Menu

Community

Grab ရဲ့ လူမှုအသိုင်းအ၀ိုင်း လမ်းညွှန်ချက်များဆီက ကြိုဆိုပါတယ်။

Hi there!

မိတ်ဆွေတို့ရေ.. ဒါကို အချိန်ပေး ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအ၀ိုင်းဟာ တစ်စထက် တစ်စ ပိုမိုကြီးထွားလာတာနဲ့အမျှ ကျွန်တော်တို့ ပလက်ဖောင်းပေါ်မှာ လူတွေလည်း ပိုလို့ များပြားလာပါလိမ့်မယ်။ ယာဉ်မောင်းပဲဖြစ်ဖြစ်၊ ခရီးသည်ပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ကတော့ Grab နဲ့ ကူးလူးသွားလာဆက်ဆံမှုတိုင်းကို အဆင်ပြေသာယာတာမျိုးပဲ ဖြစ်စေချင်ပါတယ်။ ဒီလိုဖြစ်ဖို့ကလည်း မိတ်ဆွေတို့ရဲ့ အကူအညီလိုပါတယ်။

၁။ အားလုံးအတွက် အလေးထားတည်ဆောက်သင့်တဲ့ ပတ်ဝန်းကျင်တစ်ခု

နေ့စဉ် လမ်းပေါ်မှာ Grab ရဲ့ သံတမန်တွေအဖြစ် ရပ်တည်ပေးကြလို့ ကျေးဇူးတင်ရှိပါတယ်။ မိတ်ဆွေတို့နဲ့အတူ ကျွန်တော်တို့ရဲ့ ခရီးသည်တွေကို အကောင်းဆုံး ၀န်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့ ရည်ရွယ်ထားတာမို့ တစ်ဦးချင်းအပေါ် အလေးထားမှု၊ လေးစားမှုရှိရမယ် ဆိုတဲ့ Grab ရဲ့ ယုံကြည်မှုကို မိတ်ဆွေတို့ရဲ့ နေ့စဉ် လုပ်ဆောင်မှု၊ လှုပ်ရှားမှုအားဖြင့် ပုံဖော်ပေးနိုင်ဖို့အတွက် အခုလို တောင်းဆိုရတာဖြစ်ပါတယ်။

ကျွန်တော်တို့ကို သူတစ်ပါး ပြုမူဆက်ဆံစေလိုတဲ့ ပုံစံအတိုင်း ကျွန်တော်တို့လည်း လူတိုင်းကို ပြုမူဆက်ဆံကြရအောင်ပါ။ တကယ့်ကို သင့်တင့် လျောက်ပတ်ပြီး အလေးထားစရာကောင်းတဲ့ ခရီးစဉ်အတွေ့အကြုံတွေ ဖန်တီးပေးကြရအောင်ပါ။

  • သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်ပါ

    ဥပမာ- ဘောင်းဘီရှည်၊ လုံခြည်၊ ကော်လာပါ စပို့ရှပ်၊ ကတ္တီပါဖိနပ် သို့မဟုတ် ရှေ့ပိတ်ဖိနပ်။

  • သင့်ရဲ့ ယာဉ်ထဲမှာ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ

    ဒါက ဆေးလိပ်နံ့တွေ ယာဉ်ထဲ စွဲကျန်ရစ်ခဲ့နိုင်တာမို့ပါ။ အထူးသဖြင့် ဆေးလိပ်မသောက်တဲ့ ခရီးသည်တွေအတွက်ဆို အနံ့ ဆိုးပါတယ်။ ဆေးလိပ်သောက်ပြီးတဲ့နောက် လက် သန့်စင်ဆေးရည် အသုံးပြုဖို့ တိုက်တွန်းလိုပါတယ်။

  • သင့် ခရီးသည်တွေရဲ့ သင့်တင့်လျောက်ပတ်တဲ့ တောင်းဆိုချက်တွေကို ကူညီပေးပါ

    ဥပမာ – အဲကွန်းအချိန်အဆကို ညှိပေးခိုင်းတာ၊ ရေဒီယိုအသံ အတိုးအကျယ် ညှိပေးတာမျိုးပါ။

  • ခရီးသည်တွေမှာ အထုပ်အပိုး၊ အိတ်တွေ ပါတယ်ဆိုရင် ကူညီပေးပါ

    သင်က ကျန်းမာသန်စွမ်းသူ ဖြစ်တယ်ဆိုရင် ကူညီပေးပါ။

  • ခွဲခြားမှုမရှိဘဲ ၀န်ဆောင်မှုပေးပါ

    လူမျိုး၊ ဘာသာ၊ နိုင်ငံသား၊ မသန်မစွမ်း၊ နိုင်ငံရေးယုံကြည်ချက်၊ လိင်အမျိုးအစား၊ အသက်အရွယ်နဲ့ တခြား တစ်ကိုယ်ရေ ပုံပန်းသဏ္ဍာန် လက္ခဏာပေါ်မှာ ဘယ်လို ခွဲခြားမှုမျိုးမှ မလုပ်ဘဲ ခရီးသည်အားလုံးကို တူညီတဲ့ ၀န်ဆောင်မှု ပေးပါ။ အဲဒီလို တန်းတူ ၀န်ဆောင်မှု ပေးဖို့ ပျက်ကွက်တာဟာ ခွဲခြားဆက်ဆံမှု ဖြစ်ပါတယ်။ Grab ကတော့ လူတိုင်းကို ကြိုဆိုပါတယ်။

