သင် စိတ်ကြိုက် သွားလာနိုင်ဖို့ Grab ကို အချိန်ပိုင်းငှားရမ်းလိုက်ပါ

အခုဆိုရင် သင်လိုအပ်တဲ့အချိန် သွားလိုရာကို အဆင်တပြေနဲ့ စိတ်တိုင်းကျ သွားလာနိုင်ဖို့ Grab သုံးဘီး တက္ကစီ နဲ့ Grab တက္ကစီကို အချိန်ပိုင်း ငှားရမ်းလို့ ရနေပါပြီ။

ပွင့်လင်းမြင်သာမှုရှိတယ်၊ ပုံသေဈေးနှုန်းကို ကြိုသိရတယ် သင့်ခရီးစဉ်ကို မစတင်ခင်မှာပဲ ကျသင့်မယ့်ဈေးနှုန်းကို ကြိုသိရတယ်။ (ယာဉ်ငှားရမ်းခထဲမှာ လောင်စာဆီနဲ့ ယာဉ်မောင်းအခကြေးငွေအပြင် လမ်းတံတားနဲ့ ယာဉ်ရပ်နားခွင့်အခွန်အခတွေအားလုံး ပါဝင်ပြီးသားဖြစ်ပါတယ်။)
ကြိုတင်ဘွတ်ကင်တင်ဖို့ မလိုပါ သင်လိုတဲ့အချိန်အတိုင်းအတာအတွက် လိုအပ်တဲ့ယာဉ်မောင်းတစ်ယောက်နဲ့ ကားတစ်စီးကို စီစဉ်ပေးမှာဖြစ်ပါတယ်။
ငှားရမ်းနိုင်တဲ့အစီအစဉ်အမျိုးမျိုး သင်သွားလိုတဲ့နေရာတွေနဲ့ ကြာချိန်ကို ရွေးချယ်ပါ။ သင့်အတွက် ခရီးစဉ်တွေကို သေချာအစီအစဉ်တကျဖြစ်အောင် ကူညီပေးမှာဖြစ်ပါတယ်။
သင့်တော်တဲ့ဈေးနှုန်း ပက်ကေ့ချ်တွေအားလုံးကို ဈေးကွက်တွင်း နှုန်းထားများအပေါ် အခြေခံ သတ်မှတ်ထားတာဖြစ်ပါတယ်။

GrabThoneBane အချိန်ပိုင်းငှားရမ်းမှုအစီအစဉ်များ

Package အမျိုးအစားများ နာရီ နှုန်းထား
(မြန်မာကျပ်ငွေဖြင့်)
မန္တလေးမြို့တွင်း ၁၀,ဝဝဝ
မန္တလေးမြို့တွင်း ၁၈,ဝဝဝ
မန္တလေးမြို့တွင်း ၂၈,ဝဝဝ
မန္တလေးမြို့တွင်း ၃၆,ဝဝဝ
ရွှေသိမ်တော် ၂၅,ဝဝဝ
မန္တလေးမြို့ပြင် ၂၅,ဝဝဝ
မန္တလေးမြို့ပြင် ၃၂,ဝဝဝ

GrabTaxi အချိန်ပိုင်းငှားရမ်းမှုအစီအစဉ်များ

Package အမျိုးအစားများ နာရီ နှုန်းထား
(မြန်မာကျပ်ငွေဖြင့်)
အင်းဝ (အသွားတစ်ကြောင်းစာ) ၁ခွဲ ၁၅,ဝဝဝ
စစ်ကိုင်း (အသွားတစ်ကြောင်းစာ) ၁ခွဲ ၁၅,ဝဝဝ
ရွှေသိမ်တော် ၃၅,ဝဝဝ
မန္တလေးမြို့တွင်း ၁၅,ဝဝဝ
မန္တလေးမြို့တွင်း ၂၅,ဝဝဝ
မန္တလေးမြို့တွင်း ၃၅,ဝဝဝ
ပြင်ဦးလွင် (အသွားတစ်ကြောင်းစာ) ၃၀,ဝဝဝ
ပြင်ဦးလွင် ခရီးစဉ် (ပိတ်ချင်းမြောင် လိုဏ်ဂူအပါ) ၈၀,ဝဝဝ
အင်းဝ ခရီးစဉ် (ဦးပိန်တံတား – ကျောက်စိမ်းဘုရား – အင်းဝ) ၇၀,ဝဝဝ
စစ်ကိုင်း-မင်းကွန်း ခရီးစဉ် (ဦးပိန်တံတား – စစ်ကိုင်း – မင်းကွန်း) ၈၀,ဝဝဝ

မကြာခဏမေးမြန်းတတ်သော အမေးအဖြေများ

၁။ အချိန်ပိုင်းအငှားဆိုတာ ဘာလဲ။

အချိန်ပိုင်းအငှားဆိုတာ Grab က ပေးတဲ့ ယာဉ်ဝန်ဆောင်မှုအသစ်တစ်ခုဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုက သင့်ကို မြို့တွင်း ဒါမှမဟုတ် မြို့ပြင်ခရီးတွေကို လည်ပတ်သွားလာဖို့ ယာဉ်ရော ယာဉ်မောင်းကိုပါ အချိန်အပိုင်းအခြားနဲ့ စီစဉ်ငှားရမ်းပေးတာဖြစ်ပါတယ်။ ယာဉ်မောင်းဟာ သင်ငှားရမ်းထားတဲ့အချိန်ကာလအတွင်း သွားလိုရာခရီးစဉ်တစ်လျှောက် လိုက်လံပို့ဆောင်ပေးပြီး သင့်အစီအစဉ်အတိုင်း ရပ်နားသွားလာလည်ပတ်နိုင်မှာဖြစ်ပါတယ်။

