ပိုမိုအဆင်ပြေလာစေမယ့် Google Map Update 

မိတ်ဆွေတို့ရဲ့ Grab App နဲ့ တွဲဖက်အသုံးပြုတဲ့ တည်နေရာပြ App တစ်ခုဖြစ်တဲ့ Google Maps ကို ပိုမိုတိကျစွာ အသုံးပြုနိုင်အောင် ပြုလုပ်နိုင်မယ့်နည်းလမ်းတစ်ခုကို မျှဝေပေးလိုက်ပါတယ်။

နောက်ဆုံးထွက်တဲ့ Google Map Update ဗားရှင်းမှာ ခရီးစဉ်တစ်ခုရရှိတာနဲ့ တည်နေရာပြ (Navigation) ခလုတ်ကိုနှိပ်လိုက်ရင် Map အတွင်းမှာ လမ်းကြောင်းတစ်ခုလုံးရဲ့ အသေးစိတ်တည်နေရာပြတဲ့ နေရာကိုရောက်ရှိသွားမှာ ဖြစ်ပါတယ်။

မိတ်ဆွေတို့အနေနဲ့ အထွေအထူးလုပ်စရာမလိုပဲ ခရီးစဉ်ရရှိလာတဲ့အခါမှာ Navigation ခလုတ်ကိုနှိပ်ပေးလိုက်ရုံပါပဲ။ အဓိကကတော့ Google Map App ဟာ နောက်ဆုံး Update ဖြစ်နေဖို့ပဲလိုပါတယ်။

သာမန်အတိုင်း ခရီးစဉ်တစ်ခုကို လက်ခံပါ။ ခရီးသည်ယာဉ်ပေါ်တက်လာပြီး Pick-up နှိပ်ပြီးနောက်မှာ တည်နေရာပြ App ကို ပုံပါအတိုင်းဖွင့်ပါ။

မိတ်ဆွေရဲ့ Google Map App ကနောက်ဆုံးထွက် Update ဖြစ်နေမယ်ဆိုရင် အထဲဝင်လိုက်တာနဲ့ Google Map မှာ ခရီးစဉ်ရဲ့ လမ်းကြောင်း အသေးစိတ်ကို အောက်ပါအတိုင်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။ မိတ်ဆွေအနေနဲ့ Waze လို အခြား App တွေရဲ့ လုပ်ဆောင်ချက်အတိုင်း Google Map မှာ ရရှိနိုင်မှာပါ။

လုပ်ဆောင်ချက်အသစ်ဖြစ်တဲ့ အသံဖွင့်ထားလိုက်ရင် ခရီးစဉ်လမ်းကြောင်းကို အသေးစိတ် App ကနေ ပြောပြပေးမယ့် လုပ်ဆောင်ချက်လည်းပါဝင်လာမှာပါ။ 

တကယ်လို့မိတ်ဆွေအနေနဲ့ အခြားလမ်းကြောင်းရွေးချယ်လိုတယ်ဆိုရင်လည်း ပြထားတဲ့ အခြားလမ်းကြောင်းတွေကိုလည်း ထောက်ပြီး အခြားလမ်းကြောင်းတွေကို ရွေးချယ်ပြောင်းလဲနိုင်ပါတယ်။

ခရီးစဉ်တည်နေရာရောက်ရှိတဲ့အခါမှာ G Logo ကိုနှိပ်ပြီး မိတ်ဆွေရဲ့ Grab Driver App အတွင်း ပြန်လည်ဝင်ရောက်နိုင်ပြီဖြစ်ပါတယ်။

Google Map update အသစ်ဟာ ယခင်ကလို လမ်းကြောင်းတစ်ခုလုံးကိုဖော်ပြနေတာမျိုးမဟုတ်တော့ပဲ လမ်းကြောင်းရဲ့ အစိတ်အပိုင်းတစ်ခုစီ ဖော်ပြပေးတာဖြစ်တာကြောင့် မိတ်ဆွေတို့ရင်းနှီးပြီးသား Waze App လိုမျိုး အလွယ်တကူတွေ့နိုင်မှာပါ။

Google Map Latest Version Update ဒေါင်းရန် နှိပ်ပါ။