သင်္ကြန်ကာလအတွင်း ခရီးသည်ကြို၊ ပို့ရန် Point တည်နေရာများ သတ်မှတ်ပေးထားခြင်း

မိတ်ဆွေယာဉ်မောင်းများ မင်္ဂလာနှစ်သစ်ပါ။ သင်္ကြန်ကာလအတွင်း ခရီးသည်တွေကို ခေါ်ဆိုရာမှာ ပိုမိုအဆင်ပြေချောမွေ့စေနိုင်ဖို့အတွက်၊ Grab မှ ခရီးသည်ကြို၊ ပို့လို့ရနိုင်မယ့် နေရာတွေကို သတ်မှတ်ထားပါတယ်။ အဲ့ဒီအပြင် ကားဝင်ရောက်ရာမှာ အဆင်မပြေနိုင်တဲ့ လမ်းတွေကိုလည်း ခရီးသည် တည်နေရာထည့်သွင်းလို့မရအောင် ပိတ်ပေးထားပါတယ်။

ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ ကြို၊ ပို့ တည်နေရာတွေကို ကြည့်ရှုပြီး ခရီးသည်ကို အလွယ်တကူ၊ ပို့ဆောင်နိုင်သလို၊ ပိတ်ထားတဲ့ လမ်းတွေကိုလည်းရှောင်ရှားမောင်းနှင်နိုင်မှာ ဖြစ်တာကြောင့် အောက်မှာ ဖော်ပြထားတဲ့ တည်နေရာတွေကို ကြည့်ရှုထားနိုင်ပါတယ်။ Point တည်နေရာတွေကို အနီရောင် Point  လေးတွေနဲ့ တွေ့မြင်နိုင်ပြီး အပြာရောင် အမှတ်အသား တွေကတော့ Grab Point ထောက်လို့မရအောင် ပိတ်ထားတဲ့ တည်နေရာတွေ ဖြစ်ပါတယ်။ 

ကမာရွတ်၊ စမ်းချောင်းနှင့် လှိုင်မြို့နယ်များ အတွင်းရှိ Grab Point တည်ရှိရာနေရာများ

ပြည်လမ်း နှင့် ပါရမီလမ်းထောင့်
ပြည်လမ်း နှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်
ပြည်လမ်း နှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်

ပြည်လမ်း နှင့် ဗားကရာလမ်းထောင့်

အင်းစိန်လမ်း နှင့် လှည်းတန်းလမ်းထောင့်
အင်းစိန်လမ်း နှင့် ပါရမီလမ်းထောင့်
အင်းစိန်လမ်း နှင့် ရွာမကျောင်းလမ်းထောင့်

ရန်ကင်း၊ ဗဟန်းနှင့် တာမွေမြို့နယ်များရှိ Grab Point တည်ရှိရာနေရာများ

မြကျွန်းသာ လမ်းလျှောက်သင်္ကြန်ပွဲတော်

ကမ္ဘာအေးဘုရားလမ်း နှင့် စက်မှု ၁လမ်းထောင့်
ဆရာစံလမ်း နှင့် စက်မှု ၁လမ်းထောင့်
ဦးချစ်မောင်လမ်း နှင့် ဗိုလ်စိန်မှန်လမ်းထောင့်
အရှေ့မြင်းပြိုင်ကွင်းလမ်း နှင့် လေးထောင့်ကန်လမ်းထောင့်
အရှေ့မြင်းပြိုင်ကွင်းလမ်း နှင့် တောင်မြင်းပြိုင်ကွင်းလမ်း

လသာ၊ ကျောက်တံတားမြို့နယ်များ ရှိ Grab Point များ

အနော်ရထာလမ်း နှင့် လသာလမ်းထောင့်
အနော်ရထာလမ်း နှင့် လမ်းမတော်လမ်းထောင့်
ဗိုလ်ချုပ်အောင်ဆန်းလမ်း နှင့် လမ်းမတော်လမ်းထောင့်
မဟာဗန္ဓုလလမ်း နှင့် လမ်းမတော်လမ်းထောင့်
မဟာဗန္ဓုလလမ်း နှင့် လသာလမ်းထောင့်
မဟာဗန္ဓုလလမ်း နှင့် ဆူးလေဘုရားလမ်းထောင့်

ကန်တော်တော်ကြီးနှင့် ဦးဥတ္တမပန်းခြံတစ်ဝိုက် Grab Point များ

ကန်တော်ကြီးပန်းခြံ လမ်းလျှောက်သင်္ကြန်ပွဲတော် (ကျိုက္ကဆံလမ်း)
ကန်တော်ကြီးပန်းခြံ လမ်းလျှောက်သင်္ကြန်ပွဲတော် (ဗဟန်းလမ်း)
ဦးဥတ္တမပန်းခြံ လမ်းလျှောက်သင်္ကြန်ပွဲတော် (ဦးဝိစာရလမ်း)
ဦးဥတ္တမပန်းခြံ လမ်းလျှောက်သင်္ကြန်ပွဲတော် (ဦးထောင်ဘိုလမ်း)

သာကေတမြို့နယ်အတွင်းရှိ Grab Point များ

ဧရာဝဏ်လမ်းမကြီး နှင့် မင်းနန္ဒာလမ်းထောင့်
ဧရာဝဏ်လမ်းမကြီး နှင့် အနော်မာလမ်းထောင့်

အင်းစိန်မြို့နယ်ရှိ Grab Point များ

လှိုင်မြစ်လမ်း နှင့် ဘုရင့်နောင်လမ်း ထောင့်

ရန်ကုန်တစ်မြို့လုံးတွင် သတ်မှတ်ထားသော Grab Point များ

ဒီလောက်ဆိုရင်တော့ မိတ်ဆွေတို့အနေနဲ့ သင်္ကြန်ကာလအတွင်း Grab ကသတ်မှတ်ပေးထားတဲ့ POI တည်နေရာတွေအတိုင်း  ကြို၊ ပို့မောင်းနှင်ရင်တော့ မိတ်ဆွေအနေနဲ့ ယာဉ်ကြောပိတ်ဆို့တာတွေကို ရှောင်ရှားနိုင်ပြီး ခရီးစဉ်တွေကို အဆင်ပြေစွာ လက်ခံနိုင်မှာပါ။ ခရီးစဉ်တွေတိုင်းမှာလည်း အပိုထပ်ဆောင်းဈေးနှုန်းတွေ သတ်မှတ်ပေးထားတာကြောင့် သင်္ကြန်ကာလအတွက် အော်ဒါတွေများများလက်ခံပြီး ဝင်ငွေတွေပိုမိုရှာဖွေလိုက်ပါ။

ယခုဖော်ပြပါ Point နှင့် တည်နေရာတွေကို မှတ်သားထားပြီးတော့ Point ဖော်ပြရာ မြေပုံတွေကို ဖုန်းထဲမှာ သိမ်းဆည်းထားနိုင်ပါတယ်။ Save လုပ်သိမ်းဆည်းဖို့အတွက် တစ်ပုံချင်းစီကိုဖိထားလိုက်လို့ ပေါ်လာတဲ့ Menu က Download Image/Save Image ဆိုတာကိုနှိပ်ထားလိုက်ရင် ရပါပြီ။