ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း
ဒေါ်လာ သန်း ၄၀ မတည်ကာ
၁၀၀ စီမံကိန်းများ လုပ်ပြီး
မိတ်ဖက်များအတွက် ထောက်ပံ့ခဲ့ပါတယ်
ပိုများတဲ့ အော်ဒါတွေဆိုတာ
မိတ်ဖက် ပို့ဆောင်ရေး လူသစ်
၁၁၅,၀၀၀
ဦး အတွက်တော့
ပိုများတဲ့ ဝင်ငွေ အခွင့်အလမ်းပါပဲ။
> ၇၈,၀၀၀ သော မိတ်ဖက် ဆိုင်လုပ်ငန်းများ Grab နဲ့ လက်တွဲပြီး သူတို့ စီးပွားရေးအတွက် ဝင်ငွေ အခွင့်အလမ်းအသစ်တွေ ရရှိခဲ့ပါတယ်။
> 2 သန်းသော
နှာခေါင်းစည်းများ၊ လက်သန့်စင်ဆေးရည်များနဲ့
လက်အိတ်များကို မိတ်ဖက် ယာဉ်မောင်းများ၊ မိတ်ဖက်စားစရာ ပို့ဆောင်သူများကို ဝေခဲ့ပါတယ်။
မိတ်ဖက် ယာဉ်မောင်းများနဲ့ စားစရာ ပို့ဆောင်သူများကို သုံးစွဲသူများမှ
>၇၀၀,၀၀၀ စားစရာများ
ကျေးဇူးတင်စွာ လှူဒါန်းခဲ့ကြပါတယ်။
၇၄% ဘောက်ဆူးများကို Grab မိတ်ဖက် ယာဉ်မောင်းများနဲ့ စားစရာ ပို့ဆောင်သူများအတွက် သုံးစွဲသူများမှ ဂုဏ်ပြုတဲ့အနေနဲ့ ပေးခဲ့ကြပါတယ်။
ကျွန်ုပ်တို့ ဝန်ဆောင်မှုရှိတဲ့ ၈ နိုင်ငံမှာ ကျန်းမာရေး ဝန်ကြီးဌာနကို ကူညီပြီး ထိတွေ့မှု ခြေရာခံရာမှာ ကျွန်ုပ်တို့နည်းပညာက အထောက်အကူ ဖြစ်ခဲ့ပါတယ်။
No(18), 7 Mile, Pyay Road,
Mayangone Township,
Yangon. 11062
Toko Sembako Yenny၊ GrabExpress မိတ်ဖက်၊ အင်ဒိုနီးရှားနိုင်ငံ။
Toko Sembako Yenny၊ GrabExpress မိတ်ဖက်၊ အင်ဒိုနီးရှားနိုင်ငံ။
Jessyca နဲ့ သူ့အမေဟာ ၂၀၀၄ ခုနှစ်ကတည်းက ဆိုင်အသေးလေး တစ်ခု ဦးစီးလုပ်ဆောင်နေပါတယ်။ နေ့စဉ်လိုအပ်တဲ့ ဆီ၊ ခေါက်ဆွဲ၊ အသီး၊ ဟင်းခတ်အမွှေးအကြိုင်စတဲ့ စားသောက်ကုန်တွေကို Pasar Poris Tangerang ဈေးထဲမှာ ရောင်းချပါတယ်။
COVID-19 ကိုဗစ်ကပ်ရောဂါ ဖြစ်တော့ ဝယ်သူတွေဈေးထဲ မလာတော့ပါဘူး။ ၄၀% ထိ အရောင်းကျသွားပါတယ်။ အစကတော့ ကိုယ်ပိုင် အွန်လိုင်းကနေ ရောင်းချ ပို့ဆောင်မှု လုပ်ဖို့ ကြိုးစားပေမယ့် ဝန်ထမ်းမရှိတဲ့ အတွက် ကိုယ်တိုင် ပို့ဆောင်ရေးလုပ်ဖို့ ခက်ခဲနေခဲ့ပါတယ်။ အထူးသဖြင့် ဝေးလံတဲ့နေရာတွေက အော်ဒါတွေ ရရင်ပေါ့။
ဒါနဲ့ GrabExpress ကို သုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီနည်းလမ်းနဲ့ သူတို့ အော်ဒါတွေ ပိုရလာတယ်။ သုံးစွဲသူတွေ ပိုရလာပါတယ်။ “အခုတော့ အရောင်း ၂ဆ ဖြစ်သွားပါပြီ။ ပိုပြီးနေရာများများကို ပို့ပေးနိုင်လာတယ်။ အခုဆို မြို့ပြင်က အော်ဒါတွေပါ ရတယ်” လို့ Jessyca က ပြောပါတယ်။
Grab မိတ်ဖက် စားစရာပို့ဆောင်သူ၊ ထိုင်းနိုင်ငံ။
Grab မိတ်ဖက် စားစရာပို့ဆောင်သူ၊ ထိုင်းနိုင်ငံ။
Grab မိတ်ဖက် စားစရာပို့ဆောင်သူ၊ ထိုင်းနိုင်ငံ။
Grab မိတ်ဖက် စားစရာပို့ဆောင်သူ၊ ထိုင်းနိုင်ငံ။
ကိုဗစ်ကြောင့် ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းခွင်ကို အထိအခိုက် လွန်စွာ များခဲ့ပြီး လူသန်းပေါင်းများစွာရဲ့ ဝင်ငွေရရှိမှုလမ်းကြောင်းကို ပျက်ပြားစေခဲ့ပါတယ်။ သူတို့တွေထဲက တစ်ယောက်ကတော့ Komsan ပါ။ Srinakarin area က ဇိမ်ခံ ဟိုတယ်တစ်ခုမှာ လက်ထောက် စားဖိုမှူး လုပ်နေတာပါ။
ဟိုတယ်ကို ဧည့်ခရီးသွားတွေ မလာတော့တဲ့ အခါကျတော့ GrabFood ရဲ့ မိတ်ဖက် စားစရာ ပို့ဆောင်သူအဖြစ် စာရင်းသွင်းပြီး တစ်ဖက်တစ်လမ်းက ဝင်ငွေ ရှာခဲ့ပါတယ်။ နောက်သိပ်မကြာခင်မှာပဲ ဟိုတယ်လည်း ပိတ်သိမ်းသွားပါတော့တယ်။
Komsan က အကောင်းမြင်တတ်တဲ့ သူတစ်ယောက် ဖြစ်တာကြောင့် ဒီပြောင်းလဲမှုကိုလည်း အကောင်းမြင်ပါတယ်။ ဒါက အရင်အလုပ်ကနေ လုံးဝ အသစ်ခွဲထွက်တဲ့ လမ်းအသစ်ကို စလျှောက်ဖို့ အသင့်တော်ဆုံး အခွင့်အရေးပဲလို့ မှတ်ချက်ပြုပါတယ်။ GrabFood စားစရာ ပို့ဆောင်မှုများအပြင် GrabExpress အလုပ်ကိုပါ လုပ်နေပါပြီ။ တစ်နေရာပြီး တစ်နေရာ သွားရတာ ပင်ပန်းနိုင်ပေမယ့် Komsan ကတော့ စိတ်လှုပ်ရှားစရာ ကောင်းတယ်လို့ ထင်ယူသူပါ။ ပြီးတော့ ဝင်ငွေတွေလည်း အရင်လို ပြန်ရှာနိုင်ပြီဆိုတော့ ဝမ်းမြောက်နေလေရဲ့။