  • အကူအညီပေး တိရစ္ဆာန်

    ခရီးသည်က သူ့ကို အကူအညီပေးတဲ့ တိရစ္ဆာန် (ဥပမာ- မျက်မမြင်လမ်းပြခွေး)နဲ့အတူ ယာဉ်ငှားစီးတာမျိုးဆိုရင် လက်ခံပေးဖို့ တောင်းဆိုပါရစေ။ တကယ်လို့ ဒါက သင့် ဘာသာရေး ယုံကြည်သက်ဝင်မှုကို မထိခိုက်ဘူးဆိုရင်ပေါ့။

  • သင့်တော်တဲ့ အကြောင်းအရာ ခေါင်းစဉ်များ

    သင့်အနေနဲ့ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောဆိုတာမျိုးကို လုပ်ဆောင်လို့ ရပါတယ်။ ဒါပေမယ့် သင့် ခရီးသည်ရဲ့ တုံ့ပြန်မှုကို အသေအချာ ဂရုပြုဖို့လည်း လိုပါတယ်။ တချို့က နားနားနေနေနဲ့ ငြိမ်ငြိမ်ဆိတ်ဆိတ် သွားရတာကို ပိုပြီး သဘောကျပါလိမ့်မယ်။ တကယ်လို့ ခရီးသည်က သင့်စကားတွေကို တုံ့ပြန်မှု မရှိတာမျိုး ဒါမှမဟုတ် တိုတိုတုတ်တုတ် အဖြေပြန်ပေးတာမျိုး လုပ်ဆောင်နေပြီဆိုရင် သူ့ကို ငြိမ်ငြိမ်ဆိတ်ဆိတ် ပေးနေလိုက်ပါ။ ရုပ်ရည်သွင်ပြင်ပေါ် မှတ်ချက်ပေးတာမျိုး၊ နိုင်ငံရေးနဲ့ ဘာသာရေးယုံကြည်ချက်တွေအကြောင်းအရာတွေလို ပြဿနာဖြစ်လွယ်တဲ့ ခေါင်းစဉ်မျိုးကို ရှောင်ပေးပါ။ ဒီလို ခေါင်းစဉ်မျိုးနဲ့ အကြောင်းအရာတွေအပေါ် လူအမျိုးမျိုးရဲ့ လက်ခံနိုင်မှုအတိုင်းအတာဟာလည်း အမျိုးမျိုး ရှိနိုင်တယ်ဆိုတာ သဘောပေါက်ထားပေးပါ။

  • လိင်မှုပိုင်းဆိုင်ရာ ပြောဆိုပြုမူခြင်းကို တင်းကျပ်စွာ တားမြစ်ပါတယ်

    တိုက်ရိုက်ပဲဖြစ်ဖြစ်၊ သွယ်ဝိုက်ပဲ ဖြစ်ဖြစ်၊ လိင်မှုပိုင်းဆိုင်ရာ မှတ်ချက်ပြုတာတွေ၊ ဒါမှမဟုတ် မက်ဆေ့ခ်ျပို့တာတွေ အပါအ၀င် လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ အပြုအမူတွေ၊ မလိုလားအပ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုတွေ၊ ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေနဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကို တင်းတင်းကျပ်ကျပ် တားမြစ်ပါတယ်။ ဒါတွေဟာ ဥပဒေအရ ပြစ်မှုမြောက်တဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပြီး တရားစွဲဆိုခံရနိုင်ပါတယ်။ ဒီလို အပြုအမူမျိုးကို Grab က လက်သင့်ခံပေးမှာ မဟုတ်သလို ရဲဌာနရဲ့ စုံစမ်းစစ်ဆေး မှုတွေမှာလည်း ပူးပေါင်းကူညီပေးမှာ ဖြစ်ပါတယ်။

  • အဆက်အသွယ် လုံးဝမပြုလုပ်ပါနဲ့

    ခရီးစဉ် ပြီးဆုံးသွားတဲ့နောက် ခရီးသည်ကို လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ၊ မက်ဆေ့ခ်ျပို့ပြီးဖြစ်စေ အဆက်အသွယ် လုံးဝ မပြုလုပ်မိဖို့ လိုပါတယ်။

  • ပစ္စည်းကျန်ရစ်ခဲ့ခြင်း

    သင့် ယာဉ်ထဲမှာ ခရီးသည်ဟာ သူ့ရဲ့ ပစ္စည်းတစ်စုံတစ်ရာ ( ငွေသား သို့မဟုတ် မိုဘိုင်းဖုန်း စသဖြင့်) ကျန်ရစ်ခဲ့တယ်ဆိုရင် သင် လုပ်ဆောင်ရမှာတွေ ရှိပါတယ်။

