Menu

New GrabShuttle – လွယ်ကူသက်သာ နေ့စဉ်သွားလာမှု

အလုပ်သွားဖို့လား။ တန်းစီနေရတဲ့၊ အလျင်စလို ပြင်ဆင်နေရတဲ့ ဒါမှမဟုတ် ဘတ်စ်ကျပ်ကျပ်ပေါ်မှာ တောက်လျှောက်မတ်တပ်ရပ်စီးနင်းနေရတဲ့ ဒုက္ခမျိုးတွေ ရှေ့လျှောက်ရှိတော့မှာ မဟုတ်ပါဘူး။ နေ့ရက်တိုင်း အလွယ်တကူ၊ စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ အလုပ်အသွားအပြန် လုပ်နိုင်ဖို့ GrabShuttle ရှိနေပါပြီ။ GrabShuttle ရဲ့သတ်မှတ်ထားတဲ့လမ်းကြောင်းစာရင်းထဲမှာ သင့်ထိုင်ခုံနေရာကို ကြိုတင်ဘွတ်ကင်တင်နိုင်တဲ့ ဝန်ဆောင်မှုအသစ်ဖြစ်ပါတယ်။ သင့်လုပ်ငန်းခွင်ဆီ သက်သောင့်သက်သာနဲ့ အချိန်မီရောက်ရှိနိုင်ပါပြီ။

 


 

သက်သောင့်သက်သာဖြစ်တယ်ဆိုတာထက်ပိုတဲ့ ခရီးစဉ်အတွက်
GrabShuttle မှာ ထိုင်ခုံဘွတ်ကင်တင်လိုက်ပါ

 

အခမဲ့ဝိုင်ဖိုင်
လမ်းသွားရင်းလည်း အင်တာနက်နဲ့ အဆက်အသွယ်မပြတ်ရှိမယ်။

ထိုင်ခုံအသင့်
ဘွတ်ကင်တင်လိုက်တာနဲ့ သင့်အတွက် ထိုင်ခုံနေရာသတ်မှတ်ပေးထားပြီးသား။

သက်သောင့်သက်သာ
အဲယားကွန်းလည်း တစ်လျှောက်လုံးဖွင့်ထားတယ်။

သင့်တင့်တဲ့ဈေးနှုန်း
တက္ကစီတွေထက် အများကြီး ဈေးသက်သာတယ်။

Express ဝန်ဆောင်မှု
သင်သွားလိုတဲ့နေရာကို မှတ်တိုင်နည်းနည်းနဲ့ ပိုမြန်မြန် ရောက်နိုင်တယ်။

GrabShuttle ကို ဘယ်လောက်တစ်ကြိမ် ဆွဲပေးမှာလဲ။
တစ်နေ့မှာ နှစ်ကြိမ်ဖြစ်ပါတယ်။ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာပါ။

ဘယ်လောက် ကျသင့်မလဲ။
ခရီးစဉ်တစ်ကြောင်းအတွက် ၂,၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

ဘယ်လိုပေးချေရမှာလဲ။
CB ဘဏ်အကောင့် 0086100500002372 ထဲသို့ အနည်းဆုံး ၄ရက် ကြိုတင်၍ပေးချေရမှာပါ။

လမ်းကြောင်းတွေကို ဘယ်လိုသတ်မှတ်ထားတာလဲ။
မြို့နယ်အလိုက် သင်တို့စိတ်ကြိုက် ကြိုရမယ့်နေရာတွေကို ပြပေးပြီး စာရင်းသွင်းပေးပါ။ အဲဒီအပေါ် ကျွန်တော်တို့ လမ်းကြောင်းဆွဲပေးမှာဖြစ်ပါတယ်။

GrabShuttle ပြေးဆွဲသော ယာဉ်လမ်းကြောင်းများ


GrabShuttle ဝန်ဆောင်မှုအတွက် အခုပဲ စာရင်းသွင်းလိုက်ပါ
သင့်ထိုင်ခုံနေရာအတွက် ဘွတ်ကင်တင်ရန် သို့မဟုတ် အသေးစိတ်အချက်အလက်များ စုံစမ်းရန် 09 4299 56250 ကို ခေါ်ဆိုပါ

 


 

