Menu

On The Spot Bonus အား မိတ်ဆက်ခြင်း

မိတ်ဆွေတို့ရဲ့ အသံတွေ၊ မိတ်ဆွေတို့ အကြံပြုချက်တွေကို အစဉ်နားထောင်လျက်ရှိလို့ Grab ဟာ မိတ်ဆွေတို့ လိုအပ်လျက်ရှိတဲ့ လုပ်ဆောင်ချက်တစ်ခုကို မိတ်ဆက်ပေးလိုက်ပါပြီ။ ခရီးသည်ရှိရာ Pick Up Point ကို သွားရောက် ခေါ်ဆောင်ခဲ့လို့ အကြောင်အမျိုးမျိုးကြောင့် အလွန်ဝေးကွာတဲ့ နေရာ၊ ကားလမ်းပိတ်တဲ့နေရာတွေကို ကြုံကြိုက်ပြီး သတ်မှတ်ထားတဲ့ ကြာမြှင့်ချိန်ကျော်လွန်သွားရင် ကျော်လွန်သွားတဲ့ မိနစ်အလိုက် မိတ်ဆွေတို့ကို သီးသန့် ငွေပြန်ပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။

Passenger App ထဲမှ ခန့်မှန်းကြာချိန်ကို တွက်ချက် ဖော်ပြသလို မိတ်ဆွေတို့ကိုလည်း ခရီးသည်ကို Pick Up လုပ်ဖို့ သွားရောက်တဲ့အခါ ၁၀ မိနစ်ထက် ပိုပြီး ကြာမြှင့်နိုင်သည့်အချိန်ကို အလိုအလျောက်တွက်ချက်ပြီး On The Spot Bonus အနေနဲ့ ပိုတဲ့မိနစ်တိုင်းအတွက် (တစ်မိနစ် ၈၀ကျပ်နှုန်း) တွက်ချက်ပြီး ပြန်လည်ထည့်သွင်းပေးသွားမှာပါ။ (ဥပမာ ရောက်ချိန် ၁၁ မိနစ် = အပိုဆုကြေး ၈၀ ကျပ် ၊ ရောက်ချိန် ၁၂ မိနစ် = အပိုဆုကြေး ၁၆၀ ကျပ်)

On The Spot Bunus ရရှိဖို့ သတ်မှတ်ထားတဲ့ အချိန်တွေကတော့ လက်ရှိမိတ်ဆွေတို့အတွက် Grab မှ အပိုဆုကြေးပေးတဲ့ Peak Hour နှင့် Offpeak Hour အချိန်များ” ပဲ ဖြစ်ပါတယ်။ ဒီအတွက်လည်း Bonus ငွေကို Passenger ထံမှ ကောက်ခံ စရာမလိုပဲ ခရီးစဉ်ပြီးဆုံးတဲ့အခါ Grab မှ မိတ်ဆွေတို့ Cash Wallet ထဲကို ထည့်သွင်းပေးသွားမှာပါ။

On The Spot Bonus ကိုဘယ်မှာ ကြည့်နိုင်မလဲ?

မိတ်ဆွေတို့အနေနဲ့ Peak Hour နဲ့ Offpeak Hour အချိန်တွေမှာ Pick Up Point သို့ သွားချိန် ၁၀ မိနစ် ကျော်လွန်တဲ့ မိနစ်အလိုက် ရရှိမယ့် On The Spot Bonus ကို ခရီးစဉ်ပြီးဆုံးသွားပါက အဆိုပါခရီးစဉ်ရဲ့ History Tab ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

အမေးများသော မေးခွန်းများ

On The Spot Bonus ကိုဘယ်လိုကြည့်ရှုနိုင်မလဲ?

မိတ်ဆွေတို့အနေနဲ့ ခရီးစဉ်တစ်ခုအတွင်း ပါဝင်တဲ့ On The Spot Bonus အတွက် ထည့်သွင်းပေးတဲ့ ငွေကို Driver App ရဲ့ ဘယ်ဘက် Menu ထဲက History Tab ထဲမှာ ခရီးစဉ်တစ်ကြောင်းချင်းစီအတွက် ရရှိတဲ့ ဝင်ငွေတွေနဲ့အတူကြည့်ရှုနိုင်ပါတယ်။

မေး : On The Spot Bonus ကို ဘယ်သူပေးမှာလဲ?