    1. -ပစ္စည်းတွေ့တာနဲ့ ချက်ချင်း Grab ကို အကြောင်းကြားပေးပါ။
    2. ပစ္စည်းတွေ့ပြီး ၄၈ နာရီအတွင်း စိတ်ပူနေတဲ့ ခရီးသည်ဆီ သို့မဟုတ် Grab ရုံးဆီ ပစ္စည်းကို ပြန်ပို့ပေးဖို့ ကူညီပေးပါ။

၂။ ဥပဒေကို လိုက်နာပါ

လူတိုင်း ဘေးကင်းလုံခြုံပြီး အကာအကွယ်ရှိဖို့ စည်းမျဉ်းစည်းကမ်းနဲ့ လိုက်နာရမယ့် ထုံးတမ်းတွေကို စနစ်တကျ ချမှတ်ထားပါတယ်။

  • ဥပဒေနဲ့အညီ ကျင့်သုံးပါ

    ယာဉ်မောင်းများ/ မိတ်ဖက်များအားလုံးဟာ အစိုးရ၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း ဒါမှမဟုတ် Grab က ထုတ်ပြန်ထားတဲ့ ယာဉ်စည်းမျဉ်းစည်းကမ်း၊ ဥပဒေ၊ ပေါ်လစီ နဲ့ လမ်းညွှန်ချက်တွေအားလုံးကို လိုက်နာကျင့်သုံးရပါမယ်။

  • ယာဉ်စည်းမျဉ်းစည်းကမ်းများနဲ့ ဒေသတွင်း စည်းမျဉ်းများ

    ဥပမာ – ခါးပတ်ပတ်တာ၊ ကွေ့တဲ့အခါ အချက်ပြမီး သုံးတာ၊ မီးပွိုင့်စည်းကမ်းတွေကို လိုက်နာတာ၊ သတ်မှတ် အမြန်နှုန်းထားအတိုင်း မောင်းနှင်တာ၊ ယာဉ်မရပ်ရ နေရာတွေမှာ စည်းကမ်း လိုက်နာစောင့်ထိန်းတာ။

၃။ Grab နဲ့ စီးနင်းသူ အယောက်စီတိုင်းအတွက် ဘေးကင်းလုံခြုံမှု

၃။ Grab နဲ့ စီးနင်းသူ အယောက်စီတိုင်းအတွက် ဘေးကင်းလုံခြုံမှု

  • ဘေးကင်းလုံခြုံမှုသည် ပထမ

    လူတိုင်းဟာ လေးဘီးယာဉ်ပေါ်မှာဆိုရင် ခါးပတ်ပတ်ပြီး၊ မော်တော်ဆိုင်ကယ်ပေါ်မှာဆိုရင် ဆိုင်ကယ်ဦးထုပ် ဆောင်းရပါမယ်။

  • တည်ငြိမ်ပြီး တသမတ်တည်းရှိတဲ့ မြန်နှုန်းနဲ့ မောင်းနှင်ပါ

    ရုတ်တရက် အရှိန်မြှင့်မောင်းနှင်ခြင်းနဲ့ ဘရိတ်အုပ်ခြင်းကို ရှောင်ကြဉ်ပါ။

  • ယာဉ်မောင်းနေစဉ်မှာ ဖုန်း အသုံးပြုမှု သို့မဟုတ် ဂိမ်းကစားနေတာမျိုး မလုပ်ပါနဲ့

    ခရီးလမ်းကြောင်းအတွက် လမ်းညွှန်အက်ပလီကေးရှင်းကို အသုံးပြုဖို့ လိုအပ်ပါက အထိုင် ဖုန်းကို အသုံးပြုပါ။

  • အသက်က အရေးကြီးပါတယ်

    ဆေးဝါး အပြင်းစားတွေ ဒါမှမဟုတ် အရက်သေစာ သောက်သုံးထားတဲ့အနေအထားနဲ့ ယာဉ်မမောင်းပါနဲ့။ ဒီလိုပဲ သင့်အနေနဲ့ သိပ်ပင်ပန်းနွမ်းနယ်နေတယ်ဆိုရင် အနီးဆုံး နေရာတစ်နေရာမှာ ရပ်ပြီး အနားယူလိုက်ပါ။

  • အန္တရာယ်ဖြစ်စေနိုင်တဲ့ လက်နက်ကိရိယာ သို့မဟုတ် ပစ္စည်းများကို ဖယ်ရှားပါ

    အရေးပေါ်ကိစ္စတစ်စုံတစ်ရာ ဖြစ်လာပါက သက်ဆိုင်ရာ အာဏာပိုင်တွေကို ချက်ချင်း ဆက်သွယ်ပါ။ လက်နက်ကိရိယာတစ်ခုအဖြစ် အသုံးပြုနိုင်တဲ့ ဘယ်ပစ္စည်း၊ လက်နက် ကိရိယာကိုမှ မိမိနဲ့အတူ သယ်ယူထားဖို့ ဥပဒေက ခွင့်မပြုပါ။

