Menu

Platinum နဲ့ Gold ယာဉ်မောင်းတွေအတွက် ခံစားခွင့်များ

Grab နဲ့လက်တွဲပြီး အကောင်းဆုံးဝန်ဆောင်မှုတွေ၊ အများဆုံး အကြောင်းရေတွေ ရရှိနေတဲ့ မိတ်ဆွေယာဉ်မောင်းတွေအတွက် Grab က Grab Platinum Driver အစီအစဉ်ကို မိတ်ဆက်ပေးပြီးဖြစ်ပါတယ်။ ယခုတစ်ဖန် Platinum Member ဝင်မိတ်ဆွေယာဉ်မောင်းတွေနီးပါး အကြောင်းရေတွေနဲ့ ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ရရှိထားတဲ့ မိတ်ဆွေယာဉ်မောင်းတွေအတွက် “Grab Gold Driver” အစီအစဉ်ကို မိတ်ဆက်ပေးလိုပါတယ်။

Gold Driver တစ်ဦးဖြစ်လာရင် ဘာတွေခံစားရမလဲ?

Gold Driver အဆင့်ဝင်တဲ့ မိတ်ဆွေယာဉ်မောင်းတွေအနေနဲ့ အဆိုပါလတစ်လအတွက် Grab Credit Wallet Top Up ကျပ် ၁၀၀၀၀ နဲ့ အထူး အင်တာနက် ဒေတာ 10GB ကို သတ်မှတ်ဆုအနေနဲ့ ရရှိမှာပါ။

Gold Driver ဖြစ်ရန် သတ်မှတ်ချက်များ

ဤအစီအစဉ်မှာ ပါဝင်နိုင်ဖို့အတွက် မိတ်ဆွေတို့အနေနဲ့ လိုအပ်တဲ့ သတ်မှတ်ချက်အရည်အသွေးများ ကတော့

  • အနည်းဆုံး တစ်လအတွင်း ခရီးစဉ်အကြောင်းရေ ၂၅၀ ပြည့်မှီရပါမယ်။
  • ခရီးစဉ်အကြောင်းရေ ၂၅၀ ထဲမှာ Peak Hour အကြောင်းရေ ၁၀၀ ရှိရပါမယ်။
  • ခရီးစဉ်အားလုံးရဲ့ Acceptance Rate 90% နှင့်အထက် ရှိရပါမယ်။
  • Cancellation Rate ကတော့ 5% နှင့်အောက် ဖြစ်ရပါမယ်။
  • Driver Rating ဟာ အနည်းဆုံး 4.5 ရှိရပါမယ်။

Platinum Driver ဆိုတာ?

Grab နဲ့လက်တွဲပြီး အကောင်းဆုံးဝန်ဆောင်မှုတွေ၊ အများဆုံး အကြောင်းရေတွေ ရရှိနေတဲ့ မိတ်ဆွေယာဉ်မောင်းတွေအတွက် Grab က သီးသန့် ဝန်ဆောင်မှု၊ သီးသန့် ဆုကြေးနဲ့ ခံစားခွင့်တွေ ပေးအပ်ပြုလုပ်ပေးတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ဒီထဲမှာ Platinum Driver အဆင့် မိတ်ဆွေတွေအတွက် သီးသန့် Hotline တွေ၊ ဆီထည့်သွင်းခွင့် ဘောက်ချာနဲ့ Cashback (ဆုကြေးငွေ) တွေအပြင် ထပ်တိုးအနေနဲ့ အင်တာနက်ဒေတာ 10GB ကို ချီးမြှင့်မယ့် အစီအစဉ်တွေပါဝင်မှာပါ။

ရရှိမည့် ဆုများနှင့် သတ်မှတ်ချက်များ

ဤအစီအစဉ်မှာ ပါဝင်နိုင်ဖို့အတွက် မိတ်ဆွေတို့အနေနဲ့ တစ်လအတွင်း လိုအပ်တဲ့ သတ်မှတ်ချက်အရည်အသွေးများ ကတော့