၂။ အချိန်ပိုင်းအငှားမှာ ဘာတွေ ပါသလဲ။

အချိန်ပိုင်းငှားရမ်းမှုထဲမှာ ယာဉ်၊ ယာဉ်မောင်း၊ လောင်စာဆီ၊ ယာဉ်မောင်းရဲ့ စားသောက်နေထိုင်စရိတ်အပြင် လမ်းတံတားဖြတ်သန်းခွင့်နဲ့ ယာဉ်ရပ်နားခွင့် အခကြေးငွေတွေ ပါဝင်ပြီးသားဖြစ်ပါတယ်။

၃။ ဘယ်လိုငှားရမ်းရတာပါလဲ။

အချိန်ပိုင်းငှားရမ်းမှုတွေကို Grab အက်ပ်ပလီကေးရှင်းထဲက Rent ထဲမှာ ကိုယ်ငှားချင်တဲ့ နာရီ Package ကို ‌ရွေးပြီး ငှားရမ်းပါ။

၄။ ကျွန်တော် မူလငှားထားတဲ့အချိန်ပိုင်းကို ဘယ်လောက်အချိန်ထိ ထပ်တိုးလို့ ရပါသလဲ။

မူလငှားရမ်းထားတဲ့အချိန်ပိုင်းထက် ၃ နာရီကြာ ဆက်ငှားလို့ ရပါတယ်။ ဒါပေမယ့် ထပ်တိုးငှားရမ်းတဲ့အချိန်ပိုင်းနဲ့ပတ်သက်ပြီး ယာဉ်မောင်းရဲ့ အဆင်ပြေမှုပေါ်လည်း မူတည်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အချိန်ထပ်တိုးငှားရမ်းဖို့ အလားအလာရှိတယ်ဆိုရင် လုံလောက်တဲ့အချိန်ပမာဏကို မှန်းပြီး မူလကတည်းက ကြိုတင်ဘွတ်ကင်ယူ ထားဖို့ တိုက်တွန်းလိုပါတယ်။ ဒါမှလည်း သင့်ငှားရမ်းမှုအတွက် အဆင်အပြေဆုံးယာဉ်မောင်းကို စီစဉ်ပေးနိုင်မှာဖြစ်သလို ကုန်ကျစရိတ်အရလည်း နောက်မှ အချိန်ပို ငှားရမ်းတဲ့အတွက် ကျသင့်မယ့်နှုန်းထားထက် ပိုမိုသင့်တင့်စေမှာဖြစ်ပါတယ်။

၅။ ယာဉ်အချိန်ပိုင်းငှားရမ်းမယ်ဆိုရင် ဘယ်လောက်ကြိုတင်ပြီး ငှားရမ်းဖို့ လိုပါသလဲ။

လတ်တလောမှာတော့ ဒီနေ့ ငှားလိုတဲ့အချိန်ပိုင်းအတွက် ဒီနေ့ ဘွတ်ကင်တင်ရမှာပါ။ သိပ်မကြာခင်မှာတော့ ကြိုတင်ဘွတ်ကင်တင်ငှားရမ်းမှုတွေကို လက်ခံသွားမှာဖြစ်ပါတယ်။

၆။ အချိန်ပိုင်းအငှားယာဉ်တစ်စီးမှာ ခရီးသည်ဘယ်နှယောက် စီးနိုင်ပါသလဲ။

ခရီးစဉ်အတွင်း ဘေးကင်းလုံခြုံမှုရှိစေဖို့အတွက် GrabTaxi ယာဉ်တစ်စီးမှာ ခရီးသည် ၄ ယောက်သာ စီးဖို့ ကန့်သတ်ထားပါတယ်။ GrabThoneBane သုံးဘီးယာဉ်တစ်စီးမှာ ခရီးသည် ၃ ယောက်သာ စီးဖို့ ကန့်သတ်ထားပါတယ်။ ခရီးသည်မှာ သတ်မှတ်ဦးရေထက် ပိုပါလာမယ်ဆိုရင်တော့ အချိန်ပိုင်းအငှားယာဉ်နောက်တစ်စီးကို ထပ်မံငှားရမ်းဖို့ လိုအပ်ပါမယ်။

၇။ ။ ငှားရမ်းမှုအမျိုးအစားပက်ကေ့ချ်တစ်ခုမှာ ဘာတွေ ပါဝင်ပါသလဲ။ (ဥပမာ- ယာဉ်မောင်း၊ လောင်စာဆီ စသဖြင့်)

ယာဉ်မောင်းနဲ့ လောင်စာဆီအတွက် အခကြေးငွေဟာ ဒီပက်ကေ့ချ်မှာ ပါဝင်ပြီးဖြစ်ပါတယ်။ ထပ်မံပေးအပ်ဖို့ မလိုအပ်ပါဘူး။