  • သင့်ယာဉ်ကို သန့်သန့်ရှင်းရှင်း ထားပါ

    ယာဉ်အတွင်းပိုင်းရော အပြင်ပိုင်းကိုပါ သန့်ရှင်းနေပါစေ။ ပြုပြင်ထိန်းသိမ်းမှု အားနည်းမှုကြောင့် မတော်တဆထိခိုက်မှုတွေ၊ စက်ပစ္စည်းချွတ်ယွင်းမှုတွေ မဖြစ်ရလေအောင် သင့် ယာဉ်ကို ပုံမှန် စစ်ဆေးပြီး ပြင်ဆင်ထိန်းသိမ်းပါ။

၎။ လုပ်ငန်းတွင်း ဆက်ဆံရေးတွေမှာ ထားရှိရမယ့် ကျင့်ဝတ်နဲ့ မှန်ကန်ညီမျှမှု

Grab က ကျွန်တော်တို့ရဲ့ လုပ်ငန်းတွင်း ဆက်ဆံရေးကိစ္စရပ်တိုင်းမှာ မြင်သာ ထင်သာနဲ့ မျှတမှု ရှိဖို့ ရည်ရွယ်ထားပါတယ်။ Grab ယာဉ်မောင်းအက်ပလီကေးရှင်းအားဖြင့် ယာဉ်မောင်းအားလုံးအတွက် ညီညီမျှမျှနဲ့ အလုပ်တွေ ခွဲဝေပေးဖို့ နဲ့ မိတ်ဆွေတို့ရဲ့ Grab နဲ့ အလုပ်လုပ်လို့ ရလာတဲ့ ၀င်ငွေတွေကို ပိုမိုတိုးပွားလာဖို့အတွက် တူညီတဲ့ အခွင့်အရေးတွေ ဖန်တီးပေးဖို့ ရည်ရွယ်ထားပါတယ်။

သင် လုံးဝ ရှောင်ကြဉ်ရမယ့် အရာတွေ

  • သင် လုံးဝ ရှောင်ကြဉ်ရမယ့် အရာတွေ

    ခရီးသည်ကို မကြိုဘဲ အလုပ်ကို ပြီးပြီလို့ လုပ်လိုက်တာ

    သင့်ယာဉ်ကို ငှားရမ်းထားတဲ့ ခရီးသည်ဟာ ယာဉ်ထဲ ၀င်ထိုင်လိုက်ပြီးမှသာ ခရီးစဉ်ကို စတင်ရမှာဖြစ်ပြီး ခရီးသည် ဆင်းသွားတာနဲ့ ချက်ချင်း ခရီးစဉ်ကို ပြီးမြောက်ရမှာပါ။

  • သင် လုံးဝ ရှောင်ကြဉ်ရမယ့် အရာတွေ

    Grab app ပေါ်က ငှားရမ်းလာတဲ့ ခရီးစဉ်ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုတာ

    တကယ်လို့ ခရီးသည်က သွားလိုတယ်ဆိုရင် ခရီးစဉ် ပယ်ဖျက်ဖို့ တောင်းဆိုတာမျိုး မလုပ်ရပါဘူး။ သင့်အနေနဲ့ ဒီအလုပ်ကို Grab app က တစ်ဆင့် ရထားတာမို့ သင့် ခရီးစဉ်ကို ပြီးမြောက်တဲ့အထိ ပို့ဆောင်ရပါမယ်။ သင် ပေးဆောင်ရမယ့် ကော်မရှင်ကိုလည်း အသေအချာ ပေးဆောင်ဖို့ လိုပါတယ်။

  • သင် လုံးဝ ရှောင်ကြဉ်ရမယ့် အရာတွေ

    သင့် ကိုယ်ပိုင် ခရီးသည်အကောင့်ကနေ ကိုယ့်ဘာသာကိုယ် ယာဉ်လှမ်းငှားတာမျိုး

    ယာဉ်မောင်းရော ခရီးသည်ပါ နှစ်ဦးစလုံးက သင်ကိုယ်တိုင်ပဲ ဖြစ်ပြီး ကိုယ့်ဘာသာ ခရီးစဉ်ဘွတ်ကင် တင်တာမျိုး။

  • သင် လုံးဝ ရှောင်ကြဉ်ရမယ့် အရာတွေ

    ခရီးသည်တွေနဲ့ ခရီးစဉ်တွေ ကြိုတင် စီစဉ်တာ ( For GrabCar)

    Grab app အပြင်၊ ခရီးသည်တွေနဲ့ သဘောတူ ညှိနှိုင်းပြီး ခရီးစဉ်တွေ စိတ်တိုင်းကျ စီစဉ်တာမျိုး။

  • သင် လုံးဝ ရှောင်ကြဉ်ရမယ့် အရာတွေ

    အလုပ်တွေကို ကြိမ်ဖန်များစွာ လျစ်လျူရှုတာ ဒါမှမဟုတ် ခရီးစဉ်ငှားရမ်းမှုတွေကို ပယ်ဖျက်တာ

