Business Profile

လုပ်ငန်းသုံးငွေကြေးတောင်းခံခြင်းကို လွယ်ကူစွာ ပြုလုပ်လိုက်ပါ

ကိုယ်ရေးကိုယ်တာသုံး ခရီးစဉ်များနှင့် လုပ်ငန်းသုံးခရီးစဉ်များကို Grab App ပေါ်တွင်ပင် သီးခြားစီ ခွဲထုတ်နိုင်သော လုပ်ငန်းသုံးပရိုဖိုင်ကို စတင်မိတ်ဆက်ပေးလိုက်ပါပြီ။

အဆင့်အနည်းငယ်နှိပ်ရုံမျှဖြင့် သင်၏Grab အကောင့်နှင့်ပဲ သင် နှစ်သက်ရာ သုံးစွဲမှုပုံစံအတိုင်း သုံးစွဲနိုင်မည်ဖြစ်ပြီး လုပ်ငန်းသုံးခရီးစဉ်များအတွက် ကျသင့်ငွေဘောက်ချာများကို သင်၏ အလုပ်အီးမေးလ်သို့ တိုက်ရိုက်ပို့ပေးခြင်း နှင့် လစဉ်စီးနင်းသော ခရီးစဉ်များကို အလိုအလျောက်ထုတ်ပေးခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

လုပ်ငန်သုံး ပရိုဖိုင်ကို အခုပဲ စမ်းသုံးကြည့်လိုက်ပါ။

Grab App ထဲရှိ ပရိုဖိုင်သို့ ဝင်ရောက်ပြီး လုပ်ငန်းသုံးပရိုဖိုင်ကို ရှာပါ။ အောက်တွင် လမ်းညွှန်ချက်များ ဆက်လက်ရယူပါ။

သင်၏ လုပ်ငန်းသုံးပရိုဖိုင်မှတစ်ဆင့် အကျိုးရှိရှိ လုပ်ဆောင်လိုက်ပါ။

အသုံးစရိတ်များကို လွယ်လွယ်ကူကူ ရယူနိုင်ခြင်း

လုပ်ငန်းသုံးပရိုဖိုင်ကို သင့် အလုပ်အီးမေးလ်နှင့် ချိတ်ဆက်ထားပါက သင့် ခရီးစဉ်ဘောက်ချာများနဲ့ လစဉ်ခရီးစရိတ်ထုတ်ပြန်ချက်များကို သင့်အလုပ်အီးမေးလ်ထဲသို့ တိုက်ရိုက်ရရှိနိုင်ပါသည်။

အသုံးစရိတ်စာရင်းအစီရင်ခံရာတွင် အချိန်ကုန်သက်သာခြင်း

Grab အကောင့်ကို Concour သို့ ChromeRiver နှင့် ချိတ်ဆက်ပြီး လုပ်ငန်းသုံးခရီးစဉ်များကို အလိုအလျောက် ပြန်လည်တောင်းခံနိုင်ပါသည်။

ပရိုဖိုင်များကို လွယ်လင့်တကူ လွှဲပြောင်းခြင်း

သင့်ကိုယ်ရေးကိုယ်တာခရီးစဉ်များနှင့် လုပ်ငန်းသုံးခရီးစဉ်များကို အဆင့်အနည်းငယ်နှိပ်ရုံမျှဖြင့် ရွေးချယ်အသုံးပြုနိုင်ပါသည်။

ဆုလက်ဆောင်များကိုလည်း ဆက်လက်ခံစားနိုင်ခြင်း

ခရီးစဉ်တိုင်းအတွက်လည်း GrabRewards ပွိုင့်များကို ဆက်လက်ခံစားနိုင်မည်ဖြစ်သည်။ အဆိုပါပွိုင့်များကို အသုံးပြုပြီး ပစ္စည်းများ လဲလှယ်
ရယူနိုင်သည်။

လုပ်ငန်းသုံး Portal များကို ဝင်ရောက်အသုံးပြုနိုင်ခြင်း

အွန်လိုင်းအသုံးပြုပြီး သင့်ရဲ့ခရီးစဉ်များရဲ့ဘောက်ချာများနဲ့ လစဉ်ခရီးစရိတ်ထုတ်ပြန်ချက်များကို ဝင်ရောက်ကြည့်ရှုခြင်းနှင့် ဒေါင်းလုတ်ရယူခြင်းများပြုလုပ်နိုင်ပါတယ်။ Portal ထဲသို့သင့်ရဲ့အလုပ်အီးမေးလ်နဲ့ ဝင်ရောက်နိုင်ပါတယ်။

သင့်လုပ်ငန်းသုံးပရိုဖိုင်ကို အဆင့်အနည်းငယ်ဖြင့် ပြုလုပ်နိုင်ပါသည်။


သင့်စိတ်ကြိုက်လုပ်ငန်းသုံးပရိုဖိုင်ကို ဖန်တီးလိုက်ပါ

သင့်ပရိုဖိုင်အမည်ကို တည်းဖြတ်ပြီး သင့်စိတ်ကြိုက်အမည်ကို ပြောင်းလဲပါ။

Grab အကောင့်ကို Concour သို့ ChromeRiver နှင့် ချိတ်ဆက်ပြီး လုပ်ငန်းသုံးခရီးစဉ်များကို အလိုအလျောက် ပြန်လည်တောင်းခံနိုင်ပါသည်။

သင့်ထုတ်ပြန်ချက်များ ရယူလိုသည့်အကြိမ်ရေ အပိုင်းအခြားအရေအတွက်ကို “လစဉ်” ဟု ပြောင်းလဲလိုက်ပါက သင့်အလုပ်အီးမေးလ်ထဲသို့ လစဉ် ရောက်ရှိလာမည်ဖြစ်သည်။