သတ်မှတ်အချိန်၊ သတ်မှတ်ဧရိယာအတွင်း
သီးသန့်ပို့ဆောင်ဖို့
ကြိုတင်ရွေးချယ်နိုင်တဲ့ Biker Shift

မန္တလေးမြို့အတွင်း သတ်မှတ်ထားတဲ့ ဧရိယာအတွင်း သီးသန့် ပို့ဆောင်ဖို့ ကြိုတင်ရွေးချယ်နိုင်တဲ့ Biker Shift လုပ်ဆောင်ချက်အသစ်ကို စက်တင်ဘာ ၁၇ ရက်က စပြီး မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။  

Biker Shift ဆိုတာ သီးသန့် သတ်မှတ်ဇုံ အတွင်း အစားအသောက်အော်ဒါ ပို့ဆောင်ဖို့အတွက် မိမိ စိတ်ကြိုက်ဇုံနဲ့ အချိန်ကို သီးသန့် ဝန်ဆောင်မှုပေးဖို့ ရွေးချယ်ရတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။

လတ်တလော Biker Shift အတွက် ရွေးချယ်နိုင်မဲ့အချိန်တွေကတော့ 

တနင်္လာနေ့မှ တနင်္ဂနွေနေ့အတွင်း

  •  ညနေ ၅ နာရီမှ ည ၇ နာရီ နဲ့ 
  • ည ၇ နာရီမှ ည ၈ နာရီ   ဖြစ်ပြီး 

 မိမိရဲ့ Grab အက်ပလီကေးရှင်းကတစ်ဆင့် ဝန်ဆောင်မှုပေးလိုတဲ့အချိန်ကို ၃ ရက်အတွင်း ကြိုတင်ရွေးချယ် စာရင်းသွင်းရမှာ ဖြစ်ပါတယ်။

ဒီ Shift အချိန်တွေအတွက် သတ်မှတ်ဇုံ ဧရိယာက ပုံပါအတိုင်း ဖြစ်ပါတယ်။ 

မိမိ စိတ်ကြိုက် ရွေးချယ်ထားတဲ့ Shift အချိန်အတွင်းမှာ သတ်မှတ်ဧရိယာအတွင်းက အော်ဒါတွေကိုပဲ စိတ်ချလက်ချ လက်ခံပို့ဆောင်နိုင်မှာ ဖြစ်ပါတယ်။  

Shift ဘယ်လို ရွေးချယ် အလုပ်လုပ်မလဲ

မိတ်ဖက်တွေအနေနဲ့ မိမိရွေးချယ်ထားတဲ့ Shift အချိန်နဲ့ ဇုံဧရိယာအတိုင်း မဖြစ်မနေ အော်ဒါလက်ခံရယူရမှာပါ။ Shift တွေကို ၃ ရက် ကြိုတင်ရွေးချယ်နိုင်ပြီး Shift အချိန်အလိုက် ပို့ဆောင်သူဦးရေ အကန့်အသတ်ရှိတဲ့အတွက် စောစောရွေးချယ်လေ ကိုယ်လိုချင်တဲ့ Shift အချိန်ကို ရရှိဖို့ သေချာလေ ဖြစ်မှာပါ။  

Shift ပယ်ဖျက်ခြင်း

အကြောင်းကြောင်းကြောင့် ယူထားတဲ့ Shift ကို ပြန်ပယ်ဖျက်ချင်ရင်တော့ Shift မစတင်ခင်၊ ၁ နာရီခွဲ အလိုအထိ ပြုလုပ်နိုင်ပြီး အကောင့်အပေါ် သက်ရောက်မှု တစ်စုံတရာ ရှိမှာမဟုတ်ပါဘူး။

ပျက်ကွက် Shift နဲ့ စည်းကမ်းသတ်မှတ်ချက်များ 

  • Shift ယူထားပြီး အချိန်မတိုင်မီ ပယ်ဖျက်ပေးခြင်းမရှိဘဲ အော်ဒါရယူဖို့ ပျက်ကွက်ခဲ့ရင်
  • Shift တွေမှာ အော်ဒါယူပေမဲ့ အွန်လိုင်းတက် အလုပ်လုပ်ချိန် ၇၀% အောက် ရောက်ခဲ့ရင် 

 ပျက်ကွက် Shift အဖြစ် သတ်မှတ်လိုက်မှာ ဖြစ်ပြီး၊ ၇ ရက်တာအတွင်း ၅ ကြိမ်တိတိ ပျက်ကွက် Shift ဖြစ်ခဲ့ရင် ရှေ့လာမဲ့ ၅ ရက်အတွင်းမှာ Shift ကို  ရယူနိုင်မှာ မဟုတ်ပါဘူး။ 

အောက်ပါအတိုင်း လိုက်နာရင်း ဝင်ငွေကို အမိအရဖန်တီးလိုက်ပါ။

  • မိမိအမှန်တကယ် လုပ်ဆောင်နိုင်တဲ့ Shift အချိန်ကိုပဲ ယူထားပါ။
  • Shift ယူပြီး မလုပ်ဆောင်နိုင်ရင် ၁ နာရီခွဲအလိုမှာ Shift ကို ပြန်ပယ်ဖျက်ပေးပါ။
  • Shift ထဲ လုပ်ဆောင်နေစဉ်မှာ Shift ရယူနိုင်ဖို့ အခွင့်အရေးဆုံးရှုံးနိုင်တဲ့ သတ်မှတ်ချက်တွေကို သတိထားရှောင်ရှားပေးပါ။ 

အက်ပ်အတွင်း Biker Shift ရယူပုံအဆင့်ဆင့် 

Shift ကို ပယ်ဖျက်ရန်အတွက် 

Biker Shift နဲ့ဆို သတ်မှတ်အချိန်နဲ့ သတ်မှတ်ဇုံဧရိယာတစ်ခုတည်းအတွင်းမှာပဲ သီးသန့် ပို့ဆောင်ရမှာဖြစ်လို့  မိမိ စိတ်တိုင်းကျ အော်ဒါ ရွေးချယ်ရယူလို့ ရပြီပေါ့။