    ခရီးစဉ်ပယ်ဖျက်တာမျိုးဟာ အရေးပေါ်ကိစ္စတွေအတွက်သာ ဖြစ်သင့်ပါတယ်။

  • သင် လုံးဝ ရှောင်ကြဉ်ရမယ့် အရာတွေ

    Grab app ပေါ်မှာ အလုပ်တစ်ခု ပြီးမြောက်ဖို့ နှောင့်နှေးနေတာ

    ခရီးသည်က သင့်ယာဉ်ပေါ်က ဆင်းသွားပြီးတဲ့နောက် အလုပ်ပြီးစီးကြောင်း မနှိပ်ဘဲ ကြန့်ကြာနေတာ ဒါမှမဟုတ် သင့် ခရက်ဒစ်ပိုက်ဆံအိတ်ထဲ ငွေဖြည့်ဖို့ နှောင့်နှေးနေတာ၊ ဒါမှမဟုတ် အလုပ်တွေကို လက်ခံဖို့ လုံလောက်တဲ့ လက်ကျန်ငွေ နည်းနေတာ။ ဒီလုပ်ရပ်တွေဟာ အလုပ်ကို ရှောင်ရှားတဲ့ သဘောလို့ သက်ရောက်ပြီး သင့်ရဲ့ Grab app ဖွင့်ထားချိန်ကို တမင် ဆွဲဆန့်ထားလိုတဲ့ ရည်ရွယ်ချက်ရှိတယ်လို့လည်း ယူဆမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်မျိုးဟာ အပိုဆုကြေးရရှိနိုင်တဲ့အစီအစဉ်ကိုလည်း ထိခိုက်နိုင်မှာပါ။

  • သင် လုံးဝ ရှောင်ကြဉ်ရမယ့် အရာတွေ

    ရည်ရွယ်ချက်ရှိရှိ အချိန်ဆွဲနေတာ – အွန်လိုင်းပေါ် အလုပ်လုပ်တဲ့ နာရီတွေကို အလဟဿ ကုန်စေတာ

    Grab app ဖွင့်ထားချိန်ကို ဆွဲဆန့်လိုတဲ့
    ရည်ရွယ်ချက်နဲ့ ယာဉ်ငှားရမ်းမှုနည်းပါးတဲ့ နေရာတွေမှာ သွားအခြေချနေတာမျိုးလည်း ပါဝင်ပါတယ်။ ယာဉ်ငှားရမ်းမှု များတဲ့ နေရာတွေကို သင့်မြေပုံမှာ ပြထားတာမို့ အဲဒီနေရာတွေမှာ အလုပ်လက်ခံနေရမှာပါ။

  • သင် လုံးဝ ရှောင်ကြဉ်ရမယ့် အရာတွေ

    သတ်မှတ်ချက်ထက် အပိုကြေးကောက်ခံတာ

    ဥပမာ ယာဉ်စီးခ၊ လမ်းတံတားခနဲ့ ခရီးသည်ကို အသိမပေးဘဲ လမ်းခရီးနဲ့ မသက်ဆိုင်တဲ့ တခြားအခကြေးငွေတွေ ကောက်ခံတာမျိုး။ ဒါ့အပြင် GrabPay နဲ့ စီးတဲ့ ခရီးစဉ်တွေအတွက် ငွေသား လုံးဝ မကောက်ခံရပါဘူး။

  • သင် လုံးဝ ရှောင်ကြဉ်ရမယ့် အရာတွေ

    တခြားတစ်ယောက်ယောက်ကို သင့်ကိုယ်စား မောင်းနှင်ခွင့်ပြုတာမျိုး

    သင့်အကောင့်နဲ့ မှတ်ပုံတင်ထားတဲ့ ယာဉ်ကိုသာ အသုံးပြုရမှာ ဖြစ်ပါတယ်။

  • သင် လုံးဝ ရှောင်ကြဉ်ရမယ့် အရာတွေ

    ယာဉ်တစ်စီးကို ယာဉ်မောင်းတစ်ယောက်ထက် ပိုပြီး မောင်းနှင်နေတာမျိုး

    ဒါက စိုးရိမ်ပူပန်မှုနဲ့ ရှုပ်ထွေးမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

  • သင် လုံးဝ ရှောင်ကြဉ်ရမယ့် အရာတွေ

    မရိုးဖြောင့်တဲ့နည်းနဲ့ အလုပ်တွေ ရယူဖို့ ပူးပေါင်းကြံစည်တာ

    မရိုးဖြောင့်တဲ့ နည်းလမ်းတွေ သုံးပြီး အလုပ်ရဖို့၊ လုပ်ငန်းလည်ပတ်မှုကို ချွတ်ချော်စေဖို့ ရည်ရွယ်တဲ့ လှုပ်ရှားလုပ်ဆောင်မှုတွေ၊ Grab ရဲ့ အကျိုးစိးပွားကို ထိခိုက်စေလိုတဲ့ဆန္ဒနဲ့ လုပ်ဆောင်တဲ့ ဘယ်လှုပ်ရှားလုပ်ဆောင်မှုမှာမဆို ပါဝင်တာကို ဆိုလိုပါတယ်။

