Menu

Grab app မှာ Help Center လုပ်ဆောင်ချက်အသစ် ထပ်တိုး

Grab app မှာ Help Center လုပ်ဆောင်ချက်အသစ် ထပ်တိုးလိုက်ပါပြီ။  Grab အသုံးပြုရင်း အကူအညီ လိုလာရင်  အလွယ်တကူ အသုံးပြုလို့ ရပြီပေါ့။

Help Center ကို ဘယ်လို သုံးမလဲ။

  • ပုံထဲမှာ ပါတဲ့အတိုင်း  ကိုယ့်ဖုန်းထဲက app မီနူးထဲ ၀င်ပြီး Help Center ကို နှိပ်လိုက်ရုံပါပဲ။

Help Center ကို ဘာအတွက် သုံးမလဲ။ 

  • “Grab တက္ကစီပေါ်မှာ ကျွန်တော်/ မရဲ့ ပစ္စည်းတစ်ခု ကျန်ခဲ့လို့ ဘယ်လိုလုပ်ရမလဲ”
  • “ကျွန်တော်/မရဲ့  GrabPay က အလုပ်မလုပ်ဘူးဖြစ်နေတယ်။ ဘာကြောင့်လဲ”
  • “ယာဉ်မောင်းက အက်ပလီကေးရှင်းထဲက သူ့ပရိုဖိုင်းပုံနဲ့ မတူဘူး။ ဒီခရီးစဉ်ကို ပယ်ဖျယ်လိုက်သင့်သလား”
  • “ကျွန်မကို လာကြိုဖို့ မြေပုံမှာ နေရာထောက်တိုင်း တလွဲဖြစ်နေတယ်။   တချို့နေရာတွေက မြေပုံမှာ တိတိကျကျ မပေါ်ဘူးဖြစ်နေတယ်။   ကျွန်မ တည်နေရာကို မြေပုံထဲ ထည့်ပေးလို့ ရမလား “
  • “ပရိုမိုကုဒ်ကို  သုံးလို့ မရဘူးဖြစ်နေတယ်။  ဘာကြောင့်လဲ ..”
  • ” ပွိုင့်တွေ သုံးလို့  ကုန်သွားရင် Member အဆင့် ကျသွားမှာလား ..”
  • ” တစ်ကိုယ်ရေ အာမခံ ပေးထားတယ်ဆိုတော့ မတော်တဆဖြစ်မှုတွေကို ဘယ်လို report လုပ်ရသလဲ ” …. စတဲ့ စတဲ့ အကြောင်းချက်ပေါင်းများစွာရဲ့ အဖြေတွေအတွက်  Help Center ကို အသုံးပြုလို့  ရနိုင်မှာပါ။  ကိုယ် သိလိုတာ တစ်ခုခုအတွက်  ဖုန်းဆက်တာ၊ မက်ဆင်ဂျာက ဆက်သွယ်မေးမြန်းရတာတွေကို တကူးတက လုပ်နေစရာမလိုတော့ဘဲ ကိုယ့် အက်ပလီကေးရှင်းထဲကတစ်ဆင့် အဖြေရှာရုံပါပဲ။

Grab နဲ့ တက္ကစီငှားရမ်းတဲ့အခါ သင့်မှာ စိတ်ပူစရာ၊ စိုးရိမ်စရာတွေ ရှိနိုင်တယ်ဆိုတာ Grab က အပြည့်အ၀ နားလည်ပါတယ်။  ဒါကြောင့်လည်း Help Center ဆိုတဲ့ လုပ်ဆောင်ချက်ခလုတ်ကို ထပ်တိုးထည့်လိုက်တာပါ။  

အခုတော့ မိတ်ဆွေ လိုတဲ့ အရာအားလုံးအတွက် ကလစ်လေး တစ်ချက်နှိပ်ရုံနဲ့ အဖြေထုတ်လို့ ရပြီပေါ့။