Menu

GrabShare လုပ်ဆောင်ချက်ကို မိတ်ဆက်ခြင်း


မိတ်ဆွေယာဉ်မောင်းများ မင်္ဂလာပါ။ မိတ်ဆွေတို့အတွက် လမ်းကြောင်းတူညီသော ခရီးသည်တွေကို ခရီးစဉ်တစ်ကြောင်းထဲမှာတင် ဘွတ်ကင်နှစ်ခုနဲ့အထက် လက်ခံနိုင်ပြီး မိမိရဲ့ ဝင်ငွေကိုတိုးမြှင့်မယ့် GrabShare ကို ထုတ်ဖော်မိတ်ဆက်ပေးသွားတော့မှာပါ။

GrabShare ဆိုတာဘာလဲ?

GrabShare ဆိုတာ ခရီးစဉ်တစ်ခုအတွင်းမှာ လမ်းကြောင်းတူညီတဲ့ ဘွတ်ကင်တွေကို တစ်ကြောင်းနဲ့အထက် လက်ခံနိုင်မယ့် အစီအစဉ်သစ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် GrabShare ဘွတ်ကင်တွေမှာ တူညီတဲ့ လောင်စာဆီနဲ့ အချိန်ပမာဏ တွေကိုအသုံးပြုပြီး မိမိဝင်ငွေကို ပိုမိုတိုးမြှင့်လာနိုင်မှာပါ။

.

GrabShare မှ မိတ်ဆွေတို့ရရှိနိုင်သော အကျိုးအမြတ်များ

  • GrabShare ခရီးစဉ်တစ်ခုအတွင်း လမ်းကြောင်းတူခရီးသည်များ၏ ဘွတ်ကင် ၂ခုနှင့်အထက် လက်ခံနိုင်ခြင်း
  • ခရီးစဉ်တစ်ခုအတွက် မိမိယာဉ်အတွင်း နေရာအပြည့်တင်ဆောင်ပြီး မိမိဝင်ငွေကို တိုးမြှင့်နိုင်ခြင်း
  • တစ်ကြောင်းစီမှာ ပိုမို ဈေးနှုန်းသက်သာသော်လည်း နှစ်ခုနှင့်အထက် ဘွတ်ကင်တွေကြောင့် မိမိဝင်ငွေကို ပိုမိုတိုးမြှင့်ရရှိနိုင်ခြင်း
  • ဘွတ်ကင် တစ်ခုစီကို Weekly Incentive အကြောင်းရေအတွက် ထည့်သွင်း ရေတွက်တာကြောင့် မိမိ Incentive ကို ထိမိရရှိရန် ပိုမို လွယ်ကူခြင်း

.

GrabShare ကို ဘယ်လိုရယူမလဲ?

GrabShare လုပ်ဆောင်ချက်ဟာ လာမယ့် သြဂုတ်လ ၁ ရက်နေ့မှ စပြီး GrabTaxi ယာဉ်မောင်းအားလုံးထံ ရောက်ရှိလာမှာပါ။

.

GrabShare ခရီးစဉ်နဲ့ သာမန် GrabTaxi ခရီးစဉ်ကို ဘယ်လိုခွဲခြားသိနိုင်မလဲ?

GrabShare job card ဟာအပြာရောင် နောက်ခံရှိမှာ ဖြစ်ပြီး GRABSHARE ဟု ရေးသားထားမှာပါ။

.

GrabShare ခရီးစဉ်အား Pick-Up နှင့် Drop-Off လုပ်ပုံအဆင့်ဆင့်

GrabTaxi ခရီးစဉ်များကဲ့သို့ပင် ယာဉ်မောင်းအနေနဲ့ ခရီးသည်၏ Pick-up point ကို တွေ့ရှိနိုင်မှာဖြစ်ပါတယ်။

ပထမဆုံးဘွတ်ကင်အတွက် Pick-up Point ကိုသွားရောက်နေစဉ် ဒုတိယဘွတ်ကင် ဝင်ရောက်လာပါကလည်း Accept ကိုနှိပ်ပြီး အလုပ်ကို လက်ခံလိုက်ရင် မိတ်ဆွေအနေနဲ့ ပုံအတိုင်း ခရီးစဉ်နှစ်ခုကို Pick-up လုပ်ရမယ့်အစီအစဉ်ကို တွေ့ရမှာပါ။ App ကပြထားတဲ့အတိုင်း မိတ်ဆွေတို့အနေနဲ့ “ဘယ်မှညာဘက်” အစီအစဉ်အတိုင်း Pick-up လုပ်ရမှာဖြစ်ပါတယ်။