  • သင် လုံးဝ ရှောင်ကြဉ်ရမယ့် အရာတွေ

    ပုံမှန် အလုပ်ခွဲဝေမှုစနစ်ကို ချွတ်ချော်စေတဲ့ တရားမ၀င်ဆော့ဖ်ဝဲတွေ ထည့်သွင်းထားတာ

    Grab App ရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေကို ပြောင်းလဲအောင် လုပ်တာဟာ စည်းမျဉ်းစည်းကမ်းလိုက်နာပြီး ရိုးရိုးသားသား ၀င်ငွေရှာဖွေနေတဲ့ တခြားယာဉ်မောင်းတွေအပေါ်မှာ မတရားသဖြင့် အခွင့်အရေးယူနေတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ သင့် အကောင့်နဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ပြဿနာတစ်စုံတစ်ရာ မရှိစေဖို့ သင် အသုံးပြုတဲ့ စက်ပစ္စည်းတွေကို သူ့ မူရင်းထုတ်လုပ်သူ ဆက်တင်အတိုင်း ထားရှိဖို့၊ ဒါမှမဟုတ် root ဖောက်ထားတာ၊ jail break လုပ်ထားတာတွေ မရှိဖို့ သတိထားသင့်ပါတယ်။

Final Note

ယာဉ်မောင်းအသိုင်းအ၀ိုင်းအတွက် လမ်းညွှန်ချက်တွေကို ဆန့်ကျင်လုပ်ဆောင်တဲ့ ဘယ်လုပ်ရပ်အတွက်မဆို ကျွန်တော်တို့အနေနဲ့ လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေကို ပြုလုပ်မှာ ဖြစ်ပါတယ် _နာမည်ပျက်စာရင်းသွင်းလိုက်တာ၊ အပိုဆုကြေးကို ထိန်းသိမ်းထားလိုက်တာ၊ ကျွန်တော်တို့ရဲ့ Grab ပလက်ဖောင်းပေါ်က ယာဉ်မောင်းအဖြစ်ကနေ ခေတ္တရပ်ဆိုင်းလိုက်တာ ဒါမှမဟုတ် အပြီးတိုင် ရပ်စဲလိုက်တာတွေ အပါအ၀င်ပေါ့။

ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှုဟာ စိတ်ချအားထားရနိုင်ပြီး၊ အသုံးပြုတဲ့ စနစ်တွေဟာ အကျိုးများတယ်၊ အသုံးဝင်တယ်ဆိုတဲ့အချက်ကို ထိန်းသိမ်းထားနိုင်ဖို့ဟာ မိတ်ဆွေတို့အပေါ်မှာ မူတည်တာမို့ ကျွန်တော်တို့ ယုံကြည်စိတ်ချထားတဲ့အတိုင်း မိတ်ဆွေ ယာဉ်မောင်းတွေအနေနဲ့လည်း မိမိတို့ရဲ့ လုပ်ငန်းလက်ခံမှုနှုန်းကို မြင့်မားပြီး လုပ်ငန်းပယ်ဖျက်နှုန်းကို နည်းနိုင်သမျှ နည်းတဲ့ အနေအထားမှာ ထိန်းထားဖို့ တိုက်တွန်းလိုပါတယ်။ နှစ်ဖက်စလုံးက အဆင်ပြေပြေ သွားနိုင်မှလည်း မိတ်ဆွေတို့ရဲ့ ၀င်ငွေဟာ တိုးပွားလာမှာ ဖြစ်ပါတယ်။ သင် ခေတ္တခဏ အနားယူတဲ့အချိန်မှာ Grab driver app ကို ပိတ်ထားဖို့တော့ သတိရပါ။

၁။ အားလုံးအတွက် အလေးထားတည်ဆောက်သင့်တဲ့ ပတ်ဝန်းကျင်တစ်ခု

ကျွန်တော်တို့ရဲ့ ယာဉ်မောင်းတွေဟာ လမ်းပေါ်မှာ နာရီပေါင်းများစွာ ကားမောင်းပြီး ကြိုးစား အလုပ်လုပ်နေကြတာဖြစ်ပါတယ်။ သင့်အတွက်ရော သင့်ယာဉ်မောင်းအတွက်ပါ ကောင်းမွန်တဲ့ ခရီးစဉ်အတွေ့အကြုံကို ဖန်တီးနိုင်ဖို့ သင့်အနေနဲ့ ကူညီပံ့ပိုးပေးမယ်ဆိုရင် ကျွန်တော်တို့ အထူးကျေးဇူးတင်ရမှာပါ။

ခရီးစဉ် မစခင်

  • ခရီးစဉ် မစခင်

    မှန်ကန်တဲ့ ၀န်ဆောင်မှုကို ရွေးချယ်ထားတာ သေချာပါစေ

    တကယ်လို့ သင်နဲ့အတူ စီးနင်းသူ ခရီးသည်က ( ကလေးတွေ အပါအ၀င်) ၄ ယောက်ထက် ပိုနေမယ်ဆိုရင် ထိုင်ခုံ ခြောက်ယောက်စာပါ ၀န်ဆောင်မှုကို ရွေးချယ်ပေးပါ။ တကယ်လို့ သင့် နယ်မြေမှာ ထိုင်ခုံ ၆ ယောက်စာ ပါတဲ့ ၀န်ဆောင်မှု မရှိသေးဘူးဆိုရင်တော့ ယာဉ် ၂ စီး ငှားပေးပါ။