  • အနည်းဆုံး တစ်လအတွင်း ခရီးစဉ်အကြောင်းရေ ၃၅၀ ပြည့်မှီရပါမယ်။
  • အကြောင်းရေ ၃၅၀ မှာ Peak Hour အကြောင်းရေ ၁၃၀ ရှိရပါမယ်။
  • ခရီးစဉ်အားလုံးရဲ့ Acceptance Rate 90% နှင့်အထက် ရှိရပါမယ်။
  • Cancellation Rate ကတော့ 5% နှင့်အောက် ဖြစ်ရပါမယ်။
  • Driver Rating ဟာ အနည်းဆုံး 4.7 ရှိရပါမယ်။

ဒီအတွက် Grab ပလက်တီနမ်ယာဉ်မောင်း တစ်ယောက်အနေနဲ့ ရရှိမယ့် ခံစားခွင့် ရရှိမယ့် အရာတွေကတော့ Cash back program (ဆုငွေပြန်ပေးခြင်း) ကျပ် ၁၀၀၀၀တန် ဆီဘောက်ချာနဲ့ အထူး Hotline ဖုန်းလိုင်း၊ အင်တာနက်ဒေတာ 10GB တို့ပါဝင်မှာပါ။

Cash Back Program (ဆုငွေပေးအစီအစဉ်) မှာ ပါဝင်မယ့် အချက်တွေကတော့-

  • ပထမ တစ်လအတွက် ပလက်တီနမ် အရည်အချင်းပြည့်မှီခဲ့ရင် ထိုလအတွက် ရရှိထားသော ခရီးစဉ်အားလုံးတန်ဖိုး၏ ၀.၅ ရာခိုင်နှုန်း ဆုငွေ ပြန်ပေးခြင်း
  • ဒုတိယမြောက်လအတွက် ပလက်တီနမ် အရည်အချင်းပြည့်မှီခဲ့ရင် ထိုလအတွက် ရရှိထားသော ခရီးစဉ်အားလုံးတန်ဖိုး၏ ၂ ရာခိုင်နှုန်း ဆုငွေ ပြန်ပေးခြင်း
  • ၃လဆက် ပလက်တီနမ် အရည်အချင်းပြည့်မှီခဲ့ရင် ထိုလအတွက် ရရှိထားသော ခရီးစဉ်အားလုံးတန်ဖိုး၏ ၃ ရာခိုင်နှုန်း ဆုငွေ ပြန်ပေးခြင်း
  • ၄လဆက် ပလက်တီနမ် အရည်အချင်းပြည့်မှီခဲ့ရင် ထိုလအတွက် ရရှိထားသော ခရီးစဉ်အားလုံးတန်ဖိုး၏ ၄ ရာခိုင်နှုန်း ဆုငွေ ပြန်ပေးခြင်း
  • ၅လဆက်တိုက် ပလက်တီနမ် အရည်အချင်းပြည့်မှီခဲ့ရင်တော့ ထိုလတွေအတွက် ရရှိထားသော ခရီးစဉ်အားလုံးတန်ဖိုး၏ ၅ ရာခိုင်နှုန်း ဆုငွေ ပြန်ပေးခြင်း
  • ၅လ နှင့်အထက် ပလက်တီနမ် အရည်အချင်းပြည့်မှီခဲ့ရင်တော့ ထိုလတွေအတွက် ရရှိထားသော ခရီးစဉ်အားလုံးတန်ဖိုး၏ ၅ ရာခိုင်နှုန်း ဆုငွေ ပြန်ပေးခြင်း

တို့ပဲ ဖြစ်ပါတယ်။

Platinum Driver Rewards   ရာခိုင်နှုန်းအလိုက် Cash Back ပြန်ပေးငွေ  ဆီဘောက်ချာ  သီးသန့် Hotline  အထူး အင်တာနက် ဒေတာ 10 GB
Gold Driver Rewards   Credit Wallet 10000 Top Up  အထူး အင်တာနက် ဒေတာ 10 GB