ဖြေ : ဒီ Bonus ပမာဏကို Grab ကနေ ပေးမှာ ဖြစ်ပါတယ်။ ခရီးသည်ထံကနေ တောင်းခံစရာမလိုပါဘူုး။

မေး : ဘယ်အချိန်မှာ On The Spot Bonus ကိုတွေ့ရမလဲ?

ဖြေ : On The Spot Bonus ကို သတ်မှတ်ကြာချိန်နဲ့ အချိန်အတိုင်း ကိုက်ညီရင် မိတ်ဆွေတို့ ပြီးခဲ့တဲ့ ခရီးစဉ်တွေကို ပြန်ကြည့်တဲ့ History မှာ တွေ့နိုင်မှာ ဖြစ်ပါတယ်။

မေး : On The Spot Bonus ရမယ့် အလုပ်မျိုးကို ကိုယ်တိုင်ရွေးချယ်နိုင်သလား?

ဖြေ : ဒါဟာ သီးခြားပေးတဲ့ Bonus မျိုး ဖြစ်တာကြောင့် အပိုဆုကြေးကို ရရှိနိုင်မယ့် သီးသန့်အလုပ်မျိုးကို ရွေးချယ်ဖို့ မဖြစ်နိုင်ပါဘူး။ သင့်အနေနဲ့ Bonus ရနိုင်တဲ့ အခြေအနေနဲ့ ကိုက်ညီမှသာ Bonus ကို ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

မေး : On The Spot Bonus အတွက် ကော်မရှင် ဖြတ်တောက်မှာလား?

ဖြေ : မဖြတ်ပါဘူး။ Grab အနေနဲ့ On The Spot Bonus အတွက် ကော်မရှင် ဖြတ်တောက်ခြင်းရှိမှာ မဟုတ်ပါဘူး။

မေး : တကယ်လို့ ကျွန်တော့်ရဲ့ Grab Driver app ကို Update မလုပ်ထားရင်ရော ဘောနက်စ် ရရှိပါ့မလား၊

ဖြေ : သင့်အနေနဲ့ Grab Driver app ကို Update မလုပ်ထားရင်တော့ ဒီဘောနက်စ်ကို ရရှိမှာ မဟုတ်ပါဘူး။ ဘောနပ်စ်ရရှိနိုင်ဖို့အတွက် ဖုန်းမှာလည်း Android ဗားရှင်း 5.34.0 / iOS v1.21.0 နဲ့ အထက်လည်း ရှိရမှာပါ။

မေး ဘယ်အချိန်မှာ On The Spot Bonus ကို ရရှိမလဲ? အလုပ်ပြီးတာနဲ့ တစ်ခါထဲ ဝင်လာမှာလား?

ဖြေ : ဟုတ်ပါတယ်။ အလုပ်ပြီးသွားတာနဲ့ On The Spot Bonus ကို အဆိုပါခရီးစဉ်ရဲ့ History ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

မေး : On The Spot Bonus ကို ဘယ်ထဲလွဲပြောင်းပေးမှာလဲ?

ဖြေ: ခရီးစဉ်ပြီးဆုံးသွားတာနဲ့ သင့် Cash Wallet ထဲကို တိုက်ရိုက်လွဲပြောင်းပေးသွားမှာပါ။

မေး : On The Spot Bonus ရနိုင်တဲ့ ခရီးစဉ်ကို ရပြီးမှ Cancel ဖြစ်သွားရင် ဘောနပ်စ်ရဦးမှာလား?

ဖြေ : မရတော့ပါဘူး။ ဘောနပ်စ်ဟာ ခရီးစဉ်ပြီးဆုံးသွားမှသာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

မေး : On The Spot Bonus ကို ဘယ်မှာ ပြန်ကြည့်နိုင်လဲ?

ဖြေ : သင့်အနေနဲ့ Cash Wallet က Transaction History၊ Job History နဲ့ သင့် Partner Statement တွေမှာ ဝင်ရောက် စစ်ဆေးနိုင်ပါတယ်။

မေး : Auto Accept ကို ဖွင့်ထားရင်ရော On The Spot Bonus ကိုရနိုင်ပါ့မလား?

ဖြေ: ရနိုင်ပါတယ်။ On The Spot Bonus ဟာ ခရီးသည်ထံ သွားရောက် Pick Up လုပ်တဲ့ အချိန်ကို တွက်ချက်တာ ဖြစ်လို့ သင် On The Spot Bonus အဆင့်မှီရင် Job History ထဲမှာ ဘောနပ်စ်ကို တွေ့နိုင်မှာ ဖြစ်ပါတယ်။