  • ခရီးစဉ် မစခင်

    သင် အဆင်သင့်ဖြစ်ပြီဆိုမှ ယာဉ်ငှားရမ်းပါ

    သင့်ကို ကြိုရမယ့်နေရာကို အချိန်မီ အရောက်သွားပါ။ ဆီလျော်မှုမရှိတဲ့ စောင့်ဆိုင်းချိန်တွေက တခြားသူတွေရဲ့ ယာဉ်ငှားရမ်းမှုတွေကို ဟန့်တားထားတဲ့အတွက် ယာဉ်မောင်းရဲ့ ၀င်ငွေကို ထိခိုက်စေပါတယ်။

  • ခရီးစဉ် မစခင်

    သင့် ယာဉ်မောင်းကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံပေးပါ

    နှုတ်အားဖြင့် ဖြစ်စေ ဒါမှမဟုတ် GrabChat ကတစ်ဆင့် ပြောတဲ့ မက်ဆေ့ခ်ျတွေအားဖြင့် ဖြစ်စေပေါ့။

ခရီးစဉ်အတွင်း

  • ခရီးစဉ်အတွင်း

    စကားကို ပေါ့ပေါ့ပါးပါးပဲ ပြောဆိုပါ

    သင်ဟာ အခြား GrabShare ခရီးသည်တွေနဲ့အတူ စီးနင်းတာဆိုရင် တခြားသူတွေဟာ ကိုယ်နဲ့အတူ စကားစမြည်ပြောဆိုတာမျိုး လုပ်ချင်မှ လုပ်ချင်မှာပါ။ ဒါကြောင့် မတူညီမှုတွေကို လေးစားပြီး မလိုအပ်တဲ့ မှတ်ချက်ပြုခြင်းတွေကို စောင့်ထိန်းပေးပါ။

  • ခရီးစဉ်အတွင်း

    လိင်မှုပိုင်းဆိုင်ရာ ပြောဆိုပြုမူခြင်းကို တင်းကျပ်စွာ တားမြစ်ပါတယ်

    တိုက်ရိုက်ပဲဖြစ်ဖြစ်၊ သွယ်ဝိုက်ပဲ ဖြစ်ဖြစ်၊ လိင်မှုပိုင်းဆိုင်ရာ မှတ်ချက်ပြုတာတွေ၊ ဒါမှမဟုတ် မက်ဆေ့ခ်ျပို့တာတွေ အပါအ၀င် လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ အပြုအမူတွေ၊ မလိုလားအပ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုတွေ၊ ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေနဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကို တင်းတင်းကျပ်ကျပ် တားမြစ်ပါတယ်။ ဒါတွေဟာ ဥပဒေအရ ပြစ်မှုမြောက်တဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပြီး တရားစွဲဆိုခံရနိုင်ပါတယ်။ ဒီလို အပြုအမူမျိုးကို Grab က လက်သင့်ခံပေးမှာ မဟုတ်သလို ရဲဌာနရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာလည်း ပူးပေါင်းကူညီပေးမှာ ဖြစ်ပါတယ်။

ခရီးစဉ်အပြီး

  • ခရီးစဉ်အပြီး

    ကားတံခါးကို အသံမြည်အောင် မပိတ်ပါနဲ့

    ကျေးဇူးပြုပြီး ကားတံခါးကို ညင်ညင်သာသာ ပိတ်ပါ။

  • ခရီးစဉ်အပြီး

    သင့်ပစ္စည်းတွေကို စစ်ဆေးပါ

    ကားထဲ ဘာပစ္စည်းမှ မကျန်ရစ်တာ သေချာပါစေ ( ဥပမာ – သင့်ရဲ့ ကိုယ်ပိုင် ပစ္စည်း ဒါမှမဟုတ် အမှိုက် )

  • ခရီးစဉ်အပြီး

    ယာဉ်မောင်းကို မဆက်သွယ်ပါနဲ့

    ခရီးစဉ်ပြီးစီးပြီး နောက်ပိုင်းမှာ ယာဉ်မောင်းနဲ့ မည်သည့် ဆက်သွယ်မှုမျိုးကိုမဆို မပြုလုပ်ဖို့ တားမြစ်ပါရစေ။

၂။ ဥပဒေကို လိုက်နာပါ

လူတိုင်း ဘေးကင်းလုံခြုံပြီး အကာအကွယ်ရှိဖို့ စည်းမျဉ်းစည်းကမ်းနဲ့ လိုက်နာရမယ့် ထုံးတမ်းတွေကို စနစ်တကျ ချမှတ်ထားပါတယ်။