ခရီးသည်နှစ်ဦးလုံးကို Pick-up လုပ်ပြီးတဲ့အခါမှာလည်း App ကပြထားတဲ့အတိုင်း “ဘယ်မှညာ” အစီအစဉ်အလိုက်သွားပြီး ခရီးစဉ် တည်နေရာရောက်တဲ့အခါ ဘွတ်ကင်တစ်ခုချင်းကို “Drop-off” လုပ်ရမှာပါ။

App က ပြတဲ့အစီအစဉ်အတိုင်း ဘွတ်ကင် တစ်ခုစီကို Drop-off လုပ်ပြီးတဲ့အခါမှာ မိတ်ဆွေရဲ့ GrabShare ခရီးစဉ်ကို အဆုံးသတ်နိုင်ပါပြီ။

GrabTaxi ခရီးစဉ်တွေလို Drop-off လုပ်တဲ့ ပုံစံမျိုးပဲ ဖြစ်ပြီး မိတ်ဆွေတို့အနေနဲ့ ခရီးစဉ်တစ်ခုမှာ ဘွတ်ကင်တွေတစ်ခုထက်ပိုလာတာ ဖြစ်ပါတယ်။ လမ်းကြောင်း တည်နေရာအသေးစိတ်ကို သိရှိနိုင်ဖို့အတွက် ခရီးစဉ်အတွင်း GPS App တွေကို အသုံးပြုနိုင်ပါတယ်။

.

GrabShare ခရီးစဉ်အတွက Pick-up နှင့် Drop-off ဖစ်နိုင်ခြေ ပုံစံမ

GrabShare ခရီးစဉ်တွေမှာ ဘွတ်ကင်နှစ်ခုနဲ့ အထက်ရရှိနိုင်မှာဖြစ်လို့ ခရီးစဉ်တွေအတွက် Pick-up နဲ့ Drop-off လုပ်တဲ့ ပုံစံ ၄မျိုးခန့်ရှိပါတယ်။ ပုံစံတွေကို အောက်မှာလေ့လာနိုင်ပါတယ်။

.

GrabShare ခရီးစဉ်များအတွက် သိထားသင့်သည့်အချက်များ

  • ယာဉ်မောင်းမှာ Pick-up point သို့ရောက်ရန် ၃မိနစ်သာ စောင့်ဆိုင်းရမည်
  • ဘွတ်ကင်တစ်ခုတွင် ခရီးသညသာ ပါဝင်နိုင်မည်
  • Golden Rule: အကယ်၍ ခရီးသည်က သတ်မှတ်ထားသောအရေအတွက်ထက် ပိုမို ပါဝင်လာပါက ထိုခရီးသည်အား ခရီးစဉ်ကိုဖျက်သိမ်းပြီး GrabTaxi ငှားရန် အကြံပြုပါ
  • ယာဉ်မောင်းအနေနှင့် GrabShare ခရီးစဉ်များအတွက် အတိုဆုံးခရီးလမ်းကြောင်းရွေးချယ်နိုင်ရန် တည်ေ App များကို တိကျစွာအသုံးပြုရန်လိုသည်။ App ကိုယုံကြည်ပါ!

.

မိတ်ဆွေတို့အနေနဲ့ GrabShare ရဲ့ လုပ်ဆောင်ချက် အကျဉ်းကို သိနိုင်ဖို့ အောက်ပါဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

ကဲဒီလောက်ဆိုရင်တော့ မိတ်ဆွေတို့အနေနဲ့ Grab ရဲ့ လုပ်ဆောင်ချက်သစ် “GrabShare” နဲ့အတူ ဝင်ငွေတွေ ပိုမိုတိုးမြှင့်ရယူနိုင်ဖို့ အဆင်သင့်ဖြစ်လောက်ပြီလို့ထင်ပါတယ်။ ခရီးစဉ်တစ်ခုအတွင်း ဘွတ်ကင်တစ်ခုထဲအစား ဘွတ်ကင်နှစ်ခုနဲ့အထက် ရယူနိုင်မယ့် GrabShare လုပ်ဆောင်ချက်ဟာ မိတ်ဆွေတို့အားလုံးထံ မကြာခင် ရောက်လာတော့မှာပါ။