
promo code အား Redeem ပြုလုပ်ပုံအဆင့်ဆင့်
၁။ promo code အား သင့်ရဲ့ Viber message မှ ရယူပါ။
၂။ Grab App အား Download ဆွဲပါ။
၃။ Grab home screen ပေါ်မှ Food အား ရွေးချယ်ပါ။
၄။ စားသောက်ဆိုင်များထဲမှ ကြိုက်နှစ်သက်ရာ အစားအစာ ရွေးချယ်ကာ Add to Basket နှိပ်လိုက်ပါ
၅။ View Basket ကို နှိပ်ကာ သင်ရွေးချယ်ထားသော အစားအစာများအား ပြန်လည်စစ်ဆေးနိုင်ပါသည်။
၆။ Add an offer နှိပ်ကာ သင်ရရှိထားသော Promo code ရိုက်ထည့်ပါ
၇။ Place an order နှိပ်ကာ အော်ဒါ တင်နိုင်ပါပြီ
စည်းကမ်းသတ်မှတ်ချက်များ
၁။ ပရိုမိုကုဒ်များအား တစ်ကြိမ်သာ အသုံးပြုခွင့်ရှိသည်။
၂။ ပရိုမိုကုဒ်တွင် သတ်မှတ်ထားသော လျှော့ဈေးထက် ပိုသော အော်ဒါကျသင့်ငွေအား သုံးစွဲသူဘက်မှ ကျခံရမည်ဖြစ်ပါသည်။
၃။ ရန်ကုန်နှင့် မန္တလေးနှစ်မြို့လုံးရှိ သတ်မှတ်ထားသော ဆိုင်များတွင်သာ အသုံးပြုနိုင်ပြီး GrabFood မှ မှာယူသော အော်ဒါများအတွက်သာ သုံးစွဲနိုင်သည်။
၄။ ပရိုမိုကုဒ်များ၏ သတ်မှတ်သတ်တမ်းကာလမှာ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်ကနေ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်၊ ည ၁၁ နာရီ ၅၉ မိနစ် (မြန်မာစံတော်ချိန်)အထိ ဖြစ်ပါတယ်။
၅။ မြန်မာနိုင်ငံတွင်း Grab သုံးစွဲသူ မည်သူမဆို ပါဝင်နိုင်ပါတယ်။
၆။ ဒီပရိုမိုရှင်းမှာ ပါဝင်လိုက်တာဟာ အခု ဖော်ပြထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ဖတ်ရှုနားလည်ပြီး သဘောတူလက်ခံတယ်ဆိုတဲ့ သဘောသက်ရောက်ပါတယ်။ သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို Grab ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ဆိုင်ရာ ပေါ်လစီနဲ့အညီ အသုံးပြုဖို့ လက်ခံခွင့်ပြုတယ်လို့ ယူဆပါတယ်။ ဒါ့အပြင် အောက်မှာ ဖော်ပြထားတဲ့ တရားဝင် စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ပြိုင်ပွဲစီစဉ်သူရဲ့ ဆုံးဖြတ်ချက်အပေါ် လက်ခံသဘောတူတယ်လို့ သဘောသက်ရောက်ပါတယ်။ စီစဉ်သူရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်သာ အတည်ဖြစ်ကြောင်း လက်ခံပြီးသား ဖြစ်ပါတယ်။
၇။ ပရိုမိုကုဒ်များ ကို လွှဲပြောင်းပေးခြင်း၊ ငွေသားနဲ့ ပြန်လဲလှယ်ခြင်း သို့မဟုတ် တခြားပစ္စည်းနဲ့ ပြန်လဲလှယ်ခြင်းတို့ မပြုလုပ်ရပါ။ Grab ဘက်က သတ်မှတ်ပေးတဲ့အချိန်ကာလအတွင်း အသုံးပြုခြင်း မရှိပါက rewards များ ထပ်မံ ရရှိမှာ မဟုတ်ဘဲ အဆုံးရှုံးခံရမှာ ဖြစ်ပါတယ်။
၈။ ပရိုမိုကုဒ်က လွဲပြီး အခြားအပိုကုန်ကျစရိတ်တွေကို Grab က တာဝန်ယူမှာ မဟုတ်ပါဘူး။
၉။ ပြိုင်ပွဲ သို့မဟုတ် စည်းကမ်းသတ်မှတ်ချက်တွေကို Grab ဘက်က ကြိုတင်အကြောင်းကြားမှုမပြုဘဲ ရပ်တန့်ခြင်း သို့မဟုတ် ပြုပြင်ခြင်း စတာတွေကို အချိန်မရွေး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
၁၀။ ပရိုမိုကုဒ်ကို သုံးစွဲရမှာ အကျိုးဆက်အနေနဲ့ သင် ခံစားတွေ့ကြုံရတဲ့ ထိခိုက်မှု ၊ ဆုံးရှုံးမှုနဲ့ စိတ်ဓာတ်ကျမှု စတဲ့ အမှုအရာတွေအပေါ် Grab က တာဝန်မရှိကြောင်း သဘောတူရမှာပါ။