  • ယာဉ်စည်းမျဉ်းစည်းကမ်းများနဲ့ ဒေသတွင်း စည်းမျဉ်းများ

    ယာဉ်မောင်းကို ယာဉ်စည်းကမ်းဖောက်ဖျက်ဖို့ ပြောဆိုတိုက်တွန်းတာ၊ ဥပမာ – အမြန်မောင်းနှင်ပေးဖို့၊ ယာဉ်ကြောကို ဆန့်ကျင်ပြီး မောင်းနှင်ဖို့ ဒါမှမဟုတ် ကားမရပ်ရ နေရာတွေမှာ ရပ်ခိုင်းတာမျိုး။

၃။ Grab နဲ့ စီးနင်းသူ အယောက်စီတိုင်းအတွက် ဘေးကင်းလုံခြုံမှု

Grab နဲ့ ဘေးကင်းလုံခြုံမှုရှိစွာ စီးနင်းပါ။

  • ဘေးကင်းလုံခြုံမှုသည် ပထမ

    လူတိုင်းဟာ လေးဘီးယာဉ်ပေါ်မှာဆိုရင် ခါးပတ်ပတ်ပြီး၊ မော်တော်ဆိုင်ကယ်ပေါ်မှာဆိုရင် ဆိုင်ကယ်ဦးထုပ် ဆောင်းရပါမယ်။ ဒါက ကလေးတွေအတွက်ပါ အကျုံးဝင်ပါတယ်။

  • ယာဉ်မောင်း ID ကို ပထမဆုံး စိစစ်ပါ

    သင် ငှားထားတဲ့ ယာဉ်မောင်းရဲ့အချက်အလက်အသေးစိတ်နဲ့ ကိုက်ညီမှသာ ကားထဲ ၀င်ပါ။

  • မည်သည့် လက်နက်ကိရိယာကိုမှ ကားထဲသို့ မယူဆောင်လာပါနဲ့

    တစ်စုံတစ်ယောက်ကို နာကျင်စေနိုင်တဲ့ ဘယ်လိုပစ္စည်းကိရိယာကိုမဆို ဆိုလိုပါတယ်။ အရေးပေါ် ကိစ္စတိုင်းအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ချက်ချင်း အဆက်အသွယ်ပြုလုပ်ပါ။

  • အက်ပလီကေးရှင်း မသုံးဘဲ ယာဉ်မောင်းတွေနဲ့ ခရီးစဉ် မစီးနင်းပါနဲ့

    အဲဒီခရီးစဉ်တွေအတွက် ကျွန်တော်တို့ရဲ့ အာမခံဟာ အကျုံးမ၀င်သလို မတော်တဆမှုတစ်စုံတစ်ရာ သို့မဟုတ် အရေးပေါ် ကိစ္စရပ်တစ်ခုခု ကြုံတွေ့တဲ့အခါ ကျွန်တော်တို့ အကူအညီပေးနိုင်မှာ မဟုတ်ပါဘူး။

၎။ လုပ်ငန်းတွင်း ဆက်ဆံရေးတိုင်းမှာ ထားရှိရမယ့် ကျင့်ဝတ်နဲ့ မှန်ကန်ညီမျှမှု

Grab ရဲ့ လုပ်ငန်းတွင်း ဆက်ဆံရေးတိုင်းမှာ ရိုးသားမှုနဲ့ ဂုဏ်သိက္ခာကို စောင့်ထိန်းခြင်းက ကျွန်တော်တို့ ဂုဏ်ယူရတဲ့အချက်ပဲဖြစ်ပါတယ်။

Grab ရဲ့ လုပ်ငန်းတွင်း ဆက်ဆံရေးတိုင်းမှာ ရိုးသားမှုနဲ့ ဂုဏ်သိက္ခာကို စောင့်ထိန်းခြင်းက ကျွန်တော်တို့ ဂုဏ်ယူရတဲ့အချက်ပဲဖြစ်ပါတယ်။

  • အကောင့် နှစ်ခု ဖန်တီးတာ

    ခရီးသည်တစ်ယောက်အတွက် အကောင့်တစ်ခုကိုသာ ခွင့်ပြုထားပါတယ်။

  • ပရိုမိုးရှင်းတွေကို အလွဲသုံးစားပြုတာ

    သင် စီးနင်းခဲ့တဲ့ ခရီးစဉ်တွေအတွက် ယာဉ်စီးခ အပြည့် မပေးချေရဖို့ အကောင့်တွေ အများကြီး ဖန်တီးထားတာ၊ ပရိုမိုတွေကို ကစားတာ ပါဝင်ပါတယ်။

  • မကြာခဏ ခရီးစဉ်ငှားရမ်းမှုပယ်ဖျက်တာ

    ယာဉ် ရောက်ရှိလာသည့်တိုင်အောင် ကြိမ်ဖန်များစွာ ဒါမှမဟုတ် မကြာခဏ ယာဉ်ရှေ့ ပေါ်မလာတာမျိုးကို ဆိုလိုပါတယ်။ ဒါက ကျွန်တော်တို့ မိတ်ဖက် ယာဉ်မောင်းတွေရဲ့ အသက်မွေးမှုကို ထိခိုက်စေပါတယ်။