Grab Benefits Program အားမိတ်ဆက်ခြင်း

Grab Benefits Program ဆိုတာ Grab ယာဉ်မောင်းများမှလွဲလို့  အခြား ဘယ်နေရာမှာမှ မရရှိနိုင်တဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ဒီအစီအစဉ်က Grab ရဲ့ မိတ်ဆွေတွေရဲ့ နေ့စဉ်ဖြတ်သန်းမှုတွေမှာ မရှိမဖြစ် ပါဝင်တဲ့ သွားလာစားသောက်မှုတွေ၊ ယာဉ်ကို ပြင်ဆင်ထိန်းသိမ်းမှုတွေက အစ၊ ကျန်းမာရေး မကောင်းလို့ ဆေးရုံ၊ ဆေးခန်းသွားရရင်တဲ့အဆုံး၊ တစ်ဖက်တစ်လှမ်းမှ Grab အနေနဲ့ အထောက်အကူဖြစ်စေနိုင်ဖို့ ပြုလုပ်ပေးထားတဲ့ အစီအစဉ်ကောင်းတစ်ခုပါ။

ဒီအစီအစဉ်မှာ Grab နဲ့ ချိတ်ဆက်ထားတဲ့ Brand Partnership တွေကနေ ပစ္စည်းဝယ်ယူသည်ဖြစ်စေ၊ ဝန်ဆောင်မှုတွေ ရယူသည်ဖြစ်စေ၊ မိတ်ဆွေတို့အတွက် သီးသန့်လျှော့ဈေးနဲ့ အထူးဈေးနှုန်းတွေကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။

Driver Benefits ကို ဘယ်လိုအသုံးပြုရမလဲ?

မိတ်ဆွေတို့ Driver App ထဲက Menu ထဲမှာ “GrabBenefits” ဆိုတဲ့ Tab ထဲကို ဝင်ရောက်ပါ။

ဒီအထဲမှာ မိတ်ဆွေတို့အတွက် အထူးဈေးနှုန်းတွေနဲ့ ဝယ်ယူနိုင်မယ့် Partnership Brand တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ တကယ်လို့ မိတ်ဆွေအနေနဲ့ Brand တစ်ခုကို ရွေးချယ်ရင် အထဲမှာ အဲဒီ Brand နဲ့ သက်ဆိုင်တဲ့ လျှော့ဈေးတွေ၊ အချက်အလက်တွေကို တွေ့ရမှာပါ။

မိတ်ဆွေအနေနဲ့ Benefit ကို အသုံးပြုလိုတဲ့အခါ သက်ဆိုင်ရာ Brand တွေထဲကို ဝင်ရောက်ပြီး Brand နဲ့ ပတ်သက်တဲ့ သက်ဆိုင်တဲ့ Discount ရာခိုင်နှုန်း၊ အချက်အလက်တွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို မှတ်သားထားပါ။

ဝယ်ယူအသုံးပြုမယ့် နေရာကိုရောက်ရင် မိတ်ဆွေရဲ့ Driver Profile ထဲမှ မိမိရဲ့ Referal Code ကိုပြသပြီး  Discount ကိုခံစားရယူရုံပါပဲ။ ပုံမှာ အနီရောင်ဝိုင်းပြီး ပြသထားပါတယ်။