အမေးများသော မေးခွန်းများ

၁။ Grab Shuttle ဆိုတာဘာလဲ။
GrabShuttle ဆိုတာ နေ့စဉ်ခရီးလမ်းတူညီတဲ့ ခရီးသည်တွေအတွက် Grab မှ အမြဲကြိုးစားပေးအပ်နေတဲ့ လုံခြုံမှုရှိတဲ့၊ သက်သောင့်သက်သာရှိတဲ့ ခရီးစဉ်ကို အတူတကွသွားလာနိုင်ဖို့ စီစဉ်ပေးထားတဲ့ Grab ၀န်ဆောင်မှုအသစ် ဖြစ်ပါတယ်။

၂။ GrabShuttle အတွက် ဘယ်လိုပေးချေရမှာလဲ။
အပတ်စဉ် (သို့မဟုတ်) လစဉ် သင်အဆင်ပြေသလို ပေးချေနိုင်ပါတယ်။

၃။ Shuttle ကို မမှီလိုက်ရင် ငွေပြန်အမ်းမှာလား။
လမ်းကြောင်းနဲ့ ဆွဲပေးထားတဲ့ အချိန်ကို ကျော်လွန်ပြီးရောက်လာတဲ့ ခရီးသည်အတွက် ငွေပြန်အမ်းမှာ မဟုတ်ပါဘူး။ ကားဂိတ်တစ်ခုစီမှာ အကြိုအပို့လုပ်ဖို့ ၃ မိနစ်စောင့်ပါတယ်။ ကားဂိတ်တိုင်းကို အချိန်မီရောက်ဖို့နဲ့ ကားပေါ်လိုက်ပါလာတဲ့ ခရီးသည်တွေ၊ ကားဂိတ်တိုင်းမှာ စောင့်နေတဲ့ ခရီးသည်တွေအတွက်ပါ မျှတအောင် ဖြစ်ပါတယ်။

၎။ GrabShuttle ကို အဖွဲ့လိုက်ခရီးစဉ်အတိုအတွက် ဘွတ်ကင်တင်လို့ရပါသလား။
ရပါတယ်။ ကုမ္ဗဏီပွဲတွေလိုမျိုး ခရီးစဉ်အတိုတွေအတွက် အဖွဲ့လိုက် ဘွတ်ကင်တင်လို့ရပါတယ်။ ငှားရမ်းခဈေးနှုန်းကတော့ ကားလမ်းကြောင်း၊ အကွာအဝေးနဲ့ အချိန်ပေါ် မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်။

၅။ GrabShuttle ကို အသွားအပြန်အဟုတ်ဘဲ တစ်ကြောင်းတည်း စီးနင်းလို့ရပါသလား။
ရပါတယ်။ လိုအပ်ချက်နဲ့ ယာဉ်ကားလမ်းကြောင်းအရပေါ်မူတည်ပြီး တစ်ကြောင်းတည်းခရီးစဉ်တွေလည်း ၀န်ဆောင်မှုပေးပါတယ်။ ဈေးနှုန်းတော့ အပြောင်းအလဲရှိနိုင်ပါတယ်။

၆။ GrabShuttle ကို ဘယ်လိုစီးနင်းရပါသလဲ။
အခုလက်ရှိမှာတော့ Google Sign Up ဖောင်ဖြည့်တာက အလွယ်ကူဆုံးနည်းလမ်းပါပဲ။ အသေးစိတ်အချက်အလက်များအတွက် 09 42995 6250 ကို ဆက်သွယ်နိုင်ပါတယ်။

၇။ စာရင်းသွင်းပြီးရင် GrabShuttle စီးလို့ရပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။
စာရင်းသွင်းပြီး ၁ ပတ်အတွင်း GrabShuttle အဖွဲ့သားတွေက အသေးစိတ်အချက်အလက်တွေ အတည်ပြုရင်း ယာဉ်လမ်းကြောင်းကိုပြောပြဖို့ ဆက်သွယ်ပါလိမ့်မယ်။ ဘွတ်ကင်အတည်ပြု၊ ငွေပေးချေပြီးတာနဲ့ နောက်တစ်ပတ်မှာ စပြီး စီးနင်းနိုင်ပါတယ်။