ပုံမှန်တောင်းဆိုမှုများပါဝင်သည့်  flip cards များ စီစဉ်ပေးထားခြင်း
  • အကြားအာရုံချို့တဲ့သူမိတ်ဖက်များအတွက် မှတ်ပုံတင်စာရင်းသွင်းရာတွင် ပိုမိုလွယ်ကူအဆင်ချောမှုရှိစေရန် ဒေသဘာသာစကားခေါင်းစဉ်များနှင့် ခြေဟန်လက်ဟန်ပြဘာသာစကားများအသုံးပြုပြီး သင်တန်းပေးခြင်း
  • မိတ်ဖက်များနှင့် ခရီးသည်များအကြား စာနာမှုရှိပြီး ပိုမိုကောင်းမွန်သောဆက်သွယ်မှုဖြစ်စေရန်၊  မှားယွင်းသည့် ထင်မြင်ယူဆချက်များကို တည့်မတ်ပေးရန်နှင့် အကြားအာရုံချို့တဲ့သူ ယာဉ်မောင်းများ၏ သူတို့အလုပ်ကို လုပ်ဆောင်နိုင်စွမ်းအပေါ် ယုံကြည်မှုမြင့်တက်လာစေရန် တိုက်တွန်းနှိုးဆော်သည့် အများပြည်သူ အသိပညာပေးလှုပ်ရှားမှုများ ပြုလုပ်ပေးခြင်း

 လာမည့်နှစ်အတွင်း မိတ်ဆက်ရန် စီစဉ်ထားသည့် Grab ၏ ထပ်မံတိုးချဲ့လုပ်ဆောင်မှုများ

  • ခရီးစဉ်အတွင်း app မှတစ်ဆင့် သတင်းအချက်အလက်ပေးပို့ခြင်း _ ၎င်းတွင် မိတ်ဖက်ယာဉ်မောင်း သည် အကြားအာရုံချို့တဲ့သူဖြစ်ကြောင်း ညွှန်ပြပေးမည်ဖြစ်သည်။ လက်ရှိတွင် ခရီးသည်များအား GrabChat လုပ်ဆောင်ချက်အားဖြင့် အသိပေးအကြောင်းကြားပေးနေသည်။
  • ဖုန်းခေါ်ဆိုနိုင်သည့် လုပ်ဆောင်ချက်ကို ပိတ်ထားခြင်း _ အကြားအာရုံချို့တဲ့သူများအတွက် ခရီးသည်များမှ သူတို့၏ယာဉ်မောင်းထံ ဖုန်းခေါ်နိုင်သည့်လုပ်ဆောင်ချက်ကို ပိတ်ကာ        တားဆီး ထားမည်ဖြစ်သည်။
  • App အတွင်း ဆက်သွယ်မှုဆိုင်ရာ လမ်းညွှန်ချက်များ  အကြားအာရုံချို့တဲ့သူများနှင့် မည်ကဲ့သို့ အပြန်အလှန်ပြုမူပြောဆိုရမည်ကို ထည့်သွင်းပေးထားမည်ဖြစ်သည်။

Grab အကြောင်း

Grab သည် အရှေ့တောင်အာရှတွင်း ထိပ်တန်း နေ့စဉ်သုံး Super app ဖြစ်ပြီး သုံးစွဲသူများအတွက် အလိုအပ်ဆုံးသော  နေ့စဉ်သုံး ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။ ယခုတွင် Grab app ကို ဒေါင်းလုတ်ထားသည့် မိုဘိုင်းဖုန်းပေါင်း ၁၆၃ သန်းကျော်ရှိနေပြီဖြစ်ပြီး အသုံးပြုသူများကို ယာဉ်မောင်းများ၊ လုပ်ငန်းရှင်များနှင့် အေးဂျင့်များ စုစုပေါင်း ၉ သန်းကျော်တို့နှင့် ချိတ်ဆက်သုံးစွဲနိုင်ခွင့် ပေးအပ်ထားသည်။ Grab သည် ဒေသတွင်း အငှားယာဉ်ကွန်ယက်အကြီးဆုံးကို ရရှိထားပြီး စတင်တည်ထောင်ချိန် ၂၀၁၂ ခုနှစ်က စပြီး ခရီးစဉ်ပေါင်း ၄ ဘီလျံကျော်ကို ပြီးစီးခဲ့ပြီး ဖြစ်သည်။ Grab သည် ဒေသတွင်း အငှားယာဉ်ဝန်ဆောင်မှုအမျိုးအ စားအများဆုံးကို ဝန်ဆောင်မှုပေးနေပြီး အစားအသောက်၊ ပစ္စည်းပို့ဆောင်ရေး၊ မိုဘိုင်းငွေပေးချေစနစ်နှင့် ဘဏ္ဏာရေးဆိုင်ရာ ဝန်ဆောင်မှုများကို အရှေ့တောင်အာရှ ၈ နိုင်ငံရှိ မြို့ပေါင်း ၃၃၉ မြို့တွင် ပေးအပ်လျက်ရှိ သည်။  အသေးစိတ် အချက်အလက်များ ထပ်မံသိရှိလိုပါက http://www.grab.com တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

 

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter