အခုတော့ လမ်းခုလတ်မှာ  Drop-off တည်နေရာကို ပြောင်းလဲနိုင်ပါပြီ

.

မင်္ဂလာပါ။ မိတ်ဆွေတို့ကြုံတွေ့နေကျအခက်အခဲတစ်ခုဖြစ်တဲ့၊ ခရီးသည်တွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် လမ်းခရီးတစ်ဝက်မှာ Drop-off တည်နေရာကို ပြောင်းလဲလိုတာ၊ ဒါမှမဟုတ် Drop-off တည်နေရာကို မှားယွင်းပြီး ထည့်သွင်းမိတာ စတဲ့ ပြသနာတွေကို ဖြေရှင်းပေးနိုင်မယ့် Change Destination (ခရီးစဉ်တည်နေရာပြောင်းလဲခြင်း) လုပ်ဆောင်ချက်ကို မကြာခင်မှာ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Change Destination ဆိုတာ?

အထက်မှာ ဖော်ပြခဲ့သလိုပဲ ခရီးသည်တစ်ဦးက အကြောင်း အမျိုးမျိုးကြောင့် ခရီးစဉ်တည်နေရာကို ပြောင်းလဲလိုတယ်ဆိုရင် Change Destination လုပ်ဆောင်ချက်က မိတ်ဆွေနဲ့ ခရီးသည်နှစ်ဖက်လုံးအဆင်ပြေအောင် ကူညီပေးမှာ ဖြစ်ပါတယ်။

ခရီးသည်ဖက်က လိုအပ်ခဲ့လို့ ခရီးစဉ်တည်နေရာကို ပြောင်းလဲလိုက်တဲ့ အခါမှာ မိတ်ဆွေရဲ့ ဖုန်းမှာ ဖော်ပြပါအတိုင်း ဈေးနှုန်းနဲ့ တည်နေရာပြောင်းလဲလိုက်ကြောင်း Notification တက်လာမှာပါ။

“OK” ကိုနှိပ်လိုက်ရင် ခရီးစဉ်ရှိနေတဲ့ မျက်နှာပြင်ကို ပြန်လည်ရောက်ရှိသွားမှာ ဖြစ်ပြီး ပြောင်းလဲသွားတဲ့ တည်နေရာနဲ့ ဈေးနှုန်းကို မိတ်ဆွေအနေနဲ့ အောက်ပါအတိုင်း မြင်တွေ့နိုင်ပါတယ်။

တည်နေရာပြ App ကိုဖွင့်ဖို့ Navigation ခလုတ်ကိုနှိပ်လိုက်ရင်တည်နေရာပြ App ထဲ ပြန်လည်ရောက်ရှိသွားမှာပါ။

ပြောင်းလဲသွားတဲ့ ခရီးစဉ်အတိုင်းသွားရောက်ပြီး ခရီးစဉ်ပြီးဆုံးလို့ Drop-off ကိုနှိပ်လိုက်တဲ့အခါမှာ တည်နေရာပြောင်းလဲတဲ့အတွက် ထပ်တိုးထားတဲ့ ဈေးနှုန်းနဲ့အတူ စုစုပေါင်းဈေးနှုန်းကို အောက်ပါအတိုင်းတွေ့ရမှာပါ။

မှတ်ချက် :

  • ခရီးသည်အနေနဲ့ Drop-off Point တည်နေရာကို Pick-up မလုပ်ခင်မှာ ပြောင်းလဲနိုင်မှာမဟုတ်ပဲ၊ Pick-up လုပ်ပြီး၊ ယာဉ်ပေါ်ရောက်တဲ့အခါမှ တည်နေရာကို ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။
  • ခရီးသည်အနေနဲ့ Change Destination (ခရီးစဉ်ပြောင်းလဲခြင်း လုပ်ဆောင်ချက်) ကိုခရီးစဉ်တစ်ခုအတွင်း တစ်ကြိမ်သာပြောင်းလဲနိုင်မှာပါ။ 

ဒီလောက်ဆိုရင်တော့ မိတ်ဆွေတို့အနေနဲ့ Change Destination အကြောင်းကို နားလည်လောက်ပြီ ထင်ပါတယ်။ ဒီလုပ်ဆောင်ချက်က မိတ်ဆွေတို့အတွက် အထူးတလည် မရှုပ်ထွေးပဲ လက်ရှိကြုံတွေ့လျက်ရှိတဲ့ ခရီးစဉ်ပြောင်းလဲမှုပြသနာကိုလည်း ဖြေရှင်းလိုက်တာကြောင့် အထူးအသုံးဝင်မယ့် လုပ်ဆောင်ချက်တစ်ခု ဖြစ်လာမယ်လို့ Grab က ယုံကြည်ပါတယ်။